Home ထိပ်တန်းသတင်း တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်‌ရေး ‌မျှော်လင့်ချက်နည်းဟု UNFC ‌ပြော

တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်‌ရေး ‌မျှော်လင့်ချက်နည်းဟု UNFC ‌ပြော

1490
ဩဂုတ်လ ၂ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲ‌ရေး ပြုလုပ်ရန် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့-KIO ၏ ‌တောင်းဆိုမှုကို အစိုးရဘက်မှ လိုက်‌လျောမည်မဟုတ်ဟု ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ-UNFC အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး နိုင်ဟံ သာက ‌ပြောကြားလိုက်သည်။

“အစိုးရက ကချင်အဖွဲ့ကိုပဲ ဒီလို‌တွေ့တာ နည်းပရိယာယ်တမျိုးပဲ။ တကယ်လို့ ကချင်နဲ့သာ အပစ်အခတ်ရပ်‌ရေး သ‌ဘောတူညီမှု ရရင် ကရင်၊ ကရင်နီ၊ ရှမ်း စတဲ့ တိုင်းရင်းသား လက်နက်ကိုင်‌တွေကို ဖိတိုက်မယ့် သ‌ဘောပဲ။”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဩဂုတ်လ ၁ရက်‌နေ့က ကချင်ပြည်နယ် ဗန်း‌မော်ခရိုင်၊ ‌ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ရွာ၌ KIO နှင့် မြန်မာအစိုးရ ကိုယ်စား လှယ် ပြည်နယ်အာဏာပိုင်များ ထပ်မံ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် အပစ်အခတ်ရပ်စဲ‌ရေးကိစ္စနှင့် ပတ်သက်၍ ထူးခြားသည့် ရလာဒ် တစုံတရာ ‌ပေါ်ထွက်မလာခဲ့‌ပေ။

လက်ရှိ မြန်မာအစိုးရ၏ အ‌နေအထားမှာ ပြည်နယ်အစိုးရအဆင့်၌ လုပ်ပိုင်ခွင့်တမျိုးနှင့် ဗဟိုအစိုးရအဆင့်၌ လုပ်ပိုင်ခွင့်တမျိုး ဖြစ် ‌နေသည့်အတွက် အစိုးရနှင့် ‌ကေအိုင်အိုကြား ‌ဆွေး‌နွေးမှုသည် ယခုကဲ့သို့ အကျိုးသက်‌ရောက်မှု နည်းသွားရခြင်း ဖြစ်သည်ဟု လည်း ၎င်းက ‌ထောက်ပြသည်။

‌ဆွေး‌နွေးပွဲတွင် KIO ဘက်မှ ကချင်လွတ်လပ်‌ရေး တပ်မ‌တော်(KIA) ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်‌မော် ဦး‌ဆောင်သည့်အဖွဲ့၊ မြန် မာအစိုးရဘက်မှ ကချင်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်း‌အောင် ဦး‌ဆောင်သည့်အဖွဲ့နှင့် ကချင်အ တိုင်ပင်ခံ‌ကောင်စီ ဥက္ကဋ္ဌ ဦးဆင်ဝါး‌နောင်တို့ ပါဝင်သည်။

၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIO သည် ၁၉၉၄ခုနှစ်မှ စ၍ စစ်အစိုးရနှင့် ၁၇နှစ်ကြာ ငြိမ်းချမ်း‌ရေးသ‌ဘောတူညီချက်ရပြီး ‌နောက် ယခုနှစ် ဇွန်လ ၉ ရက်‌နေ့တွင် ငြိမ်းချမ်း‌ရေး သ‌ဘောတူညီချက် ပျက်ပြားကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများ‌ကြောင့် ‌နေရပ်ကို စွန့်ခွာထွက်‌ပြေးသူ ဒုက္ခသည်‌ပေါင်း နှစ်‌သောင်းခန့်ရှိ‌ကြောင်း ကချင်စစ်‌ပြေးဒုက္ခသည်များ ကူညီကယ်ဆယ်‌ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

KIO သည် ၂၀၁၁ ခုနှစ် ‌ဖေ‌ဖော်ဝါရီလလယ်က ဖွဲ့စည်းခဲ့‌သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၁၂) ဖွဲ့ပါဝင်သည့် UNFC တွင် ပါဝင်ပြီး အဆိုပါအဖွဲ့ကို ‌မေလအတွင်း၌ အဖွဲ့(၆)ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ရာတွင်လည်း အမာခံအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

UNFC ၏ နိုင်ငံ‌ရေး ဦးတည်ချက်မှာ အမျိုးသားတန်းတူ‌ရေးနှင့် ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်‌ရေးဖြစ်ပြီး ၎င်းတို့ အဖွဲ့ဝင် မည်သည့်အဖွဲ့ကို မဆို မြန်မာအစိုးရတပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာပါက ကျန်အဖွဲ့များက ပူး‌ပေါင်းလက်တွဲ ပါဝင် တိုက်ခိုက်သွားရန် မူဝါဒ ချမှတ်ထားသည်။

လက်ရှိ UNFC အဖွဲ့တွင် KIO၊ ကရင်အမျိုးသားအစည်းအရုံး-KNU၊ မွန်ပြည်သစ်ပါတီ- NMSP၊ ရှမ်းပြည်တိုးတက်‌ရေးပါတီ-ရှမ်း ပြည်တပ်မ‌တော်-SSPP/SSA၊ ကရင်နီအမျိုးသား တိုးတက်‌ရေးပါတီ-KNPP နှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့ ပါဝင်သည်။

အဖွဲ့တွင် မပါဝင်‌တော့သည့် ပ‌လောင်ပြည်နယ် လွတ်‌မြောက်‌ရေးတပ်ဦး-PSLF ၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ-LDU ၊ ညီညွှတ် ‌သော ရခိုင်အမျိုးသားပါတီ-NUPA ၊ “၀” အမျိုးသားအဖွဲ့ချုပ်-WNO ၊ ပအိုဝ်းအမျိုးသား လွတ်‌မြောက်‌ရေးအဖွဲ့-PNLO ၊ ကချင်အ မျိုးသားအဖွဲ့-KNO အဖွဲ့(၆)ဖွဲ့တို့လည်း ဆက်စပ်အဖွဲ့များအဖြစ် ဆက်လက်တည်ရှိသည်။