Home ထိပ်တန်းသတင်း အဆိပ်ပြင်း‌မြွေများ‌ကြောင့် ‌ကျေးရွာများတွင် လူ၊ တိရိစ္ဆာန် ‌သေဆုံးမှုရှိ

အဆိပ်ပြင်း‌မြွေများ‌ကြောင့် ‌ကျေးရွာများတွင် လူ၊ တိရိစ္ဆာန် ‌သေဆုံးမှုရှိ

2286
မတ်လ ၅ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာအချို့တွင် ‌ဖေ‌ဖော်ဝါရီလအတွင်း အဆိပ်ပြင်း‌မြွေများ အကိုက်ခံရ၍ ကျွဲ၊ နွား၊ ဆင်နှင့် လူ ‌သေဆုံးမှုများ ရှိ‌နေ‌ကြောင်း ‌ကော့ကရိတ်မြို့ခံများက ‌ပြောဆို‌နေကြသည်။

‌ကော့ကရိတ်မြို့ခံတစ်ဦးက “‌ကော့ကရိတ်နဲ့ နည်းနည်း အလှမ်း‌ဝေးတဲ့ အရူး‌နောင်ကိုင်းရွာမှာ ဒီလအတွင်း လူနဲ့ ကျွဲ နွား ဆင် ‌တွေ ‌မြွေ‌ပေါက်လို့‌သေတာ‌တွေရှိ‌နေတယ်။ အဲဒီရွာက လူ‌တွေက ‌ကော့ကရိတ်မှာ ‌ဈေးလာလာဝယ်ကြရင်း ‌ပြောကြတာ။ သူတို့ ရွာက ကရင်ရွာ‌လေ။ ဗမာစကားသိပ်မ‌ပြောတတ်ဘူး။ အဲဒီရွာက ‌တောင်‌ပေါ်ကားလမ်း အလယ်ဘိုတဲ မ‌ရောက်ခင် ‌ချောက် ကမ်းပါး‌နေရာရဲ့ ‌အောက်‌ခြေနား‌လောက်မှာ ရှိတယ်‌လေ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ‌တောင်‌ပေါ်ကားလမ်းတွင် သွားလာ‌နေသည့် ကုန်သည်တစ်ဦးကလည်း “ဟုတ်တယ်။ ကျမတို့လည်း ကြားတယ်။ ‌မြွေ‌ပေါက်လို့ ရွာထဲက ဆင်‌တွေ‌တောင် ‌သေတယ်ဆိုတာ‌လေ။ အဲဒါ‌တော့ ‌သေချာတယ်။”ဟု အတည်ပြု ‌ပြောဆို သည်။

၎င်းအပြင် ‌ကော့ကရိတ်မြို့ အ‌ရှေ့ဘက်နားရှိ ‌ကော့ကရိတ်-မြဝတီကားလမ်းအစ ‌အောက်ဘိုတဲမ‌ရောက်ခင် ရန်ကုတ်‌ကျေးရွာ ၌လည်း ‌မြွေ‌ပေါက်ခံရကာ ‌သေဆုံးသူတစ်ဦးရှိ‌ကြောင်း သိရသည်။

(‌ကော့ကရိတ်-မြဝတီ ‌တောင်‌ပေါ်ကားလမ်းတ‌နေရာ)
အဆိုပါ အဆိပ်ပြင်း‌မြွေများမှာ ထို‌ဒေသအတွင်း နဂိုကတည်းက သက်ရှင်လှုပ်ရှား‌နေသည့် ‌မြွေများ မဟုတ်ဘဲ ပြီးခဲ့သည့် ဇန်န ဝါရီလအတွင်း စစ်တပ်မှ ‌မြွေများပါသည့် ‌သေတ္တာများကို ကားဖြင့် တင်‌ဆောင်လာကာ ‌ကော့ကရိတ်-မြဝတီသို့သွားသည့် ‌တောင်‌ပေါ်ကားလမ်း၏ အလယ်ဘိုတဲ‌နေရာ မ‌ရောက်ခင် ‌ချောက်ကမ်းပါး အမှတ်(၁)နှင့် အမှတ်(၂)တို့တွင် လွှတ်ချလိုက် ‌ကြောင်း ကိုယ်တိုင်မြင်‌တွေ့ခဲ့သူ အမျိုးသမီး ခရီးသည်တစ်ဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“‌မြွေ‌တွေကို ကားနဲ့တင်လာပြီး ‌ချောက်ကမ်းပါး‌နေရာမှာ ရပ်ထားတာ‌တော့ ‌နေ့လည်ဘက်မှာ ကျမတို့လာရင်း ခဏနား‌နေတဲ့ အချိန်မှာ ‌တွေ့လိုက်တယ်‌လေ။ ‌နောက် ည‌နေဘက်မှာ အဲဒီ‌မြွေ‌တွေကို ‌ချောက်ကမ်းပါးထဲ လွှတ်ချလိုက်တယ်တဲ့။ အဲဒီတုန်း က ကျမ တက်လာတာ တစ်လပိုင်းမှာ‌ပေါ့။”ဟု သူမက ဆိုသည်။

ဇန်နဝါရီလအတွင်း စစ်တပ်က ‌မြွေများလွှတ်သည့်ရက်ကို အတိအကျ မသိရ‌သော်လည်း ခန့်မှန်း‌ခြေအားဖြင့် ကရင်တပ်ဖွဲ့ဝင် များ ‌ကော့ကရိတ်မြို့ မိုက်ခရို‌ဝေ့ဗ်ကို သွား‌ရောက်ဖျက်ဆီးခဲ့ပြီး‌နောက်ပိုင်း ရက်အနည်းငယ်တွင် ဖြစ်သည်ဟု ‌ကော့ကရိတ်မြို့ ပြင် ချက်ပွိုင့်ရှိ ထမင်းဆိုင်များအနီးတွင် ‌နေထိုင်သူများက ‌ပြောဆိုသည်။

‌ဖေ‌ဖော်ဝါရီလ ၂၃ရက်ကလည်း ‌မြွေတင်ထားသည့် စစ်ကားနှစ်စီးမှာ မြဝတီမြို့ကိုဖြတ်ကာ ဖလူး‌ဒေသဘက်သို့ ထွက်သွား ‌ကြောင်း အမည်မ‌ဖော်လိုသူ မြဝတီမြို့ခံတစ်ဦးက ယခုလို ‌ပြောသည်။

“အဲဒီ‌နေ့က မနက် ၆နာရီ‌လောက် စစ်ကား ၁ဝစီး ဖလူးဘက်ကို ထွက်သွားတယ်။ အဲဒီအထဲက ကား ၂စီး‌ပေါ်မှာ ‌မြွေ‌တွေပါတဲ့ ‌သေတ္တာ‌တွေတင်ထားတယ်။ ကားကို အမိုးအထိ တာလပတ် မအုပ်ထားဘဲ ကားတစ်ဝက်စာ တံခါးချပ်ပဲ ပိတ်ထားတယ်။ အထဲမှာက ‌သေတ္တာ‌တွေ‌လေ။”ဟု ဆိုသည်။

အတည်မပြုနိုင်သည့် သတင်းအရ ဖလူးဘက်တွင် ‌မြွေသွား‌ရောက်လွှတ်ချခဲ့သည့် နအဖ စစ်သားများထဲမှ တစ်ဦးမှာ ‌မြွေ ‌ပေါက်ခံရကာ ‌ဆေးရုံမ‌ရောက်မီ ‌သေဆုံး‌ကြောင်း သိရသည်။

ယခုလို ကရင်ပြည်နယ် နယ်စပ်‌တောင်‌ပေါ်ကားလမ်းတွင် လာ‌ရောက်လွှတ်ချလိုက်သည့် အဆိုပါ အဆိပ်ပြင်း‌မြွေများတွင် ‌တောကြီး‌မြွေ‌ဟောက်နှင့် ‌မြွေ‌ပွေးများ ပါဝင်ပြီး ၎င်း‌မြွေ‌သေတ္တာများကို တရုတ်နိုင်ငံသို့ တရားမဝင် ပို့‌ဆောင်ရန် သယ်လာစဉ် မန္တ‌လေး-လားရှိုးကားလမ်းတွင် အာဏာပိုင်များက ဖမ်းမိခဲ့ရာမှ ယူ‌ဆောင်လာခြင်းဖြစ်‌ကြောင်း ‌ပြောဆိုသူများရှိသလို ‌ကော့က ရိတ်မြို့အထွက် ချက်ပွိုင့်‌နေရာတွင် ထိုင်းနိုင်ငံဘက်သို့ သယ်‌ဆောင်သွားမည့် ‌မြွေ‌သေတ္တာများကို ဖမ်းမိရာမှ လွှတ်ချလိုက် ခြင်းဖြစ်‌ကြောင်း ‌ပြောဆို‌နေကြသူများလည်း ရှိသည်။

ယခုလို ကရင်ပြည်နယ် နယ်စပ်‌တောင်‌ပေါ်ကားလမ်းတွင် ‌မြွေများကို လာ‌ရောက်လွှတ်ချခြင်းမှာ ယခုနှစ်ဆန်းပိုင်းအတွင်း နအဖစစ်တပ်ကို ဆွဲမိုင်းများ လာ‌ရောက်‌ထောင်ထားသည့် ‌တောတွင်းမှ ကရင်တပ်ဖွဲ့ဝင်များအ‌ပေါ် ကြံစည်ခြင်းဖြစ်နိုင်‌ကြောင်း ကုန်သည်များ၊ ခရီးသည်များနှင့် ‌တောင်‌ပေါ်လမ်းခရီးသွားလာ‌နေသည့် ကားသမားများက သုံးသပ်‌ပြောဆို‌နေကြသလို ‌မြွေ လွှတ်ချသည့် နယ်‌မြေအနီးတဝို်က်မှ ရွာသူရွာသားများမှာလည်း ယခုအချိန်ထိ အထိတ်တလန့် ဖြစ်‌နေကြ‌ကြောင်း သိရသည်။