Home ထိပ်တန်းသတင်း တနသင်္ာရီမြစ်‌ရေကြီး၍ စာသင်‌ကျောင်း ၁၅‌ကျောင်း ပိတ်ထားရ

တနသင်္ာရီမြစ်‌ရေကြီး၍ စာသင်‌ကျောင်း ၁၅‌ကျောင်း ပိတ်ထားရ

1796
ဩဂုတ်လ ၃ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း‌ဒေသကြီး၊ တနသာင်္ရီမြို့အတွင်းနှင့် နီးစပ်ရာရွာများမှ အလယ်တန်းနှင့် မူလတန်းအဆင့် စာသင်‌ကျောင်း ၁၅ ‌ကျောင်းမှာ တနသာင်္ရီမြစ်‌ရေကြီးမှု‌ကြောင့် ‌ကျောင်းသူ‌ကျောင်းသားများ သွားလာ‌ရေးခက်ခဲကာ ဩဂုတ်လ ၁ရက်‌နေ့က ယာယီ ‌ကျောင်းပိတ်ထား‌ကြောင်း ထို‌ဒေသမှလာသည့် သတင်းများအရ သိရသည်။

အဆိုပါမြစ်‌ရေသည် ဇူလိုင်လ ၃ဝရက်‌နေ့မှ စတင် မြင့်တက်လာခြင်းဖြစ်ပြီး တနသင်္ာရီမြစ် အ‌နောက်ဘက်ရှိ တနသင်္ာရီမြို့အ တွင်းရှိ ရပ်ကွက်များနှင့် ‌ကျေးရွာ ၃ရွာကိုပါ ‌ရေနှစ်မြှုပ်သွားသည့်အပြင် တနသင်္ာရီမြို့နယ်အတွင်းရှိ အလယ်တန်း‌ကျောင်း ၁ ‌ကျောင်း၊ တွဲဘက်အလယ်တန်း‌ကျောင်း ၂‌ကျောင်းနှင့် မူလတန်း‌ကျောင်း ၁၂‌ကျောင်း အပါအဝင် စုစု‌ပေါင်း ၁၅‌ကျောင်း ‌ရေနစ် မြုပ်ခဲ့သဖြင့် ထို‌ကျောင်းများကို ပိတ်လိုက်ရခြင်းဖြစ်‌ကြောင်း ‌ဒေသခံတစ်ဦးက ‌ပြောသည်။

သူက “မြစ်‌ရေက တက်လာ‌တော့ မြို့ထဲအထိ ‌ရေတက်လာတယ်။ ဒါ‌ကြောင့် က‌လေး‌တွေ ‌ကျောင်းတက်‌ကျောင်းဆင်း သွားလာ‌ရေး မ‌ကောင်း‌တော့ ‌ကျောင်း‌တွေကို ပြီးခဲ့တဲ့ တနလင်္ာ‌နေ့ကတည်းက ယာယီပိတ်ထားတယ်။ ခန့်မှန်း‌ခြေက‌တော့ တစ်ပတ် နှစ်ပတ်‌လောက် ကြားမယ်ထင်တာပဲ။ အဲဒီ‌ကျောင်း‌တွေအားလုံးက အစိုးရ‌ကျောင်း‌တွေပဲ‌လေ။”ဟု ‌ပြောသည်။

လက်ရှိအချိန်တွင် အာဏာပိုင်များက ‌ချောင်းကြီး၊ ‌ချောင်းငယ်ရပ်ကွက်များ၊ ဆင်‌ခြေဖုံး‌ကျေးရွာအုပ်စု၊ သမုတ်‌ချောင်း‌ကျေးရွာ အုပ်စုနှင့် လယ်ပြင်‌ကျေးရွာအုပ်စုရှိ အိမ်‌ထောင်စု ၂၄၁စုမှ လူဦး‌ရေ ၁၄၃၉ဦးကို နီးစပ်ရာ ‌ဆွေမျိုးအိမ်များနှင့် ဘုန်းကြီး ‌ကျောင်း၊ စာသင်‌ကျောင်းများတွင် ‌ပြောင်း‌ရွှေ့‌နေရာချထား‌ကြောင်း မြို့နယ်ရဲဌာန၏ သတင်း‌ပေးပို့ချက်အရ သိရသည်။

အဆိုပါ ‌ရေ‌ဘေးဒုက္ခသည်များအတွက် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်၊ ကြက်‌ခြေနီ၊ မိခင်နှင့် က‌လေး‌စောင့်‌ရှောက်‌ရေး အဖွဲ့ဝင်များနှင့် အမျိုးသမီး‌ရေးရာ အဖွဲ့ဝင်များမှ အသက်ကယ်‌လှေ ၅၄စီးဖြင့် ကယ်ဆယ်‌ရေးနှင့် ‌နေရာချထား‌ရေးလုပ်ငန်းများကို ‌ဆောင်ရွက်ထား‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် နှစ်ရက်က တနသင်္ာရီမြို့တွင်းအပြင် မြို့အ‌နောက်ဖက်ရှိ ‌ကျေးရွာများဖြစ်‌သော ‌ညောင်ပင်ကွီး၊ သ‌ဘောလဲ့ကြီး၊ ဘန့် လမု‌ကျေးရွာများတွင်လည်း မြစ်‌ရေတက်ကာ ‌ရေနှစ်မြှုပ်ခဲ့ရာ အိမ်‌ခြေ ၉၄အိမ်၊ အိမ်‌ထောင်စု ၁၀၁၄စုနှင့် လူဦး‌ရေ ၆၅၈၆ဦး ‌ရေ‌ဘေးသင့်ခဲ့ပြီး ယ‌နေ့အထိ မြစ်‌ရေ ထပ်မံမြင့်တက်လာခြင်း‌ကြောင့် တနသင်္ာရီမြို့နယ်တွင်း ရပ်ကွက် ‌ကျေးရွာအုပ်စုများမှ အိမ်‌ခြေ ၁၆၆၁အိမ်၊ မိသားစု ၁၈၀၇စုမှ လူဦး‌ရေ ၁၀၂၃၂ဦး ‌ရေ‌ဘေးဒုက္ခသည်များ ဖြစ်‌နေရသည်။

Photo-KIC (‌နွေရာသီတွင် နယ်စပ်ရှိ တနသင်္ာရီမြစ်‌ကြောတစ်‌နေရာ)

‌ဒေသခံတစ်ဦးက “တနသင်္ာရီမြို့မှာက ရပ်ကွက် ၄ခုရှိတယ်။ ‌ချောင်းကြီး၊ ‌ချောင်းငယ်၊ ‌ရွှေလိပ်ပြာနဲ့ ပဉ်စင်း‌တောင်ရပ်ကွက်‌တွေ ပဲ။ အဲဒီရပ်ကွက်‌တွေအပြင် အနီးအနားက ‌ညောင်ပင်ကွီး၊ သ‌ဘောလဲ့ကြီး၊ ဘန့်လမုရွာ‌တွေလည်း အကုန်လုံး ‌ရေမြုပ်ကုန် တယ်။ ‌ရေက တဖြည်းဖြည်းနဲ့ တက်လာ‌တော့ အခုဆို ‌ချောင်းကြီးနဲ့ ‌ချောင်းငယ်မှာ ‌ရေပြင်အမြင့်က ၈‌ပေက‌နေ ၉‌ပေအထိ ရှိတယ်။”ဟု ‌ပြောဆိုသည်။

အမှတ်(၁) ‌ရွှေလိပ်ပြာရပ်ကွက်၊ အမှတ်(၂)က ပုစဉ်း‌တောင်ရပ် ကွက်၊ အမှတ်(၃)က ‌ချောင်းကြီးရပ်ကွက်၊ အမှတ်(၄)က ‌ချောင်းငယ်ရပ်ကွက်များရှိသည့် တနသင်္ာရီမြို့သည် မြစ်၏ အ‌နောက်ဘက်တွင် တည်ရှိပြီး ယ‌နေ့အထိ မြစ်‌ရေသည် သာမန် ‌ရေမျက်နှာပြင်အထက် ၂၄‌ပေ၊ ၃လက်မ ‌ရောက်ရှိ‌နေသလို စိုးရိမ်‌ရေမှတ် ‌ကျော်လွန်၍ ဝ.၃ လက်မသို့ ‌ရောက်ရှိ‌နေသည်။

ဩဂုတ်လ ၂ရက် တိုင်းထွာချက်အရ တနသင်္ာရီတိုင်း‌ဒေသကြီး၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံး အပူချိန်မှာ ၂၈မှ ၂၄စင်တီဂရိတ်ဖြစ် ပြီး ရွာရန် ၁၀ဝရာခိုင်နှုန်းရှိ‌ကြောင်း မိုး‌လေဝသနှင့် ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သလို မြန်မာ့ကမ်းရိုး တန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်‌လေပြင်းကျကာ လှိုင်းကြီးနိုင်ပြီး ‌နောက်နှစ်ရက်အတွင်း မုတ်သုန်‌လေ ဆက်လက်အား‌ကောင်းမည်ဖြစ်‌ကြောင်း ယ‌နေ့ထုတ် ‌ကြေးမုံသတင်းစာ၌ ခန့်မှန်း‌ဖော်ပြထားသည်။