Home ထိပ်တန်းသတင်း ဟတ်ကြီး ‌ရေကာတာစီမံကိန်း ဖျက်သိမ်းရန် KNU ‌ပြော

ဟတ်ကြီး ‌ရေကာတာစီမံကိန်း ဖျက်သိမ်းရန် KNU ‌ပြော

2107
‌ဖေ‌ဖော်ဝါရီလ ၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဖားအံခရိုင် သံလွင်မြစ်အတွင်း ဟတ်ကြီး‌ရေကာတာဖြစ်‌မြောက်‌ရေးအတွက် ‌ငွေ‌ကြေးမြှုပ်နှံ‌နေသည့် ကုမ္ပဏီများအ‌နေဖြင့် ‌ရေကာတာတည်‌ဆောက်‌ရေးစီမံကိန်းကို ဖျက်သိမ်းရန် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ယမန်‌နေ့တ‌နေ့က ‌ကြေညာချက်တ‌စောင် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် တည်ငြိမ်‌အေးချမ်းမှု မရှိသ‌ရွေ့ ယခု ‌ရေကာတာတည်‌ဆောက်‌ရေး စီမံကိန်းတည်‌ဆောက်ရန် အချိန်မတန် ‌သေးသည့်အတွက် ‌ရေကာတာတည်‌ဆောက်‌ရေးကိစ္စကို ဖျက်သိမ်း‌ပေးရန် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းမှုမရှိ‌သေးတဲ့အတွက် ‌ရေကာတာတည်‌ဆောက်‌ရေး ဖြစ်‌ပေါ်လာနိုင်တဲ့ အ‌ကောင်းအဆိုး‌တွေ ကို ရှာ‌ဖွေ‌ဖော်ထုတ်တဲ့‌နေရာမှာ မထိ‌ရောက်‌သေးဘူး။ ဒါ‌ကြောင့် ဒီအချိန်မှာ ‌ရေကာတာ မတည်‌ဆောက်သင့်‌သေးဘူး။ ကျမတို့ အဓိက မီး‌မောင်းထိုးပြချင်တာက ‌ရေကာတာ‌ကြောင့် ဖြစ်လာမဲ့ ဆိုးကျိုး‌တွေကိုပါပဲ။ တကယ်လို့ တည်‌ဆောက် မယ်ဆိုရင် ‌ဒေသခံပြည်သူ‌တွေ ဒုက္ခ‌ရောက်မယ်။ ဘာဖြစ်လဲဆိုရင် နအဖ စစ်တပ်ကလည်း လုံခြုံ‌ရေး လာချထားအုံးမယ်ဆို ‌တော့ ‌ဒေသခံ‌တွေ အတင်းအဓမ္မ ခိုင်း‌စေခံရမယ်။ ‌ရေကာတာပြီးရင် နအဖပဲ အကျိုးရှိပြီး ပြည်သူ‌တွေအတွက်‌တော့ အကျိုး ရှိမှာ မဟုတ်ဘူး ။”ဟု ‌ပြောသည်။

၎င်းဟတ်ကြီး‌ရေကာတာ တည်‌ဆောက်ပြီးစီးပါက ထို‌ဒေသတွင် ‌ရေလွှမ်းမိုးမှုများဖြစ်ပြီး ‌ဒေသခံပြည်သူများ အိမ်၊ ‌မြေ၊ ခြံ၊ ပစ္စည်းများ စွန့်လွတ်၍ ‌နေရပ်စွန့်ခွာရမည့်အပြင် သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်မည်ဖြစ်သည်ဟု ‌ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ‌ထောက်ပြ‌ပြောဆိုထားသည်။

‌ရေအားလျှပ်စစ် စွမ်းအင် ၁,၂၀ဝ မီကာဝပ် ထုတ်လုပ်နိုင်ရန် ဟတ်ကြီး‌ရေကာတာ တည်‌ဆောက်‌ရေး စီမံကိန်းအတွက် မြန် မာနိုင်ငံမှ The state-run Myanmar Electric Power Enterprise ကုမ္ပဏီ၊ တရုတ်နိုင်ငံမှ Sino-hydro Corporation ကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှ Electricity Generating Authority of Thailand (EGAT)ကုမ္ပဏီတို့က ၂၀၀၆ခုနှစ်တွင် သ‌ဘော တူ လက်မှတ်‌ရေးထိုးခဲ့သည်။

လက်ရှိအ‌ခြေအ‌နေတွင် ဟတ်ကြီး‌ရေကာတာ တည်‌ဆောက်‌ရေးကို သ‌ဘောတူလက်ခံရန် ထိုင်းနိုင်ငံဘက်ခြမ်းနှင့် မြန်မာ နိုင်ငံဘက်ခြမ်းရှိ ပြည်သူများကို ထိုင်း(EGAT)ကုမ္ပဏီနှင့် ထိုင်းအစိုးရ ဝန်ထမ်းများက လိုက်လံစစ်တမ်း‌ကောက်ယူ‌နေ သည်ဟု သိရသည်။

ထိုင်း(EGAT)ကုမ္ပဏီနှင့် အစိုးရဝန်ထမ်းများသည် ယခုလ ၇ရက်‌နေ့တွင် ထိုင်း-မြန်မာနယ်စပ် ဟတ်ကြီးဂွင်အတွင်းရှိ သူးမွဲ ထာ့တ‌နေရာတွင် ‌ဒေသခံပြည်သူများနှင့် အစည်းအ‌ဝေးတခုပြုလုပ်ကာ ‌ဒေသခံများကို ‌ရေကာတာတည်‌ဆောက်‌ရေးအ တွက် လက်ခံ‌ပေးရန် တိုက်တွန်း‌ပြောဆို‌နေ‌ကြောင်း အစည်းအ‌ဝေးတက်‌ရောက်ခဲ့သူ မာနယ်ပ‌လော‌ဒေသမှ မယ်ပရွာသား တဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ဒီကိစ္စကို လက်ခံဖို့ လာ‌ပြောတာက အရင်ကလိုပဲ။ လာတာ EGAT နဲ့ ထိုင်းအစိုးရ အရာရှိ‌တွေပါတယ်။ ဒီကိစ္စကို လက်ခံဖို့ ‌ပေါ့‌နော်။ ဒါ‌ပေမဲ့ ကျ‌နော်တို့ ‌ဒေသခံ‌တွေဘက်က‌တော့ ဒါကို လုံးဝ လက်မခံဘူး။ ဘာဖြစ်လဲဆိုရင် ဒီ‌ရေကာတာဖြစ်လာ မယ်ဆိုရင် ‌ရေ‌တွေ ကျ‌နော်တို့ ‌နေထိုင်တဲ့ နယ်‌မြေနဲ့ အိမ်ယာ၊ ‌မြေ‌တွေကို လွှမ်းမိုးမယ်။ ‌နောက် ကျ‌နော်တို့ ‌မွေးတဲ့ ကျွဲ၊ နွား တိရိစာ္ဆန်‌တွေလည်း ‌နေစရာ မရှိ‌တော့ဘူး။ ဒါ့အပြင် ကျ‌နော်တို့ ကိုယ့်ရွာ၊ နယ်‌မြေ၊ ပစ္စည်းဥစ္စာ‌တွေ အကုန်စွန့်ပြီး ‌ပြောင်း‌ရွှေ့ရမှာ ဖြစ်တဲ့အတွက် ကြပ်တည်းတဲ့ အခက်အခဲ‌တွေနဲ့ ရင်ဆိုင်ရမှာပဲ်။”ဟု ရှင်းပြသည်။

ဟတ်ကြီး‌ရေကာတာစီမံကိန်းအတွက် အဆိုပါကုမ္ပဏီများက အ‌မေရိကန်‌ဒေါ်လာ ၁ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းထား သလို လာမည့် ၂၀၁၉ခုနှစ်တွင် လျှပ်စစ်စွမ်းအင် စတင်ဖြန့်ဖြူးနိုင်လိမ့်မည်ဖြစ်‌ကြောင်း Burma River Network- BRW ဝက်ဘ်ဆိုက်တွင် ‌ဖော်ပြထားသည်။

၂၀၀၇ခုနှစ် စက်တင်ဘာလက ဟတ်ကြီး‌ရေကာတာတည်‌ဆောက်‌ရေးတွင် EGAT ကုမ္ပဏီမှ ဝန်ထမ်း ၂ဦး အသတ်ခံရပြီး ‌နောက် ဟတ်ကြီး‌ရေကာတာတည်‌ဆောက်မည့် သံလွင်မြစ်နံ‌ဘေးရှိ မြန်မာဘက်ခြမ်းနှင့် ထိုင်းဘက်ခြမ်း ‌ဒေသခံလူထုများ ကို ‌ရေကာတာတည်‌ဆောက်မှုနှင့် ပတ်သက်၍ EGAT က ယခုအချိန်ထိ စစ်တမ်း‌ကောက်ခံခဲ့ခြင်း ဖြစ်သည်။