Home ထိပ်တန်းသတင်း ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က နိုင်ငံ‌ရေး ပါတီများကို ဇူလိုင် ၂၇ရက်‌နေ့တွင် ဆင့်‌ခေါ်ထား

‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က နိုင်ငံ‌ရေး ပါတီများကို ဇူလိုင် ၂၇ရက်‌နေ့တွင် ဆင့်‌ခေါ်ထား

1619
ဇူလိုင်လ ၂၅ရက်။ ‌ကေအိုင်စီ

‌ရွေး‌ကောက်ပွဲဝင် နိုင်ငံ‌ရေးပါတီ ၃၇ပါတီကို ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ကျင်းပ‌ရေး‌ကော်မရှင်က ဇူလိုင်လ ၂၇ရက်‌နေ့တွင် ‌နေပြည်‌တော်သို့ ဆင့်‌ခေါ်ထား‌ကြောင်း သိရသည်။

အစိုးရသစ်တက်လာပြီး‌နောက် ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ‌ရွေး‌ကောက်ပွဲကျင်းပ‌ရေး‌ကော်မရှင်က နိုင်ငံ‌ရေးပါတီ ‌ခေါင်း‌ဆောင်များ ကို ‌တွေ့ဆုံရန် ယခု ပထမဆုံးအကြိမ် ဖိတ်‌ခေါ်ခြင်းဖြစ်သည်။

‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ဖိတ်‌ခေါ်ထားခြင်းနှင့် ပတ်သက်ပြီး မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ ဥက္ကဌ နိုင်‌ငွေသိန်းက “ဟုတ် တယ် ‌ခေါ်ထားပါတယ်။ ကျ‌နော်တို့ပါတီက‌နေ ကျ‌နော်နဲ့ နိုင်လှခိုင်နဲ့သွားမှာ မနက်ဖြန်ဆို သွားပြီး။ ၂၇ရက်‌နေ့မှာ ‌တွေ့မယ်ဆို‌တော့ ‌လေ။”ဟု ‌ပြောသည်။

မည်သည့်အ‌ကြောင်း‌ကြောင့် ‌ခေါ်ဆိုခြင်းဖြစ်သည်ကို မသိရှိ‌သေးသည့်အတွက် မွန်ပါတီအ‌နေနှင့် ပြင်ဆင်စရာရှိသည်ကို ပြင်ဆင် ထားပြီး အခွင့်အ‌ရေးရပါက တင်ပြရန်ရှိ‌ကြောင်း နိုင်‌ငွေသိန်းက ‌ပြောသည်။

“‌ရွေး‌ကောက်တုန်းက တရားမျှတမှု မရှိခဲ့တာ‌တွေကို အခွင့်အ‌ရေးရရင်‌ပေါ့။ အ‌သေးစိတ် တင်ပြဖို့ ပြင်ဆင်ထားတယ်။”ဟု သူက ဆက်‌ပြောသည်။

ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ကျင်းပ‌ရေး‌ကော်မရှင်အ‌နေနှင့် နိုင်ငံ‌ရေးပါတီများကို မူဝါဒများ ရှင်းပြရန် အပါအဝင် ကြားဖြတ်‌ရွေး ‌ကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များကို ထုတ်ပြန်ရန်လည်းဖြစ်သည်။

၎င်းဆင့်‌ခေါ်မှုနှင့် ပတ်သက်၍ ကရင်ပြည်နယ်ရှိ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ‌ကေပီပီကို ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်း ရာ ‌ဖြေကြားမည့်သူမရှိ‌သော်လည်း ‌ကေပီပီနှင့် နီးစပ်သူတစ်ဦးက “‌ကေပီပီက‌တော့ များ‌သောအားဖြင့် အစိုးရကိစ္စ‌တွေဆို ဥက္ကဌ ဗိုလ်မှူးကြီးထွန်း‌အောင်မြင့်နဲ့ ‌စော‌စေးဝါးညွှန့်ပဲ တက်‌ရောက်တာများတယ်။”ဟု ‌ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ ပြင်ဆင်ဖွဲ့စည်းထားသည့် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲကျင်းပ‌ရေး ‌ကော်မရှင်မှာ ဥက္ကဌအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး‌ဟောင်း ဦးတင်‌အေးနှင့်အတူ အဖွဲ့ဝင်အဖြစ် ဦးမြင့်နိုင်၊ ဦး‌အောင်မြင့်၊ ‌ဒေါက်တာ‌ဒေါ်မြင့်ကြည်၊ ဦးသာဦး၊ ဦး‌အေးကြူ နှင့် ဦးညွန့်တင်တို့ ပါဝင်‌ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေအရ ‌ရွေး‌ကောက်ပွဲ ကျင်းပ‌ရေး‌ကော်မရှင်ဟာ ‌ရွေး‌ကောက်တင်‌မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ အပါအဝင် ‌ရွေး‌ကောက်ပွဲခုံအဖွဲ့တို့၏ ဆုံးဖြတ်ချက်များ အမိန့်များနှင့် ပတ်သက်ပြီး အယူခံမှု၊ ပြင်ဆင်မှုများ ပြုလုပ်ရမည့် တာဝန်ရှိ သလို နိုင်ငံ‌ရေးပါတီများကို ဥပ‌ဒေအရ ‌ဆောင်ရွက်ရသည့် တာဝန်များလည်း ဆုံးဖြတ်ခွင့်ရှိသည်။