Home ထိပ်တန်းသတင်း ယ‌နေ့တိုက်ပွဲ နအဖ ၁ဝဦး‌ကျော်ထိခိုက်ကျဆုံး

ယ‌နေ့တိုက်ပွဲ နအဖ ၁ဝဦး‌ကျော်ထိခိုက်ကျဆုံး

2020
မတ်လ ၁ဝရက်‌နေ့။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်ရှိ ‌ဝေါ်‌လေ‌ဒေသ၌ ယ‌နေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် နအဖ စစ်တပ်ဘက်မှ ၁ဝဦး‌ကျော် ထိခိုက် ‌သေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့ဝင်ဘက်က ‌ပြောသည်။

ယ‌နေ့ည‌နေ ၅နာရီခွဲခန့်တွင် ‌ဝေါ်‌လေ‌ဒေသရှိ ကနဲ‌လေးစခန်းအနီးတွင် နအဖ တပ်ဖွဲ့ဝင်များနှင့် ကရင်တပ်ဖွဲ့ဝင် များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ဒုဗိုလ်တဦးအပါအဝင် ၅ဦး‌သေဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA) တပ်ရင်း(၂၀၁)မှ တပ်မှူးတဦးက ‌ပြောသည်။

လက်ရှိ ကနဲ‌လေးစခန်းတွင် နအဖ ခမရ (၃၄၆)၊ (၄၀၄) တပ်ဖွဲ့ဝင်တချို့နှင့် ခလရ (၉၇)တပ်ဖွဲ့ဝင်တချို့ ဝင်ထွက်လှုပ်ရှားလျှက်ရှိသည်ဟု ၎င်းက ‌ပြောသည်။

ယ‌နေ့မနက် ၁ဝနာရီ‌ကျော်၌လည်း ယင်းသွားလာလှုပ်ရှား‌နေသည့် ခမရ(၃၄၆)တပ်ရင်းနှင့် ကရင်တပ်ဖွဲ့ဝင်တို့သည် ကနဲ‌လေးစခန်းနှင့် မနီးမ‌ဝေး ထီး‌ဘော‌ကော်‌ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်က ၂ဦး‌သေဆုံး၊ ၃ဦးဒဏ်ရာရရှိခဲ့ပြီး ကရင်တပ်ဖွဲ့ဝင်ဘက်က ထိခိုက်မှုမရှိဟု ကရင်တပ်ဖွဲ့ဝင်ဘက်က ‌ပြောသည်။