Home လူငယ့်အသံ လူငယ့်အမြင် လူငယ်များစကားလက်‌ဆောင်

လူငယ်များစကားလက်‌ဆောင်

1909

‌စောဝါးအယ်‌တော
အသက် – ၂၇နှစ်
ဝါသနာ – အမျိုးသား‌ရေးအလုပ်

ကျ‌နော် ထီဖိုးမူး‌ကျေးရွာ၊ ဝင်း‌ရေးမြို့နယ် ‌တောင်‌နောက်ခြမ်း၊ ဒူးပလာယာခရိုင်(စစ်အစိုးရဘက်မှ ‌ရေးမြို့ နယ်၊ မွန်ပြည်နယ်) မှာ‌နေပါတယ်။ ‌မောင်နှမ ၆‌ယောက်ထဲမှာ ကျ‌နော်က အကြီးဆုံးဖြစ်တယ်။ အငယ်ဆုံးနှစ် ‌ယောက်က အခု‌ကျောင်း‌နေတုန်းပဲ။ ကျန်တာက အ‌ဖေအ‌မေ နားမှာပဲ အလုပ်ဝိုင်းကူ လုပ်ကြတယ်။ အ‌ဖေအ‌မေတို့က လယ်၊ ‌တောင်ယာ လုပ်ကိုင်ကြတယ်။ ကျ‌နော်တို့ရွာမှာ လူငယ်လူရွယ်‌တွေက ‌ကျောင်းပညာကို ၁ဝတန်းအထိ ‌အောင်တဲ့လူ မရှိသ‌လောက်ပါပဲ။ ကျ‌နော် ငယ်ငယ်တုန်းကဆို ‌ကျောင်းမှာ စာသင်လို့မရဘူး။ ဗမာစစ်တပ်‌တွေက ကျ‌နော်တို့ ‌ကျောင်းမှာ စာသင်တာကို မကြိုက်ဘူး။ ဘုန်းကြီး ‌ကျောင်းမှာပဲ စာသင်ရတယ်။ အတန်းပညာကို‌တော့ ၃တန်းအထိပဲ ကျ‌နော် တက်ခဲ့ရတယ်။
ကျ‌နော်တို့‌ဒေသမှာ ဗမာစစ်တပ်‌တွေက အမဲ‌ရောင်နယ်‌မြေအဖြစ် သတ်မှတ်ထားတယ်။ ရွာထဲမှာ စခန်းချတာ မရှိ‌ပေမဲ့ သူတို့ ဝင်လာတဲ့အခါတိုင်း တိုက်ပွဲဖြစ်တယ်။ သူတို့ (နအဖ) ဝင်လာပြီး ဆိုရင်လည်း ရွာသူရွာသား‌တွေကို ‌ပေါ်တာဆွဲတယ်။ စစ်‌ကြောင်း‌နောက် လိုက်ခိုင်းတယ်။ အဲဒီလိုမျိုး လုပ်တဲ့အတွက်‌ကြောင့် လွန်ခဲ့တဲ့နှစ် ၂၀၀၉ခုနှစ် မိုးရာသီမှာ နအဖစစ်‌ကြောင်း‌နောက်ကို လိုက်ရင်း လမ်းမှာ တိုက်ပွဲဖြစ်‌တော့ ရွာသားတ‌ယောက် ‌သေဆုံးသွားခဲ့ရ တယ်။ ရွာသူရွာသား‌တွေ ‌တော်‌တော်များများက ထိုင်း-မြန်မာနယ်စပ်ရှိ ဘာ့ဒုံယန်းဒုက္ခသည်စခန်းထဲသို့ သွား‌ရောက် ခိုလုံကြတယ်။ ရွာသူရွာသား‌တွေအ‌ပေါ် ဗမာစစ်တပ်‌တွေရဲ့ အနိုင်ကျင့်၊ ရက်စက်တဲ့ လုပ်ရပ်‌တွေကို ‌တွေ့ကြုံခဲ့ရ‌ပေ မယ့် အသက်ငယ်ရွယ်တဲ့အချိန်က သိပ်နားမလည်‌သေး‌တော့ သိပ်မခံစားရဘူး။ ‌နောက် အရွယ်‌ရောက်လာ‌တော့ ခရို်င်မှာ ‌ကေဝို်င်အိုတို့ ပို့ချတဲ့ သင်တန်း‌တွေ တက်ခဲ့ရတယ်။ ဆရာသမား‌တွေ ‌ပြောပြတဲ့ တပ်မဟာ – ၁၊ တပ်မဟာ ၂ ဘက်က ကျ‌နော်တို့ ကရင်လူထု‌တွေ ဒုက္ခ‌ရောက်ရတဲ့အ‌ကြောင်း၊ အနိုင်ကျင့်ခံရတဲ့အ‌ကြောင်း‌တွေ ပိုသိလာတယ်။ ကျ‌နော်တို့ နယ်မှာလည်း အဲဒီအတိုင်း ကြုံ‌တွေ့‌နေရ‌တော့ အမျိုးသား‌ရေးအတွက် အလုပ်လုပ်ဖို့ ကျ‌နော် စိတ်အားထက်သန်လာတယ်။ ဒီအတိုင်း ‌နေလို့မဖြစ်‌တော့ဘူး၊ တခုခုလုပ်ရမယ်။ ကျ‌နော် ပညာ မတတ်‌ပေမယ့် တတ်သ‌လောက် အမျိုးသားအတွက် လုပ်သွားမယ်လို့ ဆုံးဖြတ်လိုက်ပြီး ၂၀၀၆ ခုနှစ်မှာ ကျ‌နော် ‌ကေဝိုင်အို အဖွဲ့ထဲ ဝင်လိုက်တယ်။ အခုကျ‌နော် ဝင်း‌ရေးမြို့နယ် ‌ကေဝိုင်အို စည်းရုံး‌ရေး တာဝန်ခံအ‌နေနဲ့ လုပ်‌ဆောင်‌နေတယ်။

ကျ‌နော်ရွာမှာ လက်ရှိ ‌ကျောင်း ၂တန်းအထိပဲ ရှိတယ်။ အဲဒါ‌တောင်မှ ဆရာ၊ ဆရာမ ရှာရခက်တယ်။ က‌လေးလူငယ်‌တွေရဲ့ ပညာ‌ရေးအ‌ခြေအ‌နေက ‌တော်‌တော်ဆိုးတယ်လို့ ‌ပြောရမယ်။ ကရင်ပညာ‌ရေးဌာနက တတ်နိုင် သ‌လောက်‌တော့ ကူညီ‌ပေး‌ပေမယ့် ရွာက မြို့နဲ့မနီး၊ မတည်ငြိမ်တဲ့ ‌ဒေသဖြစ်တဲ့အတွက် က‌လေး‌တွေအများစုက ၂တန်း၊ ၃တန်းအထိ ‌နေပြီး ‌ကျောင်းထွက် အလုပ်လုပ်ကြရတာများတယ်။ သူတို့‌လေး‌တွေကို ပညာတတ်‌စေချင်တယ်။ ကိုယ့်လူမှုအဖွဲ့အစည်း တိုးတက်‌အောင် လုပ်တဲ့‌နေရာမှာပဲဖြင့်ဖြစ်၊ အမျိုးသားအတွက် အလုပ်လုပ် တာပဲဖြင့်ဖြစ်၊ ပညာတတ်မှ ဖြစ်မယ်။ ပညာမတတ်ရင် ကိုယ့်အမျိုးသားကို ကိုယ်ဘယ်‌လောက်ပဲ ချစ်ချစ် လွတ်‌မြောက်‌အောင် မလုပ်နိုင်ဘူး။ လူငယ်‌လေး‌တွေ အချိန်ရှိခိုက်မှာ ပညာကို သင်ယူ‌လေ့လာ‌စေချင်တယ်။ ကိုယ့်အမျိုးသားကို ကိုယ့်အသိဉာဏ်နဲ့ ချစ်ရမယ်။

ကျ‌နော်တို့ ကရင့်‌တော်လှန်‌ရေး စပြီး ယ‌နေ့အထိ ပြန်‌လေ့လာကြည့်မယ်ဆိုရင် ကျ‌နော်တို့ကို တိုက်ခိုက်‌နေ တဲ့ ဗမာစစ်အုပ်စုက‌တော့ ဘယ်‌သောအခါမှ အိပ်မငိုက်ဘူး။ ကျ‌နော်တို့ ပြိုကွဲ‌အောင် နည်းလမ်းအမျိုးမျိုးရှာပြီး လုပ်‌နေတယ်။ သူတို့ အသက် ၁ရက်ပဲဖြင့်ဖြစ်၊ ၂ရက်ပဲဖြင့်ဖြစ် ထပ်ရှည်နိုင်‌အောင် အစဉ်တစိုက် ကြိုးစား‌နေတာကို ‌တွေ့ရတယ်။ ကျ‌နော်တို့ဘက်ကလည်း စည်းလုံးညီညွတ်မှု၊ ယုံကြည်မှု တည်‌ဆောက်ပြီး ရင်းနီးပွင့်လင်းစွာနဲ့ လက်တွဲ လုပ်‌ဆောင်မယ်။ ပူး‌ပေါင်း လုပ်‌ဆောင်တဲ့‌နေရာမှာ မှားယွင်းမှု၊ အားနည်းမှု‌တွေ ရှိခဲ့ရင်လည်း အပြုသ‌ဘော‌ဆောင်တဲ့ အကြံ‌ပေးမှု‌တွေ ‌ပေးကြ။ တ‌ယောက်နဲ့တ‌ယောက် နားလည်မှုထားပြီး လက်တွဲ လုပ်‌ဆောင်မယ်ဆိုရင် ကျ‌နော်တို့ လိုချင်တဲ့ ‌အောင်မြင်မှု‌တွေ မရ‌သေးရင်‌တောင် ကျ‌နော်တို့ အင်အား ‌လျှော့နည်းသွား နိုင်မှာ မဟုတ်ဘူးလို့ ကျ‌နော် ယုံကြည်တယ်။