Home သတင်း KNU ၏ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် DKBA သုံးသပ်ချက်ထုတ်ပြန်

KNU ၏ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် DKBA သုံးသပ်ချက်ထုတ်ပြန်

2059
ဇန်နဝါရီ ၄ရက်၊ ၂၀၁၂။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU သည် မြန်မာ အစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးရာတွင် ရိုးသား ပွင့်လင်းမှုအ‌ပေါ် အ‌ခြေခံပြီး သ‌ဘောထားမှန်ကန် ဖို့လို‌ကြောင်း တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် DKBA ကလို့ထူး‌ဘောဌာနချုပ်မှ သုံးသပ်ချက်တစ်‌စောင် ဇန်နဝါရီလ ၂ရက်‌နေ့က ထုတ်ပြန်ခဲ့သည်။

KNU သည် ယခုလ ၁၂ရက်‌နေ့တွင် အစိုးရနှင့် မ‌တွေ့မီ အကြံပြု စာများကို ကမ္ဘာတဝှမ်းရှိ ကရင်များထံမှ ‌တောင်းဆိုခဲ့သည့်အ‌ပေါ် ၎င်းတို့ဘက်မှလည်း ထင်မြင်ယူဆချက်ကို အကြံဉာဏ်‌ပေး သည့်အ‌နေဖြင့် ယခုလို သုံးသပ်ချက်စာ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု DKBA ‌ပြောခွင့်ရ နိုင်ငံခြား‌ရေးတာဝန်ခံ ဗိုလ်မှူး‌စောလုံ့လုံက ‌ပြောသည်။

“အခု အ‌ခြေအ‌နေက‌တော့ စုစည်းတဲ့အချိန် ဖြစ်တာ‌ကြောင့်မို့လို့ KNU အ‌နေနဲ့ သွား‌ဆွေး‌နွေးမှာက ‌ကောင်းမွန်တဲ့ ‌ခြေလှမ်းတစ်ရပ် ‌ပေါ့။ နိုင်ငံ‌ရေးအရ အ‌ခြေအ‌နေ‌ပေးရင် ‌ပေးသလာလို ကစား(‌ဆွေး‌နွေး)တဲ့အတွက် ‌ကောင်းတဲ့ လုပ်ရပ်တစ်ခုပဲလို့ မြင်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကလို့ထူး‌ဘော DKBA ၏ သုံးသပ်ချက်ထဲတွင် KNU သည် မြန်မာအစိုးရ ကိုယ်စားလှယ်များနှင့် ၂၀၁၁ခု နှစ်ကုန်ပိုင်းတွင် သုံးကြိမ် ‌တွေ့ဆုံခဲ့ပြီး အဖွဲ့ဝင် ၇ဦးပါသည့် ငြိမ်းချမ်း‌ရေး‌ကော်မတီကို ဖွဲ့စည်းခဲ့‌သော်လည်း ယခင် ဒီဇင်ဘာလနှင့် ယခုလ ဇန်နဝါရီအထိ KNU ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)အတွင်းရှိ တပ်များမှာ အစိုးရတပ်စခန်းများကို ၃ကြိမ်တိုက်ခိုက်ခဲ့‌ကြောင်း ‌ထောက်ပြထား သည်။

“အစိုးရရဲ့ လုပ်ဟန် မရိုးသားဘူး ‌ပြော‌နေပြီး‌တော့ မိမိ(KNU)လုပ်ဟန်‌ကော ရိုးသားမှုရှိလားဆိုတာ မှန်မှန်ကန်ကန် သုံးသပ်ဖို့ လိုပါ လိမ့်မယ်။ ယ‌နေ့ KNU သွား‌နေတဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ဟာ မရှင်းလင်းဘဲ ဖြစ်‌နေတယ်။ ကျ‌နော်တို့က အစိုးရနဲ့ ‌တွေ့ဆုံ‌ဆွေး ‌နွေးပြီး ပထမအဆင့် အပစ်အခတ် ရပ်စဲ‌ရေးကို ‌ဆောင်ရွက်ခဲ့ကြတယ်။”ဟု ဗိုလ်မှူးချုပ်‌စောလားပွယ်က ‌ကြေညာချက်တွင် ‌ပြောဆို ထားသည်။

DKBA ၏ သုံးသပ်ချက်တွင် ယမန်နှစ် ဒီဇင်ဘာ ၂ရက်က KNU တပ်ရင်းမှူး‌နေ‌စေး ဦးစီးသည့် တပ်ရင်း(၁၀၃)အဖွဲ့သည် စုကလိနှင့် စခန်းသစ်‌နေရာကြား၊ ဒီဇင်ဘာ ၂၉ရက်က တပ်ရင်းမှူးလှမင်းဦးစီး‌သော တပ်မဟာအထူးတပ်ရင်းအဖွဲ့သည် ‌သေ့‌ဘောဘိုးနှင့် ဘလဲ့ဒိုကြား‌နေရာ၊ ယခုလ ၁ရက်‌နေ့တွင် တပ်ရင်းမှူးဘူး‌ဖော ဦးစီး‌သော (၂၀၁)တပ်ရင်းအဖွဲ့သည် ဘုရင့်‌နောင်စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ‌ဖော်ပြထားသည်။

KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “တိုက်ပွဲနဲ့ပတ်သက်လို့‌တော့ ဒီရက်ပိုင်းအတွင်း ကျ‌နော်တို့ဆီကို ‌အောက်‌ခြေ က တရားဝင် သတင်းပို့လာတာ မရှိ‌သေးဘူး။ ဖြစ်ခဲ့တယ်ဆိုလည်း မိမိရှင်သန်မှုအတွက် တိုက်ရတာပဲဖြစ်မယ်။ ကျ‌နော်တို့ဘက်က ‌တော့ ‌အောက်‌ခြေအားလုံးကို ညွှန်ကြားထားတာပဲ။ အစိုးရဘက်က သမ္မတရဲ့ ညွှန်ကြားချက်‌တောင် ‌နေရာတိုင်း မ‌ရောက်တာ‌တွေ ရှိ‌နေတာမို့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရှိ‌အောင် ကြိုးစား‌နေချိန်မှာ ကျ‌နော်တို့ဘက်ကလည်း မဖြစ်သင့်တာ မဖြစ်ရ‌အောင် တား ဆီးသွားရမှာပဲ။”ဟု ‌ပြောဆိုသည်။

DKBA သည် ၁၉၉၄ခုနှစ်က ‌ကေအဲန်ယူမှ ခွဲထွက်ကာ မြန်မာအစိုးရနှင့် ပူး‌ပေါင်းခဲ့သည့် တပ်ဖွဲ့ဖြစ်ပြီး အများစုမှာ ၂၀၁ဝခုနှစ်၊ ဩ ဂုတ်လက နယ်ခြား‌စောင့်တပ်အသွင် ‌ပြောင်းလဲခဲ့‌သော်လည်း ဗိုလ်မှူးချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် DKBA ကလို့ထူး‌ဘောဗျူ ဟာမှာ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်ကာ မြန်မာအစိုးရကို ပြန်လည် ခုခံတိုက်ခိုက်ခဲ့သည်။

သို့‌သော် ဗိုလ်မှူးချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် ကလို့ထူး‌ဘော DKBA တပ်ဖွဲ့သည် ဦး‌အောင်‌သောင်း ‌ခေါင်း‌ဆောင်‌သော ပြည် ‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေးအဖွဲ့နှင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်‌နေ့က ကရင်ပြည်နယ် ဘားအံမြို ့၌ နှစ်ဦးနှစ်ဖက်မှ သ‌ဘောတူညီချက် ၆ချက်ဖြင့် လက်မှတ်‌ရေးထိုးခဲ့ကြပြီး‌နောက်ပိုင်း KNU ၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ပေါ် သုံးသပ်ချက်ကို ပထမ ဆုံးအကြိမ် တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။