Home ထိပ်တန်းသတင်း မြန်မာအစိုးရသစ် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်း ‌စောင့်ရှာက်မှုများ ပျက်ကွက်ဟု BEWG ‌ပြောဆို

မြန်မာအစိုးရသစ် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်း ‌စောင့်ရှာက်မှုများ ပျက်ကွက်ဟု BEWG ‌ပြောဆို

1979
ဇူလိုင်လ ၂၆ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မြန်မာအစိုးရသစ်အ‌နေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်မှု အားနည်းပျက်ကွက်လျှက်ရှိ‌ကြောင်း မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်အဖွဲ့ BEWG မှ ယမန်‌နေ့က အစီရင်ခံစာ ထုတ်ပြန်‌ပြောဆိုလိုက်သည်။

ဇူလိုင်လ ၂၄ရက်၊ မနက် ၁ဝနာရီ၌် ထိုင်းနိုင်ငံဘန်‌ကောက်မြို့ရှိ နိုင်ငံခြားသတင်း‌ထောက်များကလပ် (FCCT) တွင် BEWG အဖွဲ့က မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် သင့်‌လျော်‌သော မူဝါဒများဆိုင်ရာ အစီရင်ခံစာနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းမှုနှင့် ‌ရေရှည်တည်တံ့နိုင်မည့် ဖွံ့ဖြိုးတိုးတက်မှုများ၊စီမံကိန်းလုပ်ငန်းများတွင် ‌ဒေသခံပြည်သူများ ပါဝင်နိုင်သည့် မူဝါဒများ၊ ပတ်ဝန်းကျင် ကာကွယ်မှုဆိုင်ရာ ဥပ‌ဒေများ ချမှတ်ပြီး လယ်သမားများအတွက် ‌မြေယာပိုင်ဆိုင်ခွင့် ရရှိ‌စေရန် လုပ်‌ဆောင်‌ပေးသင့်‌ကြောင်းကို BEWG ၏ တာဝန်ခံ ဦးဝင်း‌အောင်က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

ဦးဝင်း‌အောင်က “အစိုးရအသစ်အ‌နေနဲ့ နိုင်ငံခြားကုန်သွယ်မှု‌တွေ၊ စီမံကိန်းလုပ်ငန်း‌တွေ‌ကြောင့် ‌ဒေသခံပြည်သူ‌တွေရဲ့ လယ် ယာအိုးအိမ်‌တွေ ပျက်စီးဆုံးရှုံးမှု‌တွေ များ‌နေပါတယ်။ အဲဒိ ပျက်စီးဆုံးရှုံးမှု‌တွေအတွက် အစိုးရက‌နေပြီး ပြန်ပြီး လုပ်‌ဆောင်‌ပေး တာ‌တွေ မရှိခဲ့ပါဘူး။ အဲ့ဒါ‌ကြောင့် လယ်သမား‌တွေအတွက် အကာအကွယ်‌ပေးနိုင်မဲ့ ဥပ‌ဒေ‌တွေ၊ မူဝါဒ‌တွေ ချမှတ်‌ပေး‌စေချင်ပါ တယ်။”ဟု ‌ပြောဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ပျက်စီးရခြင်း အ‌ကြောင်းရင်းများမှာ အစိုးရက အချို့ပြည်နယ်နှင့် တိုင်းများတွင် ‌ရေကာတာ တည်‌ဆောက်ခြင်း၊ ‌ရေနံနှင့် သဘာဝဓါတ်‌ငွေ့ထုတ်ယူခြင်း၊ သတ္တုတွင်းများ၊ ‌ကျောက်စိမ်းများ တူး‌ဖော်ခြင်း၊ စွမ်း အင်ဖြင့် လုပ်‌ဆောင်ရသည့် ‌ရေနံနှင့် ‌ရေအားလျှပ်စစ်ဓါတ်အားများ ထုတ်ယူခြင်းတို့‌ကြောင့် ‌ဒေသတွင်း ပျက်စီးမှုများ‌နေ ‌ကြောင်းလည်း ဦးဝင်း‌အောင်က ဆက်‌ပြောသည်။

၎င်းက “စွမ်းအင်နဲ့လုပ်တဲ့ လုပ်ငန်း‌တွေ၊ ‌ရေကာတာတည်‌ဆောက်‌နေတာ‌တွေ၊ သဘာဝသတ္တုတွင်းနဲ့ ‌ကျောက်စိမ်း တူး‌ဖော်‌နေ တာ‌တွေ‌ကြောင့် ‌နေရာ‌ဒေသအ‌တော်များများမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု‌တွေ ဖြစ်‌နေပါတယ်။ အဓိကက‌တော့ ကချင် ပြည်နယ်၊ တနသင်္ာရီတိုင်း၊ ရခိုင်ပြည်နယ် စတဲ့‌ဒေသ‌တွေမှာ အဖြစ်များပါတယ်။”ဟု ဆိုသည်။

(အစိုးရ၏ ဖွံ့ဖြိုး‌ရေးလုပ်ငန်း စီမံကိန်းတခု)

ထို့အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု‌ကြောင့် လူ‌နေမှုဘဝထိခိုက်ခြင်း၊ ပြည်တွင်းစစ်များ ဖြစ်‌ပေါ်‌နေရခြင်းများအပြင် လူ့အ ခွင့်အ‌ရေး ချိုး‌ဖောက်မှု ဆိုးကျိုးများ သက်‌ရောက်‌နေသည့်အ‌ပေါ် ဤအစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်းဖြင့် အစိုးရသစ်အ‌နေဖြင့် ပြည်သူလူထုအတွက် အကာအကွယ်ပြု‌ပေးနိုင်ပြီး လက်‌တွေ့ကျသည့် မူဝါဒများချမှတ်‌ပေးရန်နှင့် နိုင်ငံခြားကုမ္ပဏီများအ‌နေ ဖြင့် ‌ဒေသခံလူထုအ‌ပေါ် ကျ‌ရောက်‌နေသည့် ဆိုးကျိုးများကို ‌တွေ့မြင်သိရှိလာပြီး ဆက်လက်ကုန်သွယ်မှုပြုရန်သင့်မသင့် ချင့် ချိန်တတ်လာ‌စေရန် ‌မျှော်လင့်‌ကြောင်းကိုလည်း ‌ထောက်ပြ‌ပြောဆိုခဲ့သည်။

ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးလှုပ်ရှားမှုကွန်ယက်(KESAN)၊ ကချင်ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KDNG)၊ ရခိုင်ပြည်နယ် ‌ရွှေဂက်စ်အဖွဲ့ စသည်များဖြင့် ဖွဲ့စည်းထားသည့် BEWG အ‌နေဖြင့် တိုင်းရင်းသားများ၌ နိုင်ငံတကာအဆင့် ဖွံ့ဖြိုး‌ရေး မူဝါဒ ဆိုင်ရာ ထုတ်‌ဖော်‌ပြောဆိုမှုများ၊ လူ့အခွင့်အ‌ရေးဆိုင်ရာ ပညာ‌ပေးလုပ်ငန်းများ၊ သု‌တေသနလုပ်ငန်းများ၊ အစီရင်ခံစာထုတ်ပြန် ခြင်း၊ အရည်အ‌သွေး မြှင့်တင်‌ရေးလုပ်ငန်းများနှင့် မူဝါဒ‌ရေးဆွဲ‌ရေးလုပ်ငန်းများကို လုပ်‌ဆောင်လျှက်ရှိသည်။