Home တွေ့ဆုံမေးမြန်းခန်း နှစ် ၆၀‌မြောက် ကရင့်အမျိုးသား အာဇာနည်‌နေ့အ‌ပေါ် ‌ကေအဲန်အယ်လ်‌အေ ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး ‌စောဒူးမှ ‌ကေအိုင်စီသို့ ‌ပြောကြားချက်

နှစ် ၆၀‌မြောက် ကရင့်အမျိုးသား အာဇာနည်‌နေ့အ‌ပေါ် ‌ကေအဲန်အယ်လ်‌အေ ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး ‌စောဒူးမှ ‌ကေအိုင်စီသို့ ‌ပြောကြားချက်

2333

‌မေး – ဒီဩဂုတ်လ ၁၂ရက်‌နေ့မှာ ကျ‌ရောက်တဲ့ အနှစ်(၆၀)‌မြောက် ကရင်အမျိုးသား အာဇာနည်‌နေ့မှာ အာဇာနည်‌နေ့ဖြစ်လာရတဲ့ အ‌ကြောင်းရင်း အကျဉ်းချုပ်‌လေး အနည်းငယ် ‌ပြောပြပါလား။

ကျ‌နော့်နာမည်က ဖူး‌စောဒူးပဲ ‌ခေါ်တာများပါတယ်။ ရာထူးက‌တော့ ဒုတိယ ဗိုလ်မှူးကြီး တာဝန်က‌တော့ သဝခမှာ သင်တန်းမှူးချုပ်။ အာဇာနည်ဖြစ်‌ပေါ်လာတဲ့ အ‌ကြောင်းရင်းက ၁၉၅ဝ ခုနှစ်မှာ ဖာပွန် အစည်းအ‌ဝေးမှာ ဥက္ကဌ ကြီး ‌စောဘဦးကြီးက မူ (၄)ချက် သူ ချထားတယ်။ သူက‌နေပြီး‌တော့ နိုင်ငံခြားကို ထွက်ဖို့ သူဆင်းသွားတယ်။ သူဆင်းသွား‌တော့ ပီ့တခါ့ကို‌ရောက်‌တော့ မိုးအကြီးအကျယ် ရွာတဲ့အ‌ပေါ်မှာ ရွာသား‌တွေက သူ့ကို တားတာ‌ပေါ့။ သူက သွားမယ်တဲ့။ သွား‌တော့ ထို့‌ကော်ကိုးရွာ‌ရောက်‌တော့ ရွာသား‌တွေက သူ့ကို ရွာထဲမှာ မ‌ပေးအိပ်ဘူး။ လယ်တဲမှာ သွား‌ပေးအိပ်တယ်။ လယ်ထဲမှာ သွားအိပ်‌တော့ ရွာသား‌မောင်ကဲက‌နေပြီး‌တော့ ရန်သူကို သွားတိုင် တယ်။ ရန်သူက အဲဒီမှာ ဖဆပလတပ်ပဲ။ ဗိုလ်စိန်လွင်ကို သွားတိုင်တာ။ ဗိုလ်စိန်လွင်က အဲဒီအချိန်မှာ သူတပ်စု မှူးပဲ ရှိ‌သေးတယ်။ မိုးလင်း‌ရောက်အချိန်မှာ လာပြီး‌တော့ ဝိုင်းပစ်‌တော့ အဲဒါ ဥက္ကဌကြီးနှင့် အဖွဲ့က ခုခံပြီး‌တော့ အဲဒီမှာပဲ အကုန်လုံး ကျဆုံးသွားတယ်။ အဲဒါ‌ကြောင့်မို့လို့ အဲဒီအချိန်က စပြီး‌တော့ အာဇာနည်‌နေ့အဖြစ် တစ်ပြည်လုံးအတိုင်းအတာနဲ့ အာဇာနည်‌နေ့လို့ သတ်မှတ်ထားတယ်။

‌မေး – အာဇာနည်‌နေ့ဟာ ကရင်‌တော်လှန်‌ရေးအတွက်ဆိုရင် အနှစ်(၆၀)ရှိလာပြီးဆို‌တော့ အခုချိန်ထိ‌တော့ ‌တော်လှန်‌ရေးက‌တော့ ပြီးဆုံးမှုမရှိ‌သေးဘူး‌ပေါ့‌နော်။ အခုလက်ရှိ ဆက်လက်ပြီး‌တော့ ‌တော်လှန်‌ရေးတိုက်ပွဲကို ဆင်နွဲ‌နေမယ့် ကရင်တပ်ဗိုလ်၊ တပ်မှူး‌တွေ‌ကော ‌ကေအဲန်ယူ တပ်ဗိုလ်၊ တပ်မှူး‌တွေကို အဖူးအ‌နေနဲ့ ဘယ်လို ‌ပြောချင်ပါသလဲ။
အာဇာနည်‌နေ့မှာ ရဲ‌ဘော်‌တွေကို ကိုယ်တိုက်ရမယ့် ရန်သူကို အဲဒီအချက်‌လေး (၆)ချက်‌လောက် ‌ပေး‌ဝေချင် တယ်။ အဲဒီအချက် (၆)ချက်က‌တော့ (၁) မ‌ရေမရာ မတိမကျတဲ့ ရန်သူကို မတိုက်ရဘူး။ (၂) ငါတိုက်မယ့် ရန်သူ ဟာ ငါ့ထက် အင်အားနည်းရမယ်၊ သတိ ဝီရိယလည်း နည်းရမယ်၊ အဲဒီ ရန်သူမျိုးကို ‌ရွေးတိုက်ရမယ်။ (၃) အချိန် ဆွဲပြီး‌တော့ တိုက်တဲ့ တိုက်ပွဲမျိုးကို ‌ရှောင်ကြဉ်ရမယ်။ (၄) ငါတိုက်မယ့် ငါ့ရဲ‌ဘော်‌တွေက ရန်သူကို တိုက်တဲ့အ ‌ပေါ်မှာ စိတ်ဓာတ်‌ကောင်းရမယ်။ (၅) စစ်မတိုက်ခင် သူတို့စိတ်ဓာတ်တက်ကြွ‌အောင် ရက်တို သင်တန်း‌ပေးပြီးမှ တိုက်ရမယ်။ (၆) အဲဒီ ငါတို့ပြည်သူထဲမှာ ယုံကြည်မှုကို ထားရမယ်။ အဲဒီအချက်(၆)ချက်အ‌ပေါ်မှာ အ‌ခြေပြုပြီး ‌တော့ ရဲ‌ဘော်‌တွေကို မှာကြားချင်တာ‌ပေါ့။
‌မေး – ‌နောက်တခုက ဒါက လက်ရှိရဲ‌ဘော်‌တွေ‌ပေါ့‌နော်။ ဒါ‌ပေမယ့် ကျမတို့ ကရင်ပြည်သူ လူထုဆိုလို့ရှိရင် လည်း ပြည်တွင်းမှာလည်းရှိတယ်။ နယ်စပ်‌ကော၊ ပြည်ပမှာလည်း ရှိတယ်ဆို‌တော့ ဒီအာဇာနည်‌နေ့နဲ့ ပတ်သက် ပြီး အဖူးအ‌နေနဲ့‌ပေါ့‌နော် ‌တော်လှန်‌ရေး ‌ခေါင်း‌ဆောင်တစ်ဦး‌ပေါ့‌နော်။ ကိုယ့်လူထု‌တွေ ဘာများ‌ပြောချင်‌သေးလဲ။
ကိုယ့်လူထု‌တွေက‌တော့ အခုက ‌တော်လှန်‌ရေးက အနှစ်(၆၀)အ‌ပေါ်မှာ ကြာကြာခံပြီး‌တော့ ‌တော်လှန်ကျတာပဲ။ တပ်မ‌တော်နဲ့လက်တွဲပြီး‌တော့ စည်းစည်းလုံးလုံးနဲ့ အဲဒါ ရန်သူကို အနိုင်မခံ အရှုံးမ‌ပေးဘဲနဲ့ ဒီက‌နေ့အထိ ရွတ် ရွတ်ချွတ်ချွတ် တိုက်‌နေကြတာ‌ပေါ့။ ‌ရှေ့ကိုလည်း ဒီလို စိတ်ဓာတ်မျိုး‌မွေးပြီး‌တော့ အဆက်မပြတ် တက်ကြွဖို့ ‌တော်လှန်‌ရေး‌အောင်မြင်တဲ့အထိ အဲဒါ အကြံ‌ပေးတိုက်တွန်းအပ်ပါသည်။

‌မေး – အဲဒါက ခုနသလို ရဲ‌ဘော်‌တွေ ‌ပြောသလိုဘဲ ဖြစ်သွားတယ်။ လူထုအ‌နေနဲ့‌ကော ကရင့်‌တော်လှန်‌ရေးကို ဘယ်လိုမျိုး ပံ့ပိုးမှု‌တွေ ‌ပေးဖို့ ဒါမှမဟုတ် တစုံတရာ အဖူးဘာ‌တွေ ‌ပြောချင်‌သေးလဲ။ ကိုယ့်လူထုကို‌ပေါ့‌နော်။
ကိုယ့်လူထုအ‌ပေါ်မှာက‌တော့ ဒီလိုရှိတယ်။ လူထုက ‌တော်လှန်‌ရေးသမားကို မ‌ထောက်ခံခဲ့လို့ရှိရင် ဒီ‌တော်လှန် ‌ရေးက မရပ်တည်နိုင်ဘူး။ ဒီအ‌ပေါ်မှာ ကျ‌နော်တို့ ပြည်သူလူထုကို မှာချင်တာက ကိုယ့်‌တော်လှန်‌ရေး ရဲ‌ဘော် ‌တွေ အုပ်ချုပ်‌ရေးအရာရှိ‌တွေကို လက်တွဲပြီး‌တော့ ယုံယုံကြည်ကြည်နဲ့ ‌တော်လှန်‌ရေး ‌အောင်မြင်တဲ့အထိ ချီ တက်ပြီး‌တော့ တက်ကြွဖို့ အဲဒါ မှာကြားချင်တယ်။
‌မေး – ‌နောက်ဆုံးတချက်အ‌နေနဲ့ အခု ကရင်တိုင်းရင်းသားဆိုတာလည်း မြန်မာပြည်ထဲမှာ ရှိတဲ့တိုင်းရင်းသား လူမျိုးစုတစ်စုပဲဆို‌တော့ မြန်မာ့နိုင်ငံ‌ရေးက မြန်မာပြည်တခုလုံးက အခုတဲ့ထိ နိုင်ငံ‌ရေးအ‌ခြေအ‌နေ မတည်ငြိမ် ‌သေးဘူး။ ပြည်တွင်းစစ်ဖြစ်ပွား‌နေတုန်းပဲဆို‌တော့ အ‌နေအထား‌ပေါ်မှာ ကျမတို့ ကရင့်‌တော်လှန်‌ရေးကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံ‌ရေးတစ်ခုလုံးလည်း ဘယ်လိုပုံစံမျိုးနဲ့ ဘယ်‌လောက်ထိ အ‌ရေးပါမှုရှိသလဲဆိုတဲ့‌ပေါ့‌နော်။ အဖူးတစ်‌ယောက်ရဲ့ အမြင်‌လေး‌ပေါ့။
အခုက ကျ‌နော်တို့ ‌တော်လှန်‌ရေးစတုန်းက ‌တော်လှန်‌ရေးသမား‌တွေ တက်ညီလက်ညီနဲ့ အများကြီးရှိခဲ့တယ်။ ဒါ‌ပေမယ့်လို့ ‌တော်လှန်‌ရေးကြာလာတဲ့အ‌ပေါ်မှာ အခြားလူမျိုးစု‌တွေက ရန်သူနဲ့ ပြန်‌ပေါင်း။ နအဖ၊ နဝတနဲ့ ‌ပေါင်းပြီး‌တော့ နားလည်မှု ပြန်ယူကြတယ်။ ငါတို့ ကရင်ထဲမှာလည်းရှိတယ်။ အဲဒီအတွက်‌ကြောင့်မို့လို့ ‌တော် လှန်‌ရေးက ကြာတာ‌ပေါ့။ ‌တော်လှန်‌ရေးမကြာတဲ့အ‌ပေါ်မှာ တချိန်တုန်းက ဦးနုက သူ့ပြည်သူထဲမှာ သူစကား ‌ပြောတာ တစ်ချက်ရှိတယ်။ ကရင်‌တွေဟာတဲ့ ကိုယ့်ကိုယ်ကို ကရင်မှန်းမသိဘူး။ ကရင်‌တွေဟာ ကိုယ့်ကိုယ်ကို ကရင်မှန်းသိတဲ့‌နေ့က ဗမာ‌တွေအတွက် မ‌တွေးဝံ့စရာပဲ။ အဲဒီလို သူ့ပြည်သူ သူမှာထားတဲ့ စကားတခုရှိတယ်။ ဒါ‌ကြောင့်မို့လို့ ဒီအချိန်မှာ အခြားလူမျိုးစုကို‌တော့ မ‌ပြောဘူး။ ကိုယ့်ကရင်အချင်းချင်းက ညီညွတ်ဖို့ လိုတယ်။ ညီညွတ်တဲ့‌နေ့က ဒါ ‌အောင်ပွဲခံတဲ့‌နေ့ပဲလို့ မှာကြားချင်ပါတယ်။