Home ထိပ်တန်းသတင်း တိုက်ပွဲနည်းလာ‌သော်လည်း နအဖတပ်ဖွဲ့ဝင်များ ဆက်လက် မိုင်းထိမှန်‌နေ

တိုက်ပွဲနည်းလာ‌သော်လည်း နအဖတပ်ဖွဲ့ဝင်များ ဆက်လက် မိုင်းထိမှန်‌နေ

1758
မတ်လ ၁၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ KNU ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၇)နယ်‌မြေတွင် တိုက်ပွဲဖြစ်ပွားမှု နည်းပါးလာ‌သော် လည်း ယခုရက်ပိုင်းအတွင်း ‌မြေမြှုပ်မိုင်း‌ကြောင့် နအဖ တပ်ဖွဲ့ဝင်များ ထိခိုက်မှုများ ဆက်လက် ရှိ‌နေဆဲဖြစ်သည်ဟု သိရ သည်။

ကရင်ပြည်နယ်အတွင်း နအဖ လှုပ်ရှားတပ်ဖြစ်သည့် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၂)လက်‌အောက်ခံ ခမရ(၅၄၆)တပ် ရင်းသည် မတ်လ ၁၁ရက်နှင့် ၁၂ရက်‌နေ့၌ လှိုင်းဘွဲမြို့နယ်၊ ကလို့ယို‌ချောင်း အ‌နောက်ဘက်ခြမ်း ကလို့ယိုထာ့တွင် ကရင် အမျိုးသားအစည်းအရုံး(KNU)၏ ‌မြေမြှုပ်မိုင်းထိမှန်၍ ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU တပ်မဟာ(၇)ရုံးထိုင်မှူး ဗိုလ်မှူး‌စော အဲ့ဆဲဆဲက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“နအဖတပ်‌တွေ မတ်လ ၁၁ရက်‌နေ့က ကျ‌နော်တို့ ဗုံးနဲ့ ၂‌ယောက်ထိတယ်။ တပ်ကြပ်တ‌ယောက်ပါတယ်။ တပ်ကြပ်က ‌တော့ ‌ခြေနှစ်ဖက်စလုံး ပြတ်သွားတယ်။ ၁၂ရက်‌နေ့မှာ ၂‌ယောက် ထပ်ထိတယ်။ ဗိုလ်တ‌ယောက် ပါတယ်။ ရဲ‌ဘော် ၁ ‌ယောက် ပါတယ်။”ဟု ‌ပြောသည်။

ထို‌ဒေသရှိ နအဖ လှုပ်ရှားတပ်များသည် ၎င်းတို့‌နောက်လိုက်‌နေသည့် BGF တပ်များ၏‌ရှေ့မှ လမ်းပြအဖြစ် သွားခဲ့သည့်အ တွက် ယခုလို မိုင်းထိမှန်ကာ ဒဏ်ရာရရှိခြင်းဖြစ်‌ကြောင်း နယ်ခြား‌စောင့်တပ်-BGF နှင့် နီးစပ်သူတဦးက ‌ပြောသည်။

“အဲဒီနယ်မှာ လက်ရှိ လှုပ်ရှား‌နေတဲ့ စစ်တပ်က နယ်ခြား‌စောင့်‌တွေကို ‌ရှေ့‌ပြေးလမ်းပြခိုင်းတယ်။ ဒါ‌ပေမဲ့ သွားမဲ့သူမရှိလို့ သူတို့ပဲသွား‌တော့ မိုင်းထိတာ‌ပေါ့။”ဟု ဆိုသည်။

ကရင်ပြည်နယ်အတွင်း KNU တပ်မဟာ(၆)၌လည်း မတ်လ ၁ဝရက်‌နေ့က ‌ဝေါ်‌လေ‌ဒေသရှိ ကနဲ‌လေးစခန်းအနီးတွင် နအဖ တပ်ဖွဲ့ဝင်များနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ဒုဗိုလ်တဦး အပါအဝင် ၅ဦး‌သေ ဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့သည်။