Home သတင်း ပြန်‌ပေးခံရသူ ဘုရားသုံးဆူမြို့ခံများကို ဘတ်‌ငွေ ၅‌သောင်းဖြင့် ‌ရွေးရန် သ‌ဘောတူညီခဲ့

ပြန်‌ပေးခံရသူ ဘုရားသုံးဆူမြို့ခံများကို ဘတ်‌ငွေ ၅‌သောင်းဖြင့် ‌ရွေးရန် သ‌ဘောတူညီခဲ့

1905
‌မေလ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှ ပြန်‌ပေးဆွဲခံရသူ မြို့ခံ ၇ဦးအနက် လက်ရှိ ပြန်‌ပေးအဖွဲ့လက်ထဲတွင် ကျန်သည့် ၅ဦးကို ထိုင်းဘတ်‌ငွေ ၅‌သောင်းဖြင့် ပြန်‌ရွေးရန် ပြန်‌ပေးအဖွဲ့က သ‌ဘောတူလိုက်ပြီဟု ဘုရားသုံးဆူမြို့ရှိ အစိုးရနှင့် နီးစပ်သူတဦးက ‌ပြောသည်။

“ဘတ်ငါး‌သောင်းနဲ့ ပြန်‌ရွေးဖို့ ပြန်‌ပေးအဖွဲ့က လက်ခံလိုက်ပြီလို့ ကြားတယ်။ ပြန်‌ပေးအဖွဲ့က အဲဒီလူ‌တွေရဲ့ ‌ဆွေမျိုးဆီက‌နေတဆင့် ‌တောင်းတယ်‌လေ။ ဒီ‌နေ့ပဲ သူတို့‌တွေ ချိန်းထားကြတယ်။ ချိန်းတဲ့အချိန်‌တော့ မသိရ‌သေးဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြန်‌ပေးသမားများက ပြန်‌ပေးဆွဲထားသည့် လူ ၅ဦး၏ ‌ဆွေးမျိုးများထံတွင် ထိုင်းဘတ်‌ငွေ ၅သိန်းဖြင့် ပြန်‌ရွေးရန် ယမန်‌နေ့က ဖုန်းဖြင့် ဆက်သွယ် အ‌ကြောင်းကြားထားခြင်းဖြစ်သည်။

‌မေလ (၈) ရက်‌နေ့က ‌ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် ပြန်‌ပေးသမားတစ်စုက ဘုရားသုံးဆူမြို့အတွင်း ရပ်ကွက်(၂) ငုဝါလမ်းထိပ်ရှိ ထမင်းဆိုင်တခုတွင် မြို့ခံ ၇ဦးကို ဖမ်းဆီး‌ခေါ်‌ဆောင်သွားကာ ၂ဦး ပြန်လည်လွတ်‌မြောက်လာပြီး ၅ဦးမှာ ပြန်‌ပေးသမားလက်ထဲတွင် ထိန်းသိမ်းခံခဲ့ရသည်။

ဘုရားသုံးဆူမြို့တွင် ယင်းပြန်‌ပေးမှု ဖြစ်ပွားပြီး‌နောက် မြို့ခံလူထုများက မြို့အတွင်း တစုံတရာ ပြဿနာ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ထိတ် လန့်‌နေကြသည်။

‌နောက်ဆုံးရရှိသည့် သတင်းအရ ဘုရားသုံးဆူမြို့ခံများကို ပြန်‌ပေးဆွဲခဲ့သည့်အဖွဲ့သည် (အမည်မသိ) မွန်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ် ‌ကြောင်း အဆိုပါအစိုးရနှင့် နီးစပ်သူက ‌ပြောဆို‌နေကြပြီး မည်သည့်အ‌ကြောင်း‌ကြောင့် ပြန်‌ပေးဆွဲသည်ကိုမူ အတိအကျ မသိရှိရ‌သေး‌ပေ။

ဘုရားသုံးဆူဂွင်တွင် အစိုးရစစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ မြို့လုံခြုံ‌ရေး အပါအဝင် မွန်ပြည်သစ်ပါတီ-NMSP၊ နယ်ခြား‌စောင့်တပ်-BGF, ကရင် ငြိမ်းချမ်း‌ရေး‌ကောင်စီ-KNU/KNLA နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA တို့ လှုပ်ရှားသွားလာလျှက်ရှိပြီး မြို့၏ အတွင်းပိုင်း၌ ပြန်‌ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွား‌လေ့ရှိသည်။