Home ထိပ်တန်းသတင်း အမျိုးသားပြန်လည်သင့်မြတ်‌ရေး လုပ်‌ဆောင်ရန် ၈၈မျိုးဆက်‌ကျောင်းသားများ လိုလား

အမျိုးသားပြန်လည်သင့်မြတ်‌ရေး လုပ်‌ဆောင်ရန် ၈၈မျိုးဆက်‌ကျောင်းသားများ လိုလား

1850
ဩဂုတ်လ ၅ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်‌ရေးနှင့် ဒီမိုကရက်တစ်နိုင်ငံတခုအဖြစ် တည်‌ဆောက်ရန် မြန်မာနိုင်ငံ၏ စစ်အာ ဏာရှင်စနစ် ဆန့်ကျင်‌ရေးအတွက် ပါဝင်လှုပ်ရှားခဲ့သည့် ၈၈မျိုးဆက်‌ကျောင်းသားများက ၂၃နှစ်‌မြောက် ရှစ်‌လေးလုံး အထိမ်း အမှတ် ‌ကြေညာချက်ကို ယ‌နေ့ ထုတ်ပြန်လိုက်သည်။

ဩဂုတ်လ ၈ရက်‌နေ့သည် ၈၈မျိုးဆက်‌ကျောင်းသားများ၏ ရှစ်‌လေးလုံးလူထုအ‌ရေး‌တော်ပုံ ၂၃နှစ်‌မြောက်‌နေ့ဖြစ်ပြီး ယ‌နေ့အ ချိန်သည် အမျိုးသား ပြန်လည် သင့်မြတ်‌ရေးနှင့် အမျိုးသား ညီညွှတ်‌ရေးကို မဖြစ်မ‌နေ ကြိုးပမ်း‌ဆောင်ရွက်ရမည့်အချိန်ဟု ယုံ ကြည်‌ကြောင်း ၎င်းတို့၏ ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ထို‌ကြေညာချက်၌ ပါရှိသည့် သ‌ဘောထားနှင့် တိုက်တွန်းချက်များတွင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဦး‌အောင်ကြည်တို့ ၏ ဇူလိုင်လ ၂၅ရက်‌နေ့ ‌တွေ့ဆုံမှုကို ကြိုဆို‌ကြောင်း၊ ဆက်လက် ‌တွေ့ဆုံမှုများအစား အမျိုးသား ပြန်လည်သင့်မြတ်‌ရေးနှင့် ညီညွှတ်‌ရေးတို့အတွက် ညှိနှိုင်းအ‌ကောင်အထည်‌ဖော်ရန် တိုက်တွန်းထားသည်။

၎င်းအပြင် အကျဉ်း‌ထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထား‌နေရ‌သော ၈၈ မျိုးဆက်‌ကျောင်းသားများ၊ တိုင်းရင်းသား‌ခေါင်း ‌ဆောင်များ အပါအဝင် နိုင်ငံ‌ရေးအကျဉ်းသား အားလုံးကို အမြန်ဆုံး ပြန်လွှတ်‌ပေးပြီး အစိုးရအ‌နေဖြင့် တိုင်းရင်းသား‌ဒေသများ တွင် အပစ်ခတ်ရပ်စဲကာ ‌ရေရှည်ခိုင်မြဲ‌သော ငြိမ်းချမ်း‌ရေး တည်‌ဆောက်ခြင်းတို့ကို တဆင့်ပြီးတဆင့် ‌ဆွေး‌နွေးညှိနှိုင်းသွားပြီး အပြုသ‌ဘော‌ဆောင်သည့် သ‌ဘောထားများနှင့် ယုံကြည်မှုတည်‌ဆောက်လျက် ‌ဆွေး‌နွေးညှိနှိုင်း အ‌ဖြေရှာရန် ‌မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

၁၉၂ဝ ပထမ‌ကျောင်းသားသပိတ်မှ ၁၉၈၈ ရှစ်‌လေးလုံးအ‌ရေး‌တော်ပုံအထိ နယ်ချဲ့ဆန့်ကျင်‌ရေး၊ စစ်အာဏာရှင်စနစ် ဆန့် ကျင်‌ရေးများ လုပ်‌ဆောင်လာခဲ့သည့် ‌ကျောင်းသားများ၏ သမိုင်းတာဝန် ‌ကျေပွန်မှုများသည် အဓိကကျ‌သော အခန်းကဏ္ဍမှ ပါ ဝင်ခဲ့သည့်အတွက် ၈၈မျိုးဆက်‌ကျောင်းသားများအ‌နေဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ ငြိမ်းချမ်းသာယာသည့် ဘဝများရရှိရန် အမျိုးသားညီညွှတ်‌ရေးနှင့် ဒီမိုက‌ရေစီ‌ရေး ‌ဆောင်ရွက်ချက်များကို မည်သည့်အခန်းကဏ္ဍ၊ မည်သည့်‌နေရာမှဖြစ်‌စေ မည်သည့် အဖွဲ့အစည်းများနှင့်မဆို လက်တွဲ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားမည်ဟု အသိ‌ပေး ‌ကြေညာခဲ့သည်။