Home ထိပ်တန်းသတင်း ‌ဒေါ်စုနှင့် မြန်မာအစိုးရ ‌တွေ့ဆုံမှု အားမရ‌ကြောင်း ကရင်အဖွဲ့ များ‌ပြော

‌ဒေါ်စုနှင့် မြန်မာအစိုးရ ‌တွေ့ဆုံမှု အားမရ‌ကြောင်း ကရင်အဖွဲ့ များ‌ပြော

1609
ဇူလိုင်လ ၂၅ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

မြန်မာ့ ဒီမိုက‌ရေစီ ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦး ‌အောင်ကြည်တို့ ရန်ကုန်မြို့ အစိုးရဧည့်‌ဂေဟာ၌ ယ‌နေ့ ‌တွေ့ဆုံပွဲအပြီး နှစ်ဖက်စလုံးက “‌ကျေနပ်အားရ‌ကြောင်း” ထုတ်ပြန်‌ကြေ ငြာခဲ့‌သော်လည်း နိုင်ငံ‌ရေးအရ ထူးခြားသည့် ‌ပြောင်းလဲမှု ဖြစ်‌ပေါ်မလာနိုင်‌ကြောင်း ကရင်အဖွဲ့အစည်းများက ‌ပြောဆိုလိုက်သည်။

“‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ‌တွေ အရင်တုန်းကလည်း အကြိမ်အများကြီး ‌တွေ့ခဲ့ပြီ။ အခုလည်း တိုးတက်မှု‌တွေ ရှိမယ်လို့ မထင်ဘူး။ ဒီအစိုး ရသစ်ဟာလည်း အရင် စစ်အစိုးရရဲ့ လူ‌တွေပဲဖြစ်တဲ့အတွက် အတူတူ ဖြစ်မှာပဲ။”ဟု ကရင်အမျိုးသားအစည်းအရုံး KNU ၏ အ‌ထွေ ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က ‌ကေအိုင်စီကို ‌ပြောသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦး‌အောင်ကြည့တို့၏ တစ်နာရီ‌ကျော်ကြာ ‌တွေ့ဆုံပွဲအပြီး ထုတ်ပြန်သည့် ပူးတွဲ‌ကြေငြာချက်တွင် “ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာ‌စေ‌ရေးအတွက် ပူး‌ပေါင်း‌ဆောင်ရွက်ရန်” ‌ဆွေး‌နွေးခဲ့သည်ဟု ‌ဖော်ပြထား‌သော်လည်း အ‌သေးစိတ် ထုတ်ပြန်‌ကြေငြာခြင်း မရှိ‌ပေ။

ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီမှ အမည်မ‌ဖေါ်လိုသည့် လွှတ်‌တော်ကိုယ်စားလှယ်တစ်ဦးက ‌ဒေါ်စုနှင့် ဦး‌အောင်ကြည်တို့၏ ယ‌နေ့ ‌တွေ့ဆုံမှုအ‌ပေါ် စိတ်ဝင်စားမှုမရှိသလို ထူးခြားသည့် တိုးတက်မှုရရှိရန် ခက်ခဲသည်ဟု ‌ပြောဆိုသည်။

သို့‌သော်လည်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၏ ၁၉၉ဝ ‌ရွေး‌ကောက်ပွဲ ‌ရွေးချယ်ခံ လွှတ်‌တော်ကိုယ်စားလှယ် ‌ဒေါ်နန်းခင်‌ထွေးမြင့် က “ဒီ‌ဆွေး‌နွေးပွဲဟာ မြန်မာအစိုးရသစ် လက်ထက်မှာ ပထမဆုံးအကြိမ်ဖြစ်လို့ တစုံတရာတိုးတက်မှု‌တွေ ရှိနိုင်တယ်၊ အရင်အစိုးရ က စစ်အစိုးရဖြစ်ပြီး အခုအစိုးရက အရပ်သားအစိုးရဆို‌တော့။”ဟု ‌ပြောသည်။

(Photo-AP: ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်ကြည်တို့ ယ‌နေ့ ‌တွေ့ဆုံ)
ယခင် မြန်မာစစ်အစိုးရ လက်ထက် ၂၀၀၇ မှ ၂၀၁ဝခုနှစ် အထိ ဆက်ဆံ‌ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည့် ဦး‌အောင်ကြည်သည် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် သူမ၏ ‌နေအိမ်အကျယ်ချုပ်ရှိစဉ် ကာလအတွင်း ‌တွေ့ဆုံမှု ၉ကြိမ် ရှိခဲ့သည်။

ယခု တစ်ကြိမ်‌တွေ့ဆုံရာတွင် ဦး‌အောင်ကြည်အား ၂၀၁ဝ ‌ရွေး‌ကောက်ပွဲမှ တက်လာသည့် ကြံ့ခိုင်‌ရေးပါတီ ထိန်းချုပ်သည့် အစိုးရ သစ်က ဆက်ဆံ‌ရေးဝန်ကြီးအဖြစ် ဆက်လက် ခန့်အပ်ထားခြင်းရှိမရှိကိုလည်း ထုတ်ပြန်ထားခြင်း မရှိ‌ပေ။