Home ထိပ်တန်းသတင်း မြို့သစ်တည်ရန်အတွက် ဝန်ထမ်း များ လုပ်အား‌ပေးသွားရ

မြို့သစ်တည်ရန်အတွက် ဝန်ထမ်း များ လုပ်အား‌ပေးသွားရ

1768
မတ်လ ၇ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မုလအိ‌တောင်‌ခြေရှိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည့် ချူကလိ‌ဒေသတွင် နအဖ စစ်အာဏာပိုင်မှ မြို့သစ်တည်မည့်စီမံကိန်းအတွက် လုပ်အား‌ပေးရန် မြဝတီမြို့နယ်ရှိ ဝန်ထမ်းအချို့ကို ယမန်‌နေ့က ‌ခေါ်‌ဆောင်သွားခဲ့‌ကြောင်း မြို့ခံများ၏ ‌ပြောပြချက်အရ သိရသည်။

မြဝတီမြို့နယ်ရှိ ‌ကျောင်းဆရာ၊ ‌ဆေးဆရာ၊ ရဲ၊ ရယက .. စသည့် စစ်အစိုးရ ဝန်းထမ်းများသည် ချူကလိမြို့ သစ်အတွက် လုပ်အား‌ပေးရန် လျှို့ဝှက်မဲနှိုက်စနစ်ဖြင့် ‌ရွေးချယ်ကာ မဲ‌ပေါက်သူများကို စစ်တပ်က ယမန်‌နေ့ မနက် ၉နာရီခန့်တွင် ဒုတိယအသုတ်ဖြင့် ‌ခေါ်‌ဆောင်သွား‌ကြောင်း မြို့ခံတဦးက ‌ပြောသည်။

သူမက “မ‌နေ့က ထွက်သွားပြီ။ စစ်တပ်ကားနဲ့ ပါသွားတယ်။ ဘယ်သူမှ မသွားချင်ကြပါဘူး။ ‌ကြောက်ကြ တာ‌ပေါ့‌နော့။ ‌ရွှေ‌တွေ ပုံ‌ပေးတာ‌တောင် မသွားချင်ကြဘူး။ တိုက်ပွဲ‌တွေ ဖြစ်‌တော့‌လေ။ မဲစနစ်နဲ့ လုပ်ရ တယ်။ ‌ပေါက်တဲ့သူ သွားရတယ်။” ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယမန်‌နေ့က လိုက်ပါသွားရသည့် ဝန်ထမ်းများသည် အ‌ရေအတွက် ဘယ်နှစ်ဦးသွားသည်ကို အတိအကျ မသိရ‌သော်လည်း ထိုဝန်ထမ်းများတွင် အမျိုးသမီးများ မပါဘဲ အမျိုးသားများသာ ‌ရွေးချယ‌ခေါ်သွား ‌ကြောင်း ထိုမြို့ခံက ဆက်လက်‌ပြောသွားသည်။

“‌နေရာက ကြမ်း‌တော့ အမျိုးသမီး‌တွေကို ‌ပေးမသွားဘူးထင်တယ်။ အခုတ‌ခေါက်က အမျိုးသား‌တွေချည်းပဲ။ ‌ဆေးဝန်ထမ်းတ‌ယောက်ဆိုရင် သူ့မိန်းမ ကိုယ်ဝန် ၈လ‌တောင်ရှိ‌နေပြီ။ မတတ်နိုင်ဘူး။ မဲ‌ပေါက်‌တော့ သွားရ တာပဲ။ သူတို့ ထွက်သွားတာကို ကြည့်ပြီး ကျမတို့ စိတ်မ‌ကောင်းဖြစ်‌နေတာ။” ‌ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ပထမသုတ်အဖြစ် သွားခဲ့ရသည့် မြဝတီမြို့ရှိ ဝန်ထမ်းများတွင် အမျိုးသမီးများ ပါဝင်‌သော်လည်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံမြို့သို့ အ‌ရောက်တွင် လုံခြုံ‌ရေး အ‌ခြေအ‌နေ‌ကြောင့် အမျိုးသမီးများကို ချန်ထားခဲ့သည်ဟု အခြားမြို့ခံ တဦးကလည်း ‌ပြောသည်။

မြို့သစ်တည်မည့် ချူကလိ‌ကျေးရွာအနီးအနားတွင်ရှိ ‌ဒေသခံတဦးက‌တော့ “အခုလက်ရှိ ဘာမှ ဖြစ်မလာ ‌သေးဘူး‌ရော။ ‌ကျောင်းတလုံး‌တော့ ‌ဆောက်ထားတယ်။ ဝါလုံး‌တွေနဲ့ပဲ။ အမိုး‌တောင် ကာလို့မပြီး‌သေး။ အခြားဘာမှ မ‌တွေ့ရ‌သေးဘူး။ ‌ကျောင်းဆရာအချို့နဲ့ အခြားဝန်ထမ်းအချို့‌တော့‌တွေ့တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

၂၀၁ဝခုနှစ် ‌ရွေး‌ကောက်ပွဲမကျင်းပခင်ကတည်းက မြန်မာစစ်အစိုးရသည် ထိုင်းအာဏာပိုင်နှင့် ‌ဆွေး‌နွေးခဲ့ပြီး ထိုင်းနိုင်ငံရှိ ဒုက္ခသည်များကို ‌နေရာပြန်လည်ချထားရန်အတွက် ချူကလိ မြို့သစ်စီမံကိန်းကို စတင်လာ ခြင်းဖြစ်သည်ဟု DKBA တပ်မဟာ (၅) မှ ဗိုလ်မှူး ‌စောဆန်း‌အောင်က ‌ပြောသည်။

သူက “အဲဒီ‌နေရာက ရွာသုံး‌လေးရွာပဲရှိတယ်။ အဲဒီမှာ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဒုက္ခသည်‌တွေကို ထားဖို့ ရည်ရွယ်ထားတာ။ ‌မြေလွတ်‌မြေရိုင်း‌တွေများတယ်။ လုပ်ကိုင်စား‌သောက်လို့ ရ‌အောင်‌ပေါ့။ ” ဟု‌ပြောသည်။

ယခု မြို့သစ်တည်သည့် ‌နေရာသည် ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်ရှိ မုလအိ‌တောင်‌ခြေတွင် တည်ရှိ ပြီး ယခင်က ဗိုလ်မှူး ချုပ်‌စောလားပွယ် ဦးစီးသည့် DKBA တပ်မဟာ (၅) တပ်ဖွဲ့ဝင်များ အဓိက အ‌ခြေစိုက် လှုပ်ရှားရာ‌နေရာဖြစ်သည်။

သို့‌သော်လည်း ‌ရွေး‌ကောက်ပွဲကျင်းပပြီး နိုဝင်ဘာ ၈ရက်‌နေ့မှစ၍ ထိုင်း-မြန်မာ နယ်စပ်‌ဒေသတွင် DKBA တပ်မဟာ (၅)တပ်ဖွဲ့ဝင်နှင့် နအဖတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားလာခဲ့ရာမှ ယခုအချိန်ထိ အဆိုပါ ချူကလိ‌ဒေသတွင်လည်း တိုက်ပွဲများ မကြခဏဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။