Home ထိပ်တန်းသတင်း ညီ‌နောင် ၅ပါတီမှ ငြိမ်းချမ်း‌ရေးအတွက် ‌ကြေငြာချက်ထုတ်

ညီ‌နောင် ၅ပါတီမှ ငြိမ်းချမ်း‌ရေးအတွက် ‌ကြေငြာချက်ထုတ်

1598
ဇူလိုင်လ ၃ရက်။ (‌ကေအိုင်စီ)

‌ရွေး‌ကောက်ပွဲဝင် တိုင်းရင်းသားညီ‌နောင် ၅ပါတီ၏ ‌တွေ့ဆုံမှုအပြီးတွင် ပြည်တွင်းငြိမ်းချမ်း‌ရေး အပါအဝင် အချက် ၄ချက်ပါ ‌ကြေငြာ ချက်တစ်‌စောင်ကို ယ‌နေ့ ထုတ်ပြန်လိုက်သည်။

၎င်း‌ကြေငြာချက်တွင် အစိုးရသစ်မှ လိုအပ်‌သော ငြိမ်းချမ်း‌ရေး အ‌ခြေအ‌နေကို ပြီးပြည့်စုံ‌အောင် အစဉ်တစိုက် ‌ဆောင်ရွက်‌ပေးရန်၊ အပစ်ခတ်ရပ်စဲ‌ကြောင်း ‌ကြေညာချက်ထုတ်‌ပေးရန်၊ ငြိမ်းချမ်း‌ရေး‌ကော်မတီတရပ်ဖွဲ့ပြီး ပြည်တွင်းငြိမ်းချမ်း‌ရေးအတွက် ‌ဆွေး‌နွေးပွဲ ပြုလုပ်ရန်နှင့် စစ်‌ပြေးဒုက္ခသည်များအတွက် အစိုးရ၊ ပြည်တွင်းပြည်ပ ပရဟိတအဖွဲ့များနှင့် အလှူရှင်များ ‌ထောက်ပံ့ရန်တို့ ပါဝင် သည်။

ဇူလိုင်လ ၂ရက်‌နေ့က ညီ‌နောင် ၅ပါတီမှ ကိုယ်စားလှယ်များ ရန်ကုန်ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရုံး၌ ‌တွေ့ဆုံခဲ့ပြီး ယခင် ‌တွေ့ဆုံပွဲတွင် ကိုယ်စားလှယ်တဦးသာ တက်‌ရောက်‌လေ့ရှိသည့် ဖလုံ-စ‌ဝေါ်ပါတီမှ ပါတီ ဥက္ကဌ ဦး‌စောသန်း‌ကျော်ဦး၊ အတွင်း‌ရေးမှူး ‌ဒေါ်နန်း‌စေအွာ အပါအဝင် ပါတီကိုယ်စားလှယ် ၅ဦး တက်‌ရောက်ခဲ့သည်။

ယခု ထုတ်ပြန်လိုက်သည့် ‌ကြေငြာချက်မှာ အမှတ်(၄)ဖြစ်ပြီး ထိုအထဲတွင် ပါဝင်သည့်အချက်များကို လာမည့် လွှတ်‌တော်‌ရွေး ‌ကောက်ပွဲတွင်လည်း ညီ‌နောင် ၅ပါတီမှ အကြံပြု တင်ပြသွားရန်ရှိ‌ကြောင်းလည်း သိရသည်။

“ညီ‌နောင် ၅ပါတီအ‌နေနဲ့ ပြည်တွင်းငြိမ်းချမ်း‌ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့‌တွေနဲ့ တိုက်ရိုက် ဆက်သွယ်ခွင့်မရှိ သည့်အတွက် လွှတ်‌တော်က‌နေတဆင့် အကြံပြုပြီး ‌တောင်းဆိုမယ်။”ဟု မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ ဥက္ကဌ နိုင်‌ငွေသိန်း က ‌ပြောသည်။

ယခုထုတ်ပြန်သည့် သ‌ဘောထား‌ကြေညာချက်တွင် ယခင် သ‌ဘောထား‌ကြေညာချက်များနှင့် ဆက်နွယ်ပြီး နိုင်ငံ‌တော်ဖက်မှ အချို့ကိစ္စများဖြစ်သည့် အငြိမ်းစားပင်စင်လစာ တိုးမြှင့်ခြင်း၊ ဆင်းရဲမွဲ‌တေမှု ‌လျှော့ချ‌ရေးစီမံချက် စသည်များကို အ‌ကောင်အထည် ‌ဖော်‌ပေးခဲ့သည့်အတွက် ဝမ်း‌မြောက်ပါ‌ကြောင်း ‌ဖော်ပြထားသည်။

တိုင်းရင်းသားညီ‌နောင် ၅ပါတီ(Brotherhood Forum)တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမို က‌ရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်‌ရေးပါတီ၊ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ချင်းအမျိုးသားပါတီတို့ ပါဝင်သည်။

၂ဝ၁ဝ ‌ရွေး‌ကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အမတ်‌နေရာ ၅၇ဦး၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ ၁၆ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်‌ရေးပါတီ ၃၅ဦး၊ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ ၉ဦးနှင့် ချင်းအမျိုးသားပါတီ ၁ဝဦး အနိုင်ရ ရှိထားသဖြင့် စုစု‌ပေါင်း အမတ်ဦး‌ရေ ၁၂၇ဦး အင်အားရှိသည့် ပါတီအစုအဖွဲ့ဖြစ်သည်။