Home ထိပ်တန်းသတင်း မြိုင်ကြီးငူ ‌ဒေသရှိ BGF တပ်ဖွဲ့များ DKBA တံဆိပ် ပြန်တပ်ပြီး ဗိုလ်ချုပ်‌ကျော်သန်းကို ဖမ်းဆီးထား

မြိုင်ကြီးငူ ‌ဒေသရှိ BGF တပ်ဖွဲ့များ DKBA တံဆိပ် ပြန်တပ်ပြီး ဗိုလ်ချုပ်‌ကျော်သန်းကို ဖမ်းဆီးထား

2342
‌မေ ၂၇။ (‌ကေအိုင်စီ)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ‌ဒေသရှိ နယ်ခြား‌စောင့်တပ် BGFတပ်ဖွဲ့ဝင်များသည် ယမန်‌နေ့က ၎င်းတို့၏ တံဆိပ်များကိုချွတ်၍ DKBA တံဆိပ်များကို ပြန်ဝတ်ဆင်ကာ ယခင် DKBA စစ်ဦးစီးချုပ်‌ဟောင်း ဗိုလ်ချုပ်‌ကျော်သန်းကိုလည်း ဖမ်းဆီးထိန်းသိမ်းထားလိုက် သည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) ၁၀၁တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စော ‌ဖောဒိုက “‌ကျော်သန်းကို သူ့လူ‌တွေ ဖမ်းထားလိုက်ပြီ။ မြိုင်ကြီးငူမှာ ဘီဂျီအက်ဖ်မရှိ ‌တော့ဘူး။ ဒီ‌ကေဘီ‌အေ ပြန်ဖြစ်ကုန်ပြီ။ ဘီဂျီအက်ဖ်ကို မလုပ်‌တော့ဘူး။ ဒီ‌ကေဘီ‌အေကို ပြန်ပြီး‌တော့ ကူး‌ပြောင်းတာ”ဟု ‌ပြောသည်။

အလားတူ နယ်ခြား‌စောင့်ကို ငြင်းဆန်‌နေသည့် ဒီ‌ကေဘီ‌အေ တပ်မှူးတစ်ဦးကလည်း“ ဟုတ်တယ်။ အခု ဗိုလ်ချုပ်‌ကျော်သန်းကိုလည်း မြိုင်ကြီးငူမှာ သူ့လူ‌တွေ ဖမ်းဆီးထိန်းသိမ်းထား လိုက်တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းဖြစ်စဉ်သည် နယ်ခြား‌စောင့်အချင်းချင်းကြားတွင် အထက်အရာရှိနှင့် ‌အောက်‌ခြေ အရာရှိတို့ကြား ‌ငွေ‌ကြေးကိစ္စ လာဘ်‌ပေးလာဘ်ယူ မမျှတသည့်အတွက် စတင်ဖြစ်ပွားခဲ့သည့် ပြဿနာဖြစ်ပြီး ‌နောက်ဆုံးတွင် နှစ်ဘက်ညှိနှိုင်း၍ မရ‌သော‌ကြောင့် ယခုလို ကြီးမားလာခြင်းဖြစ်သည်ဟု KNU ဖားအံခရိုင်ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးက ‌ပြောသည်။

သို့‌သော် ထိုကိစ္စနှင့်ပတ်သက်ပြီး BGF တပ်ရင်း ၁၀၁၈မှ ထိပ်တန်းအရာရှိတစ်ဦးက “နယ်ခြား ‌စောင့်တပ်နဲ့ ဒီ‌ကေဘီ‌အေက တူတူပဲ‌လေ။ သူတို့အကျင်္ီ‌ဟောင်း‌တွေကို တခါတ‌လေပြန်ဝတ်လို့ ဖြစ်ရင်ဖြစ်မှာ‌ပေါ့၊ ဗိုလ်ချုပ် ‌ကျော်သန်းကို ပြန်ဖမ်းတယ်ဆိုတာက ကျ‌နော်ဘာမှ မကြားပါလား ”ဟု ‌ပြောသည်။

၂၀၁ဝခုနှစ်၊ ဩဂုတ်လ ၂ဝရက်က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မဲပလဲ့‌ကျေးရွာတွင် ကျင်းပြုလုပ်သည့် နယ်ခြား‌စောင့်တပ်များ တပ်ဖွင့်ပွဲအခမ်းအနား (ဓါတ်ပုံ-‌ကေအိုင်စီ)

ပြီးခဲ့သည့် ၂၀၁ဝခုနှစ် ဩဂုတ်လတွင် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင် အများစုသည် နယ်ခြား‌စောင့် တပ်သို့ အသွင်ကူး‌ပြောင်းခဲ့ပြီး လအနည်းအနည်းငယ်အကြာတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားလျှက်ရှိသလို KNUနှင့် လက်ကျန် DKBA များ ထံသို့ မကြာခဏ လာ‌ရောက်ပူး‌ပေါင်းမှုများ ရှိ‌သော်လည်း ယခုလို ကြီးကြီး မားဖြစ်ပွားမှုသည် ပထမ ဦးဆုံးအကြိမ်ဖြစ်သည်။

မြိုင်ကြီးငူ‌ဒေသတွင် နယ်ခြား‌စောင့်တပ် BGF ၁၀၁၁ နှင့် ၁၀၁၂တပ်ရင်းတို့ အ‌ခြေချလှုပ်ရှား လျှက်ရှိသည်ဟု သိရသည်။