Home ထိပ်တန်းသတင်း မြန်မာ့လူ့အခွင့်အ‌ရေး ဆက်လက် ချိုး‌ဖောက်မှုND-Burma ‌ထောက်ပြ

မြန်မာ့လူ့အခွင့်အ‌ရေး ဆက်လက် ချိုး‌ဖောက်မှုND-Burma ‌ထောက်ပြ

1641
‌မေလ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာနိုင်ငံ၏ ဒီမိုက‌ရေစီအကူးအ‌ပြောင်းကာလတွင် လူ့အခွင့်အ‌ရေးများ ဆက်လက်ဖြစ်‌ပေါ်‌နေ‌ကြောင်း ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် လူ့အခွင့်အ‌ရေးလှုပ်ရှားအဖွဲ့(၁၃)ဖြင့် ဖွဲ့စည်းထားသည့် လူ့အခွင့်အ‌ရေးမှတ်တမ်းကွန်ယက်-မြန်မာနိုင်ငံ(ND-Burma) မှ ယမန်‌နေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

The Network for Human Rights Documentation-Burma (ND-Burma) က မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်အစိုးရ အုပ်ချုပ်‌ရေး ကာလ ၂၀၁၁ခုနှစ်၊ မတ်လမှ ၂၀၁၂ခုနှစ်အထိ တနှစ်တာအတွင်း မြန်မာနိုင်ငံတွင် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ-USDP ဦး‌ဆောင်သည့် အစိုးရနှင့် အစိုးရ ‌ထောက်ခံသူများက လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု ၄၁၅ခု ရှိသည်ဟု ‌ထောက်ပြထားသည်။

အဆိုပါ အစီရင်ခံစာအရ ညှင်းပမ်းနှိပ်စက်မှုဖြစ်ရပ် ၈၅ခု အပါအဝင် အတင်းအဓမ္မလုပ်အား‌ပေး ခိုင်း‌စေမှု ဖြစ်ရပ် ၅၉ခုနှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများ သိမ်းယူခြင်း၊ ဖျက်ဆီးခံရခြင်းဖြစ်ရပ် ၁၁၄ခု စုစု‌ပေါင်း ၅၁၄ခုဖြစ်‌ကြောင်း ‌ထောက်ပြထားခြင်းဖြစ်သည်။

“လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု ဆက်လက် ဖြစ်‌နေတာက‌တော့ မြန်မာနိုင်ငံရဲ့ ‌နေရာအသီးသီး‌လောက်ပါပဲ။ အခု ကျမတို့ ‌ကောက်ထားတဲ့ စစ်တမ်းအရက‌တော့ ညှင်းပမ်းနှိပ်စက်မှုက လက်ရှိ ကချင်နဲ့ သျှမ်း‌ဒေသမှာ၊ ပုဂ္ဂိလကပိုင် လယ်ယာသိမ်း ပစ္စည်းသိမ်းက‌တော့ တနသင်္ာရီ တိုင်းမှာ၊ ‌နောက် အဓမ္မခိုင်း‌စေမှုက‌တော့ သျှမ်း‌ဒေသမှာ အများဆုံးပါတယ်။”ဟု ND-Burma မှ ‌ပြောခွင့်ရသူ မွန်း‌နေလီက ‌ကေအိုင်စီသို့ ‌ပြောသည်။

တဆက်တည်း၌ပင် ND-Burma မှ စီမံခန့်ခွဲ‌ရေး ဘုတ်အဖွဲ့ဝင်တဦးဖြစ်သူ နိုင်ဦးမွန်ကလည်း “မြန်မာနိုင်ငံရဲ့ လူ့အခွင့်အ‌ရေးအ‌ခြေအ‌နေ တိုးတက်ဖို့ မဆိုသ‌လောက်ပဲ ရှိပါ‌သေးတယ်။ တိုင်းပြည်ရဲ့ အ‌ရေးကြီးတဲ့ ‌ပြောင်းလဲမှုကာလမှာ အစိုးရ လုပ်သင့်တာက တရားဥပ‌ဒေစိုးမိုး မှု ‌ပေါ်ထွန်းဖို့ ဖြစ်ပါတယ်။”ဟု အကြံပြု ‌ထောက်ပြထားသည်။

လူ့အခွင့်အ‌ရေး ‌စောင့်ကြည့်‌လေ့လာ‌ရေးနှင့်ပတ်သက်၍ လွတ်လပ်စွာ လုပ်‌ဆောင်နိုင်ခြင်း မရှိသည့်‌သေးသည့်အ‌ပေါ် မြန်မာတနိုင်ငံလုံး အတွင်း ဖြစ်ပွားလျှက်ရှိသည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများအား ကိုယ်စားပြုထင်ဟပ်ခြင်း မရှိသည်ကို သတိချပ်‌စေလို‌ကြောင်းလည်း ND-Burma ၏ အစီရင်ခံ နိဂုံးချုပ်တွင် ‌ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ လူ့အခွင့်အ‌ရေးအဖွဲ့များအ‌နေဖြင့် လူ့အခွင့်အ‌ရေး မှတ်တမ်းပြုခြင်းလုပ်ငန်းတွင် ပူး‌ပေါင်းပါဝင် ‌ဆောင်ရွက်‌ရေးအတွက် ရည် ရွယ်၍ လူ့အခွင့်အ‌ရေးမှတ်တမ်းကွန်ယက်-မြန်မာနိုင်ငံ(ND-Burma)ကို ၂၀၀၃ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

လက်ရှိ ND-Burma အဖွဲ့ဝင်များမှာ မြန်မာ့အ‌ရေးရာ(BI)၊ လူ့အခွင့်အ‌ရေးမှတ်တမ်းတင်ဌာန(HRDU)၊ လူ့အခွင့်အ‌ရေးမှတ်တမ်းတင်ဌာန-မြန်မာနိုင်ငံ(HREIB)၊ Earth Right International(ERI)၊ ချင်းလူ့အခွင့်အ‌ရေးအဖွဲ့(CHRO)၊ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)၊ ပ‌လောင်အမျိုးသမီးအစည်းအရုံး(PWO)၊ တအာင်း‌ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(TSYO)၊ လားဟူအမျိုးသမီးအ စည်းအရုံး(LWO)၊ မွန်လူ့အခွင့်အ‌ရေး‌ဖောင်‌ဒေးရှင်း(HURFOM)၊ နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း-မြန်မာနိုင်ငံ (AAPP)၊ ရခိုင်ပြည်လုံးဆိုင်ရာ ‌ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး(AASYC)၊ ရိုးမ-၃ သတင်းဌာန (Yoma-3)တို့ ဖြစ်ကြသည်။