Home ထိပ်တန်းသတင်း လွှတ်‌တော်အတွက် တိုင်းရင်းသားပါတီများ ပြင်ဆင်‌နေ

လွှတ်‌တော်အတွက် တိုင်းရင်းသားပါတီများ ပြင်ဆင်‌နေ

1586
ဩဂုတ်လ ၃ရက်။ (‌ကေအိုင်စီ)

လာမည့် ဩဂုတ်လ ၂၂ရက်‌နေ့တွင် ‌နေပြည်‌တော်ရှိ လွှတ်‌တော်အစည်းအ‌ဝေးခမ်းမများ၌ ကျင်းပမည့် ယခုနှစ် ဒုတိယအကြိမ် ပုံမှန် လွှတ်‌တော်အစည်းအ‌ဝေး၌ တင်ပြမည့် အချက်များအတွက် ယခုရက်ပိုင်းအတွင်း တိုင်းရင်းသားပါတီများ ပြင်ဆင်‌ဆွေး‌နွေး ‌နေကြသည်။

ပထမအကြိမ် လွှတ်‌တော်အစည်းအ‌ဝေး၌ တင်ပြခွင့်မရခဲ့သည့် အချက်အလက်များ ပယ်ချခံထားရသည့်အချက်များကို ယခုလာ မည့် လွှတ်‌တော်တွင် ဆက်လက် တင်ပြသွားရန် တိုင်းရင်းသား လွှတ်‌တော်ကိုယ်စားလှယ်များ ပြင်ဆင်‌နေခြင်းဖြစ်သည်။

၎င်းလွှတ်‌တော်အစည်းအ‌ဝေးတွင် ဝန်ကြီးဌာနများအလိုက် ‌ရေးဆွဲထားသည့် ဥပ‌ဒေမူကြမ်းများကို အတည်ပြုတာ အပါအဝင် ပြည် တွင်းငြိမ်းချမ်း‌ရေးနှင့် ဆင်းရဲမွဲ‌တေမှု ‌လျှော့ချ‌ရေးများကို ‌ဆွေး‌နွေးသွားမည်ဟု လွှတ်‌တော်ကိုယ်စားလှယ်များက ‌ပြောဆိုသည်။

မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ ဥက္ကဌ နိုင်‌ငွေသိန်းက “အရင်က တင်ပြတာ ပယ်ချခံထားရတာ‌တွေရှိတယ် အဲဒါ‌တွေကို ဆက် တင်ပြသွားမယ်၊ တင်ပြစရာ‌တွေကို‌တော့ တင်ပြသွားမှာပဲ။ ပယ်ရင်လည်း ‌နောက်ထပ် ထပ်တင်အုံးမှာပဲ။”ဟု ‌ပြောသည်။

ယခုလာမည့် ဒုတိယအကြိမ် လွှတ်‌တော်အစည်းအ‌ဝေးအတွက် တင်ပြမည့် အ‌ကြောင်းအရာများ ပြင်ဆင်‌နေပြီးဟု သူက ‌ပြောဆို ‌သော်လည်း အ‌သေးစိတ်ကိုမူ ရှင်းပြခဲ့ခြင်း မရှိ‌ပေ။

ဖလုံ-စ‌ဝေါ်ပါတီမှ အမည်မ‌ဖော်လိုသူ အမတ်တစ်ဦးက “ကိုယ့်ပြည်နယ်အတွင်း လိုအပ်ချက်‌တွေ ပြည်နယ်အစိုးရက လုပ်‌ဆောင်ဖို့ တင်ပြလို့မရရင် အထက်ကိုပဲ တရားဝင် ဆက်လက် တင်ပြသွား‌တော့မယ်။”ဟု ဆိုသည်။

အချို့‌သော နိုင်ငံ‌ရေးပါတီများက ယခင် လွှတ်‌တော်အစည်းအ‌ဝေးတွင် တင်ပြခဲ့သည့် အ‌ကြောင်းအရာများကို ကြိုတင် ထုတ်‌ဖော်ခဲ့ ခြင်း‌ကြောင်း လွှတ်‌တော်မှာ ပယ်ချခံရသည်ဟုဆိုပြီး လာမည့်လွှတ်‌တော်အတွက် တင်ပြမည့် အ‌ကြောင်းအရာများကို ထုတ်‌ဖော် ‌ပြောဆိုရန် ပါတီများက ငြင်းဆို‌နေကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အမျိုးသားလွှတ်‌တော်၊ ပြည်သူ့လွှတ်‌တော်နှင့် ပြည်‌ထောင်စုလွှတ်‌တော် ပုံမှန်အစည်းအ‌ဝေးများကို လာမည့် ဩဂုတ်လ ၂၂ ရက်‌နေ့၌ ကျင်းပသွားမည်ဖြစ်‌ကြောင်း ဩဂုတ်လ ၁ရက်‌နေ့ထုတ် အစိုးရထုတ် သတင်းစာတွင် ‌ဖော်ပြထားသည်။

ထို့အပြင် လွှတ်‌တော်ကိုယ်စားလှယ်များအ‌နေဖြင့် အစည်းအ‌ဝေးတက်ရန် ဖိတ်စာများရသည်ဖြစ်‌စေ၊ မရသည်ဖြစ်‌စေ ‌နေပြည် ‌တော်လွှတ်‌တော်ရုံးသို့ ယခုလ ၁၈ရက်နှင့် ၁၉ရက်အတွင်း သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ် အသိအမှတ်ပြုလွှာ၊ စိစစ်‌ရေးကဒ် ပြားတို့ကိုပါ ယူ‌ဆောင်လာကြရန် ယမန်‌နေ့ညက မြန်မာ့ရုပ်မြင်သံကြားတွင် နှိုး‌ဆော်ထားသည်။

ယခုလ လွှတ်‌တော်အစည်းအ‌ဝေးသည် ဇန်နဝါရီလကုန်ပိုင်းက ကျင်းပခဲ့သည့် လွှတ်‌တော်သုံးရပ် အစည်းအ‌ဝေးအပြီး ထပ်မံ ပြု လုပ်သည့် ဒုတိယ ပုံမှန် အစည်းအ‌ဝေးဖြစ်သည်။

ဇူလိုင်လ ၂၇ ရက်‌နေ့က ‌ရွေး‌ကောက်ပွဲ ကျင်းပ‌ရေး ‌ကော်မရှင်နှင့် ‌ရွေး‌ကောက်ပွဲဝင် နိုင်ငံ‌ရေးပါတီများ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့စဉ်က ညီ‌နောင်ငါးပါတီဖြစ်ကြသည့် ရခိုင်၊ ရှမ်း၊ ချင်း၊ မွန်နဲ့ ကရင်ပါတီတို့က အပစ်ခတ် ရပ်စဲ‌ရေးအတွက် ငြိမ်းချမ်း‌ရေး ‌ကော်မတီတခု ဖွဲ့ စည်းရန် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် ဥက္ကဋ္ဌ ဦးတင်‌အေးကို တင်ပြခဲ့ပြီး ထိုကိစ္စအတွက် လွှတ်‌တော်၌ပင် ‌ဆွေး‌နွေးကြရန် တုံ့ပြန်ခဲ့ သည်။