Home ထိပ်တန်းသတင်း လူငယ်တစ်ဦးကို BGF က ဖမ်းဆီးသတ်ဖြတ်

လူငယ်တစ်ဦးကို BGF က ဖမ်းဆီးသတ်ဖြတ်

1828
‌မေလ ၂၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကတိုင်တိ‌ကျေးနယ်အုပ်စုအတွင်းရှိ ‌ဘောကျို့လယ်‌ကျေးရွာ‌နေ လူငယ်တစ်ဦးကို နယ် ခြား‌စောင့်တပ်-BGF (၁၀၁၃)တပ်ရင်း လက်လက်‌အောက်ခံတပ်ခွဲ အဖွဲ့တစ်ဖွဲ့က ပြီးခဲ့သည့် အပတ်က ဖမ်းဆီး၍ သတ်ဖြတ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

‌ဘောကျို့လယ်‌ကျေးရွာအနီးအနားတဝိုက်တွင် လှုပ်ရှား‌နေသည့် အင်အား ၂ဝ ခန့်ရှိ တပ်ခွဲမှူး ဗိုလ်‌စော‌မောင်စိုးမြင့် ဦး‌ဆောင် BGF တပ်ဖွဲ့သည် ‌မေလ ၂ဝရက်‌နေ့က အသက် ၁၈နှစ်အရွယ် ‌စောတာပိုးလိုကို ‌ဘောကျို့လယ်ရွာအ ပြင်တ‌နေရာတွင် ဖမ်းဆီးကာ စစ်‌ဆေးမှုများပြုလုပ်ပြီး ထို‌နေ့၌ပင် ရိုက်သတ်ခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြော သည်။

ရိုက်သတ်ခံရသည့် ‌စောတာပိုးလို၏ မိခင်ဖြစ်သူက “ကျမသားဟာ သိပ်ပြီးဦး‌နှောက် အလုပ်မလုပ်တာ ဒီ‌ကျေးရွာက လူ‌တွေနဲ့ ဒီအနီးအနားက ရွာ‌တွေ အားလုံးအသိပဲ။ သူက ရွာပြင်ထွက်လိုက် ဝင်လိုက်အမြဲလုပ်တယ်။ ဒါကို BGF က ‌တွေ့‌တော့ သူတို့အတွက် ဘယ်လိုထူးခြားလည်း မသိဘူး။ သတ်လိုက်တာပဲ။ ကျမအ‌နေနဲ့ စိတ်မ‌ကောင်း‌ပေမဲ့ ဘာမှ ‌ထွေ‌ထွေထူးထူး‌တော့ မ‌ပြောလိုပါဘူး။ သူ့ထိုက်နဲ့ သူ့ကံလို့ပဲ ‌ပြောရမှာ‌ပေါ့။”ဟု ‌ပြောသည်။

KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး ‌စောကလယ်ဒို့က “BGF ဟာ တချိန်က DKBA ‌ပေါ့‌နော်။ ဘာသာ ‌ရေးနဲ့ ကရင်လူထု‌တွေကာကွယ်ဖို့‌ပေါ့‌နော်။ အခုက လုံးဝ မြန်မာစစ်အစိုးရဲ့ လက်ကိုင်တုတ် ဖြစ်သွားပြီဆို‌တော့ မြန်မာ စစ်တပ်ရဲ့ လမ်းစဉ်အတိုင်း လိုက်လုပ်‌နေတာ‌တော့ မ‌ကောင်းဘူး။ အားလုံးခြုံလိုက်ရင်‌တော့ တရားခံဟာ မြန်မာအစိုး ရပဲ‌ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ အမှားအမှန်ပိုင်းခြားစိပ်ဖြာပြီး ပြည်သူ‌တွေထိခိုက်‌စေတဲ့ အကျိုးမရှိတဲ့ အရာ‌တွေ ထပ်မလုပ်ကြဖို့ သူတို့ကို တိုက်တွန်းချင်တယ်”ဟု ‌ပြောဆိုသည်။

အဆိုပါ‌ဒေသတွင် လှုပ်ရှား‌နေသည့် BGF တပ်ရင်း (၁၀၁၃)သည် ယခုလို အပြစ်မဲ့ပြည်သူတဦးကို သတ်လိုက်သည့် အတွက် ‌ဘောကျို့လယ်ရွာနှင့် အနီးအနားရှိ ‌ဘောသို့ထာ့၊ ထီးသဲ‌လေး၊ ဘိုမာ့ဟဲနှင့် ထီး‌လော်‌သေထာ့ စသည့် ‌ကျေးရွာများမှ ရွာသူရွာသားများ အထိတ်တလန့်ဖြစ်‌နေကြရသည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

‌ဘောကျို့လယ်ရွာအဝင် နွားလှည်းလမ်းတ‌နေရာ(ပုံ-‌ကေအိုင်စီ)

အိမ်‌ခြေ ၄၀ဝ ‌ကျော်ရှိသည့် ‌ဘောကျို့လယ်‌ကျေးရွာတွင် ယခင်က DKBA(ယခု နယ်ခြား‌စောင့်တပ်) အ‌ခြေစိုက် စခန်းတည်ရှိပြီး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ‌နောက်ပိုင်း အဆိုပါ စခန်းကို ဖျက်သိမ်းလိုက်ကာ မြန်မာအစိုးရက BGF တပ်များ ကို လှုပ်ရှားတပ်ပုံစံဖြင့် ‌ပြောင်းလဲလှုပ်ရှား‌စေခဲ့ရာ ယခုအချိန်ထိ ဖြစ်သည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကတိုင်တိ‌ကျေးနယ်အုပ်စု၌ လှုပ်ရှား‌နေသည့် နယ်ခြား‌စောင့်တပ်-BGF (၁၀၁၃)တပ် ရင်း၏ တပ်ရင်းမှူးသည် ဗိုလ်မှူး ‌စောလှကြိုင်ဖြစ်ပြီး ၂၀၁၁ ခုနှစ်အတွင်း ‌ဘောကျို့လယ်ရွာမှ အပြစ်မဲ့ပြည်သူတဦးကို သတ်ဖြတ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။