Home ထိပ်တန်းသတင်း ‌နော်အုန်းလှ ရုံးချိန်သို့ ကရင်ပြည်သူများ ငြိမ်းချမ်းစွာ လမ်း‌လျှောက် ဝန်းရံ၊ ပဒိုမန်းငြိမ်း‌မောင် လာ‌ရောက်အား‌ပေး

‌နော်အုန်းလှ ရုံးချိန်သို့ ကရင်ပြည်သူများ ငြိမ်းချမ်းစွာ လမ်း‌လျှောက် ဝန်းရံ၊ ပဒိုမန်းငြိမ်း‌မောင် လာ‌ရောက်အား‌ပေး

3333

စက်တင်ဘာ ၂၇၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသား အာဇာနည်‌နေ့ ကျင်းပသည့်အတွက် အစိုးရက တရားစွဲထားသည့် ‌နော်အုန်းလှနှင့် ကရင်လူငယ် ၂ဦးကို စက်တင်ဘာ ၂၇ ရက်‌နေ့တွင် ‌ကျောက်တံတားမြို့နယ်၊ တရားရုံး၌ တတိယအကြိမ် ရုံးချိန်းသို့ ကရင်ပြည်သူများက မဟာဗန္ဓုလပန်းခြံမှ ပန်းဆိုးတန်းလမ်းမအတိုင်း ငြိမ်းချမ်းစွာ စုစည်းချီတက် ဝန်းရံ ခဲ့ကြသည်။

လာ‌ရောက် ဝန်းရံအား‌ပေးသူ ‌ကေအဲန်ယူ၊ ဗဟို ‌ကော်မတီဝင် မန်းငြိမ်း‌မောင်က “ ‌ဒေါ်‌အောင်ဆန်းစုကြည် နိမ့်ပါး‌နေတုန်းက ‌နော်အုန်းလှက ‌ရွှေတဂုံဘုရားမှာ ဆု‌တောင်း‌ပေးခဲ့တယ်။ ဒါကို‌ထောက်ထားသင့်တယ်။ အမျိုးသားပြန်လည်သင့်မြတ်‌ရေးနဲ့ ယုံကြည်မှုတည်‌ဆောက်တဲ့အ‌နေနဲ့ အမှုကိုပြန်ရုပ်သိမ်း ‌ပေးပါလို့ ‌ပြောချင်တယ်။ ဒါက ကျ‌နော့် တစ်ဦးတည်းအမြင်မဟုတ်ဘူး။ ‌ကေအဲန်ယူ ရဲ့သ‌ဘောထားဖြစ်တယ်။” ဟု တရားရုံး‌ရှေ့၌ မီဒီယာများသို့‌ပြောသည်။

ယ‌နေ့မနက် ဆယ်နာရီခွဲအချိန်ခန့်တွင် အမှုရင်ဆိုင်ရန် ‌နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးတို့ အချုပ်ကားဖြင့် တရားရုံးသို့‌ရောက်ရှိလာပြီး နယ်ပယ်စုံမှပြည်သူ ၃၀ဝ ‌ကျော် လာ‌ရောက်ဝန်းရံနှုတ်ဆက်လျက်ရှိ‌ကြောင်း တရားရုံးသို့ သတင်းသွားယူ‌နေသည့် ‌ကေအိုင်စီ သတင်း‌ထောက်မှ သတင်း‌ပေးပို့သည်။