Home ထိပ်တန်းသတင်း ၁၃နှစ်အရွယ် ‌ယောက်ျား‌လေးတဦး မိုင်းနင်းမိ၍ ‌ခြေစုံပြတ်

၁၃နှစ်အရွယ် ‌ယောက်ျား‌လေးတဦး မိုင်းနင်းမိ၍ ‌ခြေစုံပြတ်

1411
‌ဖေ‌ဖော်ဝါရီလ ၁ဝရက်။ ‌စောခါစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် ကတိုင်တိ‌ကျေးနယ် ဘိုမာဟဲနှင့် ‌ဘောကျုလယ်‌ကျေးရွာအကြားရှိ လှည်း လမ်းတွင် ‌ဖေ‌ဖော်ဝါရီလ ၈ရက်‌နေ့က အသက် ၁၃နှစ်အရွယ် ‌ယောက်ျား‌လေးတဦး နယ်ခြား‌စောင့်တပ်-BGF ‌ထောင်ထား သည့် ‌မြေမြုပ်မိုင်းကို နင်းမိကာ ‌ခြေစုံပြတ်သွားခဲ့သည်ဟု သိရှိရသည်။

ထို‌နေ့မနက် ၁ဝနာရီတွင် ကတိုင်တိ‌ကျေးနယ်အတွင်း လှုပ်ရှား‌နေသည့် BGF (၁၀၁၃)တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီး‌စော ‌မောင်စိုးမြင့် ဦး‌ဆောင်သည့်တပ်ဖွဲ့သည် ‌ဖေ‌ဖော်ဝါရီလဆန်းမှစ၍ ‌ဒေသခံပြည်သူများအား လှည်းလမ်းတွင် သွားသွားလာ လာ မပြုလုပ်ကြရန် အမိန့်ထုတ်ထားပြီး‌နောက်မှ အဆိုပါဘိုမာဟဲ‌ကျေးရွာသား ‌စောဖား‌အောင်‌တော်မှာ ‌မြေမြုပ်မိုင်းကို နင်း မိသွားခြင်း ဖြစ်သည်။

BGF မိုင်းနင်းမိသည့် ၁၃နှစ်အရွယ် ‌စောဖား‌အောင်‌တော်ကို မိဘများက ယမန်‌နေ့က ဖားအံ‌ဆေးရုံသို့ ပို့လိုက်ပြီး အဆိုပါ ကိစ္စ‌ကြောင့် ‌ဒေသခံရွာအရပ်သားများ ရွာပြင်အလုပ်ထွက်လုပ်ရန်နှင့် တရွာနှင့်တရွာ သွားလာရန် ထိတ်လန့်‌နေကြသည် ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံရွာသားတဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“အခု မိုင်းနင်းမိတဲ့ က‌လေးကို BGF က အကူအညီ ဘာမှမ‌ပေးဘူး။ ရွာကလူ‌တွေနဲ့ သူ့မိဘကပဲ ‌ဆေးရုံပို့ခဲ့တယ်။ မ‌နေ့က လူနာကို ကမ‌မောင်း‌ဆေးရုံပို့တယ်။ အဲဒီက‌နေတဆင့် ဖားအံကို ထပ်ပို့တယ်လို့ သိရတယ်။ ဒီလိုမိုင်းနင်းမိသူ ရှိလာတဲ့အခါ ရွာသား‌တွေ အပြင်ထွက်ဖို့ ‌ကြောက်လန့်သလို အလုပ်လည်း ပျက်ရတယ်။”ဟု သူက ‌ပြောသည်။

BGF တပ်ဖွဲ့များသည် ယခုလို လူသွားလူလာများသည့် လှည်းလမ်းတွင် ‌မြေမြုပ်မိုင်း‌ထောင်ဆက်‌ထောင်ပါက ‌ဒေသခံပြည် သူများ အခက်အခဲဆက်ကြုံရနိုင်‌ကြောင်းကို KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ်ဒို့က “ဒီလို လူသွားလာများတဲ့ လှည်းလမ်းမှာ မိုင်း‌ထောင်တာ ပြည်သူ‌တွေအတွက် အန္တရာယ် ပိုများတယ်။ ‌နောက် ရွာသား‌တွေကို အပြင်မထွက်ဖို့ အမိန့်ထုတ်ထားတာ ဘယ်‌တော့ရုတ်သိမ်း‌ပေးမယ်လို့ မ‌ပြောထား‌တော့ စိုးရိမ်စရာပဲ။”ဟု ဆိုသည်။

အင်အား ၂၀ဝ ဝန်းကျင်ရှိ ဗိုလ်မှူး‌စောလှကြိုင် ဦး‌ဆောင်‌သော BGF (၁၀၁၃) တပ်ရင်းသည် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် အတွင်း ရွာ‌ပေါင်း ၃၀‌ကျော်ရှိ‌သော ကတိုင်တိ၊ ‌လေးဖိုးထာ့နှင့် ထီးသဘလုထာ့‌ကျေးရွာအုပ်စု ၃စုမှ ‌ဒေသခံအရပ်သား ၄၀ဝဦးကို နအဖ စစ်တပ်ရိက္ခာထမ်း‌ပေးရန် ယခင်လ ဇန်နဝါရီ ၇ရက်‌နေ့က အဓမ္မ‌တောင်းခံမှုလည်း ရှိခဲ့သည်။

ယခု မိုင်းနင်းမိသည့် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် ကတိုင်တိ ‌ကျေးနယ်အုပ်စုတွင် ဘိုမာဟဲ အပါအဝင် ကတိုင်တိ၊ နို့‌ဖော ထီး၊ ‌ဘောကျုလယ်၊ ဖားလိုးဒို့၊ ဖားလိုးဖိုး၊ ‌တောသူး ကလား၊ ထီးသဲ‌လေး၊ ‌ကျေးရွာများ တည်ရှိသည်။