Home ထိပ်တန်းသတင်း ယာယီ စစ်‌ပြေးဒုက္ခသည်များ ‌နေစရာ အမိုးအကာ အ‌ရေးတကြီး လိုအပ်‌နေ

ယာယီ စစ်‌ပြေးဒုက္ခသည်များ ‌နေစရာ အမိုးအကာ အ‌ရေးတကြီး လိုအပ်‌နေ

2502
မတ်လ ၁၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ဖလူး၊ ‌ဝေါ်‌လေတိုက်ပွဲ‌ကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်‌ပြေးခိုလှုံ‌နေသည့် ကရင်ပြည်နယ်မှ စစ်‌ပြေးဒုက္ခသည်များသည် ယခု ရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းမှု‌ကြောင့် လက်ရှိအချိန်တွင် ‌နေစရာအမိုးအကာများ အ‌ရေးတကြီး လိုအပ်‌နေသည်ဟု ၎င်းဒုက္ခသည်များက ‌ပြောသည်။

မဲ‌ဆောက်မြို့နယ် ‌မော်ကဲထိုင်းရွာတွင် ခိုလှုံ‌နေရသည့် စစ်‌ပြေးဒုက္ခသည် ရွာသူကြီးတဦးက “မိုးရွာတာ ‌လေးရက်ဆက်တိုက်ရှိ ပြီ။ အရင်က သူများ‌ပေးထားတဲ့ တာလပတ်အမိုး‌တွေလည်း ‌ဆွေးလို့ မိုးမလုံ‌တော့ဘူး။ ဘာဖြစ်လို့လဲဆို‌တော့ အခု ရွာသား ‌တွေသုံး‌နေတဲ့ တာလပတ်ဟာ ‌နေပူထိပြီး‌တော့ မိုးပြန် ထိလို့မရဘူး။ တချို့ရွာသား‌တွေက‌တော့ ဖြစ်သလိုနဲ့ပဲ‌နေကြတယ်။ တချို့က အသိအိမ်‌တွေမှာ ခိုကပ်ပြီး‌နေရတဲ့အချိန်ကျ‌တော့ အိမ်ရှင်ကိုလည်း အားနာရတယ်။”ဟု ‌ပြောသည်။

ယခုလို မိုးဆက်တိုက် ရွာသွန်းမှု‌ကြောင့် စစ်‌ပြေးဒုက္ခသည်များအတွင်း ဖျားနာမှုများ တစုံတရာ မရှိ‌သေး‌သော်လည်း မိုးမလုံ သည့် ယာယီတဲ‌အောက်က ဖြစ်သလို ‌နေထိုင်ကြ‌သော ရွာသူရွာသားများ၏ ကျန်းမာ‌ရေးအတွက် စိုးရိမ်‌နေရသည်ဟု အဆိုပါ ရွာသူကြီးက ‌ပြောသည်။

စစ်‌ပြေးဒုက္ခသည် အမျိုးသမီးတဦးကလည်း “အမိုးအကာ တခုတည်း လိုအပ်တာ မဟုတ်ဘူး။ အဝတ်အထည်‌တွေလည်း လို တယ်။ ‌ခြေ‌အေး၊ လက်‌အေးပြီး ဘာမှ မလုပ်ချင် မကိုင်ချင်ဘူး ဖြစ်‌နေတယ်။ အခုရွာတဲ့မိုးက မိုးရာသီမှာ ရွာတဲ့မိုးလို မဟုတ် ဘူး။ အရမ်း‌အေးတယ်။ က‌လေး‌တွေအတွက်ဆို ပိုပြီး စိုးရိမ်ရတယ်” ‌ပြောသည်။

အဆိုပါစစ်‌ပြေးဒုက္ခသည်များအား ထိုင်းနိုင်ငံအ‌ခြေစိုက် တီဘီဘီစီ (Thai-Burma Border Consortium)မှ ကူညီ‌ထောက်ပံ့ ‌ပေးထားပြီး ကျန်းမာ‌ရေးကို ထိုင်းနယ်စပ် အ‌ခြေစိုက်သည့် ကျန်းမာ‌ရေးလုပ်သားအဖွဲ့နှင့် လူမှုကယ်ဆယ်‌ရေးအဖွဲ့များက ကြည့်ရှု‌စောင့်‌ရှောက်‌ပေးထား‌သော်လည်း လက်ရှိ ရာသီဥတုဒဏ်ကို ရင်ဆိုင်‌နေရသည့်ဒုက္ခကို ၎င်းအဖွဲ့များက ‌လော‌လော ဆယ်တွင် မ‌ဖြေရှင်းနိုင်‌သေး‌ကြောင်း လူမှုကယ်ဆယ်‌ရေးအဖွဲ့၏ တာဝန်ခံတဦးက ယခုလို ‌ပြောသည်။

(မဲ‌ဆောက်မြို့နယ်ရှိ ‌မော်ကဲထိုင်းရွာတွင် ခိုလှုံ‌နေရသည့် စစ်‌ပြေးဒုက္ခသည်များ - Photo KIC)

၎င်းက “ဒုက္ခသည်‌တွေ ကြုံ‌တွေ့‌နေရတဲ့ အခက်အခဲ‌တွေကို ကျမတို့ သိပါတယ်။ ဒါ‌ပေမယ့် ‌လော‌လောဆယ်အချိန်မှာ အမိုး အကာ‌ပေးဖို့ဆိုတာက ဘာအစီအစဉ်မှ မရှိ‌သေးပါဘူး။ အ‌ကြောင်းက ‌ငွေ‌ကြေးအခက်အခဲရယ်၊ ဒီဒုက္ခသည်‌တွေဟာ ထိုင်းအ စိုးရက တရားဝင်သတ်မှတ်ထားတာ မဟုတ်‌တော့ အဲန်ဂျီအိုအဖွဲ့အစည်း‌တွေ ထိထိ‌ရောက်‌ရောက် ဝင်ကူညီဖို့လည်း ခက် တယ်။”ဟု ‌ပြောသည်။

လူဦး‌ရေ ၁၂,၀၀၀‌ကျော်ရှိ ၎င်းစစ်‌ပြေးဒုက္ခသည်များသည် ကရင်ပြည်နယ် မြဝတီခရိုင်၊ ‌ဝေါ်‌လေနှင့် ဖလူး‌ဒေသမှ ရွာသူရွာသား များ ဖြစ်ကြပြီး ၂၀၁ဝခုနှစ် နိုဝင်ဘာလက နအဖနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှု‌ကြောင့် ထိုင်းနိုင်ငံ ‌မြောက်ပိုင်း တာ့ခ်ခရိုင်ရှိ မဲ‌ဆောက်၊ ဖို့ဖရ၊ အုန်းဖန်မြို့နယ်များ၌ ယာယီ ခိုလှုံကာ ပြန့်နှံ့‌နေထိုင်လျှက်ရှိသည်။

လက်ရှိအချိန်တွင် ‌ဝေါ်‌လေနှင့် ဖလူး‌ဒေသတွင် နအဖနှင့်ကရင်တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုများ နည်းပါးလာသည့် အရိပ်အ ‌ယောင်ရှိလာ‌သော်လည်း ‌ကျေးရွာအတွင်း ‌မြေမြှုပ်မိုင်းအန္တရာယ်များ‌ကြောင့် စစ်‌ပြေးဒုက္ခသည်များမှာ ယ‌နေ့အချိန်ထိ ‌နေရပ် ရင်းသို့ မပြန်နိုင်‌သေးဘဲ ဖြစ်‌နေသည်။