Home ထိပ်တန်းသတင်း ကနဲ‌လေးစခန်းအနီးအနားတွင် နအဖ တပ်များ တိုက်ခိုက်ခံရ

ကနဲ‌လေးစခန်းအနီးအနားတွင် နအဖ တပ်များ တိုက်ခိုက်ခံရ

1160
မတ်လ ၂၁ရက်‌နေ့၊ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ဝေါ်‌လေ‌ဒေသအတွင်းရှိ ကနဲ‌လေးတပ်စခန်း အနီးအနားတွင် ဝင်ထွက်သွားလာ‌နေသည့် နအဖ တပ်ဖွဲ့များကို ကရင်တပ်ဖွဲ့ဝင်များက ယ‌နေ့မနက်ပိုင်း၌ နှစ်ကြိမ်တိုင် အလစ်ဝင်တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဘက်မှ ၇ဦး‌သေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့‌ကြောင်း ကရင်တပ်ဖွဲ့ဝင်ဘက်က ‌ပြောသည်။

‌ဝေါ်‌လေ‌ဒေသမှ KNLA တပ်ရင်း (၂၀၁)မှ တပ်ဗိုလ်၊ တပ်မှူးနှင့် ရဲ‌ဘော်များ ခရီးထွက်ရန် ပြင်ဆင်‌နေစဉ်
ကရင်အမျိုးသား လွှတ်‌မြောက်‌ရေး တပ်မ‌တော် KNLA တပ်ရင်း (၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူး ‌စောကြည်‌အောင်က “ဒီမနက် ၅နာရီ မိနစ် ၂၀‌လောက်မှာ တစ်ကြိမ်၊ ၇နာရီခွဲ‌လောက်မှာ တစ်ကြိမ်၊ သူတို့စခန်း (ကနဲ‌လေးစခန်း) အနီးအနားမှာပဲ ကျ‌နော်တို့ လူ‌တွေ ဝင်ပစ်တာ အဲဒီမှာ သူတို့လူ‌တွေ ၇ဦး‌သေတယ်။ ၃ဦး ဒဏ်ရာရတယ်။ ကျ‌နော်တို့ လူ‌တွေ ထိခိုက်တာမရှိ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါ ကနဲ‌လေးစခန်းရှိ နအဖ တပ်ဖွဲ့ဝင်များသည် တပ်ရိက္ခာများ သယ်ယူပို့‌ဆောင်‌ရေးတွင် အသုံးပြုရန် ၎င်းတို့ စခန်းတွင် မြင်း ၁၇‌ကောင် ‌ခေါ်ယူထား‌ကြောင်း ထိုဗိုလ်မှူးက ‌ပြောသည်။

လက်ရှိ ကနဲ‌လေးစခန်းတွင် နအဖ ‌ခြေမြန်တပ်ရင်း-ခမရ (၃၄၆)၊ (၅၄၄)နှင့် ‌ခြေလျှင်တပ်ရင်း-ခလရ (၃၁၀) တပ် ဖွဲ့ဝင်များ ဝင်ထွက်သွားလာ လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။