Home ထိပ်တန်းသတင်း လူထု၏ စပါးနှင့် ဆန်တင်း ၃၀ဝ ‌ကျော် နအဖနှင့် BGF ယူစား

လူထု၏ စပါးနှင့် ဆန်တင်း ၃၀ဝ ‌ကျော် နအဖနှင့် BGF ယူစား

1947
‌ဖေ‌ဖော်ဝါရီလ ၁၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဘူးသိုမြို့နယ် ဘွားဒဲ‌ကျေးနယ်အတွင်းရှိ ထို့တ‌လေးကိုးရွာ ‌ဒေသခံလူထု၏ စပါးနှင့်ဆန် တင်း ၃၀၀‌ကျော်ကို နအဖ တပ်မ(၁၁)လက်‌အောက်ခံ တပ်ရင်းအချို့နှင့် နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များက ယခုလဆန်းပိုင်း၌ ယူ ‌ဆောင်စားသုံး‌နေ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

နအဖ တပ်မ(၁၁) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း ခမရ(၂၁၂)၊ ခမရ(၂၂၀)တပ်များနှင့် နယ်ခြား‌စောင့်တပ်-BGF (၁၀၁၄) တပ်ဖွဲ့ဝင်များက ဘူးသိုမြို့နယ် မယ်ပ၊ မယ်လာ့ထာ့နှင့် ကျို့လို့ဂွင်အတွင်း လာ‌ရောက်လှုပ်ရှားမှုကို ‌ရှောင်တိမ်းထွက်‌ပြေး ‌နေသည့် ထို့တ‌လေးကိုးရွာသားများ၏ ရွာတွင်းရှိ စပါးကျီများမှ စပါးနှင့် ဆန်များ ယခုလို ယူ‌ဆောင်ခံရခြင်း ဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

စပါးနှင့် ဆန်ယူစားခံရသူများမှာ ‌စောဖါးဘလဲ့၏ စပါးတင်း ၆၀၊ ဆန် ၃တင်း။ ‌စောသုဘွဲ၏ စပါးတင်း ၅၀၊ ‌နော်ဝီ၏ စပါး တင်း ၇၀၊ ‌စောဝါး၏ စပါးတင်း ၆၀၊ ‌စောတိုပင်း၏ စပါးတင်း ၇ဝတို့ဖြစ်သည်ဟု သိရသည်။

KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ်ဒို့က “သူတို့(နအဖနဲ့ BGF) အခု ရွာသား‌တွေရဲ့ စပါးနဲ့ ဆန်‌တွေယူစားတာ ထို့တ‌လေးကိုးရွာတရွာပဲ ‌ကောက်လို့ ရ‌သေးတာ။ ကျန်တဲ့ အဲဒီနီးနားရွာ‌တွေလည်း သူတို့ဟာ ယူစားခံ ရတာ ရှိတယ်။ ‌ရှေ့တန်းမှာ‌နေ‌တော့ ‌နောက်က သူတို့ဆီ ပို့လာတဲ့ ရိက္ခာက အခက်အခဲရှိတာကိုး။ ဒါ‌ကြောင့် လူထုစပါးနဲ့ ဆန်ကို ဒီလိုယူစားတာ‌ပေါ့။ ‌တောင်ယာစပါးက သူတို့ စပါးထက် အရသာ အများကြီး သာတယ်‌လေ။ ‌နောက် အဲဒီရွာ‌တွေ က လူ‌တွေမရှိ‌တော့‌ပေမဲ့ ဆန်‌ထောင်းဆုံရှိတဲ့အခါကျ‌တော့ လုပ်စားရတာ လွယ်လွယ်‌လေး‌ပေါ့။”ဟု ‌ပြောသည်။

၎င်းအ‌ခြေအ‌နေနှင့် ပတ်သက်၍ ‌ဒေသခံတစ်ဦးက “ကျ‌နော်တို့‌တော့ အ‌တော်ဒုက္ခ‌ရောက်တယ်ဗျာ။ ဒါ‌ပေမဲ့ ဘာမှမတတ် နိုင်ဘူး။ ကိုယ့်ဆန်၊ စပါး‌တွေကို သူတို့က ယူစားတယ်။ ကျ‌နော်တို့က‌တော့ ‌လော‌လောဆယ် နီးစပ်ရာရွာ‌တွေဆီက မျှ‌ဝေ ယူစား‌နေရတယ်။”ဟု ‌ပြောသည်။

‌ဒေသခံများ၏ စပါးနှင့်ဆန်ကို ယူစားသည့် နအဖ တပ်မ(၁၁)လက်‌အောက်ခံ ခမရ(၂၁၂)၊ (၂၂၀)တပ်ရင်းသည် ပြီးခဲ့သည့် အပတ်က ဒွယ်လိုးမြို့နယ် ကတိုင်တိ‌ကျေးနယ်၌ လှုပ်ရှား‌နေသည့် စကခ(၄) လက်‌အောက်ခံတပ်များနှင့် ‌နေရာပြန်လာလဲ ကာ လက်ရှိ ၎င်း၏‌နေရာကို တပ်မ(၂၂) လက်‌အောက်ခံ ခမရ(၂၀၂)က အစားထိုးခဲ့သည်ဟု KNU ဖာပွန်ခရိုင် သတင်းရပ် ကွက်က ဆိုသည်။

ဗိုလ်မှူး‌စော‌မောင်ချစ် ဦး‌ဆောင်သည့် နယ်ခြား‌စောင့်တပ်-BGF (၁၀၁၄)တပ်ဖွဲ့ဝင်များက ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဘူး သိုမြို့နယ် ဘွားဒဲ‌ကျေးနယ်အတွင်းတွင် ဆက်လက်ကျန်ရှိ‌နေပြီး ပြန်လည်အစားထိုးလာသည့် နအဖ ခမရ(၂၀၂)နှင့် ပူး ‌ပေါင်းလှုပ်ရှားလျှက်ရှိသည်။

၂၀၁၁ခုနှစ်ဆန်းပိုင်းအတွင်း ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် ဘွားဒဲ‌ကျေးနယ်အတွင်းရှိ ရွာများ၌ ‌ဒေသခံလူထု၏ စပါးနှင့် ဆန် များကို ယခုလို နအဖနှင့် BGF တပ်များက ယူ‌ဆောင်စား‌သောက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။