Home သတင်း အဓမ္မခိုင်း‌စေခံရမှုအ‌ပေါ် ကရင်ရွာသား (၄၀၀)‌ကျော် အိုင်အယ်လ်အိုသို့ တိုင်ကြား

အဓမ္မခိုင်း‌စေခံရမှုအ‌ပေါ် ကရင်ရွာသား (၄၀၀)‌ကျော် အိုင်အယ်လ်အိုသို့ တိုင်ကြား

1494
မတ်လ ၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ပဲခူးတိုင်း အ‌ရှေ့ဖက်ခြမ်းတွင် ယခုနှစ်ဆန်းပိုင်းက နအဖ စစ်တပ်၏ အဓမ္မလုပ်အားခိုင်း‌စေခံရမှုအ‌ပေါ် ‌ဒေသခံ ကရင်ရွာသူရွာ သား ၄၀၀‌ကျော်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အိုင်အယ်လ်အို)သို့ ယ‌နေ့ရက်စွဲဖြင့် လက်မှတ်‌ရေး ထိုး တိုင်ကြားလိုက်သည်။

အဆိုပါတိုင်ကြားစာနှင့် ပတ်သက်၍ ‌ကော်သူး‌လေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(အက်ဖ်တီယူ‌ကေ)နှင့် မြန်မာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(အက်ဖ်တီယူဘီ)တို့က ပူးတွဲ‌ကြေညာချက်တ‌စောင် ထုတ်ပြန်ကာ ထိုင်း-မြန်မာနယ်စပ်တွင် သတင်းစာရှင်း လင်းပွဲတခု ယမန်‌နေ့က ပြုလုပ်ခဲ့သည်။

အဓမ္မလုပ်အား‌ပေး ခိုင်း‌စေခံရသည့် ရွာသူရွာသားများ၏ လက်မှတ်‌ရေးထိုး တိုင်ကြားခြင်းနှင့် ပတ်သက်၍ ကိုယ်တိုင်ကွင်းဆင်း မှတ်တမ်းပြုစုခဲ့သူ (အက်ဖ်တီယူ‌ကေ) အဖွဲ့ဝင် ‌နော်‌ဖော‌ဂေခုက ယခုလို ‌ပြောသည်။

“လုပ်အားခိုင်း‌စေမှု‌တွေက‌တော့ ကရင်ပြည်နယ်အနှံ့မှာ ရှိ‌နေပါတယ်။ ဘိတ်-ထားဝယ်၊ ဖာပွန်နှင့် ဒူးပလာယာခရိုင်မှာလည်း အလားတူ စစ်တပ်၏ လုပ်အားခိုင်း‌စေမှု‌တွေ ရှိပါတယ်။ အထူးသဖြင့် ဒီ၂၀၁ဝခုနှစ်၊ ဇန်နဝါရီလမှာ ‌တောင်ငူခရိုင် ထန်းတပင် မြို့နယ်က ‌ဒေသခံ‌တွေဟာ နအဖ စစ်တပ်ရဲ့ လုပ်အားခိုင်း‌စေမှု အမျိုးမျိုး‌ကြောင့် မခံမရပ်နိုင်တဲ့အတွက် အိုင်အယ်လ်အိုထံ ကို တင်ပြဖို့ဆိုပြီး ရွာသား(၄၇၀)က လက်မှတ်‌ရေးထိုးပြီး‌တော့ ကျမတို့ဆီကို တိုင်ကြားလွှာ‌တွေ ပို့လာခဲ့ပါတယ်”ဟု ဆိုသည်။

လုပ်အားခိုင်း‌စေခံရသူများက ‌ရေးထိုးထား‌သော လက်မှတ်များ၊ လက်‌ဗွေများကို တပါတည်းယူ‌ဆောင်၍ အိုင်အယ်လ်အိုထံ တင်ပြ‌တောင်းဆိုသွားမည်ဖြစ်ပြီး ၎င်းမှာ မြန်မာစစ်အစိုးရအ‌နေဖြင့် အိုင်အယ်လ်အိုနှင့် သ‌ဘောတူညီချက်ရှိခဲ့‌သော်လည်း လက်‌တွေ့အ‌ကောင်အထည်‌ဖော်ခြင်း လုံးဝမရှိ‌ကြောင်း သက်‌သေပြလိုက်ခြင်းပင်ဖြစ်သည်ဟု အက်ဖ်တီယူ‌ကေ ဥက္ကဌ ‌စော ‌ဒေါ့‌လေးမူက ‌ပြောသည်။

သူက “နအဖဟာ အိုင်အယ်လ်အိုနဲ့ သ‌ဘောတူညီချက် ရှိထား‌ပေမယ့်လို့ အဓမ္မလုပ်အားခိုင်း‌စေမှုက အမြဲတမ်းရှိ‌နေတယ်။ အ ထူးသဖြင့် ‌တောင်ငူ‌ဒေသမှာ အဓမ္မလုပ်အားခိုင်း‌စေမှု‌တွေ‌ကြောင့် ‌ဒေသခံ‌တွေရဲ့ တိုင်စာ‌တွေ ကျ‌နော်တို့ဆီ အများကြီး‌ရောက် လာတယ်။ အဲဒါ ထန်းတပင်မြို့နယ်တခုတည်းပဲ ရှိပါ‌သေးတယ်။ နအဖ ရိက္ခာသယ်‌ပေးရတယ်၊ လက်နက်ခဲယမ်း‌တွေ ပုံမှန် သယ်‌ပေးရတယ်။ မသွားနိုင်ရင်လည်း ‌ငွေ‌ပေး‌ဆောင်ရတယ်။ ‌နောက်ပြီး တပ်စခန်းသွား‌ဆောက်‌ပေးရတာတို့၊ သစ်ဝါး‌တွေ သွားခုတ်‌ပေးရတာ‌တွေဟာ ပုံမှန်ရှိ‌နေတဲ့အတွက် လက်‌တွေ့လုပ်‌ဆောင်တာ လုံးဝ မရှိလို့ ‌ပြောနိုင်တယ်”ဟု ဆိုသည်။

နအဖ စကခ (၁၀)လက်‌အောက်ခံ ဗိုလ်မှူးချုပ်‌ကောင်းမြင့် ဦး‌ဆောင်သည့်‌ခြေမြန်တပ်ရင်း ခမရ(၃၄၆)နှင့် ခမရ (၃၆၇)တပ် ရင်းသည် ‌ဒေသခံပြည်သူများ အဓမ္မလုပ်အား ခိုင်း‌စေသည့်အပြင် အမျိုးမျိုး‌သော ခြိမ်း‌ခြောက်မှု၊ ရိုက်နှက်ညှင်းဆဲမှုများ လုပ် ‌ဆောင်လျှက်ရှိသည်ဟု အဆိုပါ တိုင်ကြားစာထဲတွင် တင်ပြကာ ရွာသူရွာသားများက လက်မှတ်‌ရေးထိုးခဲ့ခြင်းဖြစ်သည်။

၂၀၁ဝနှစ်ဆန်းပိုင်းတွင် အဆိုပါ နအဖ စစ်တပ်များက ‌ညောင်‌လေးပင်ခရိုင် ‌ကျောက်ကြီးမြို့နယ်၌ ‌ကော်သူး‌လေ စိုက်ပျိုး‌ရေး အလုပ်သမားများသမဂ္ဂအဖွဲ့ဝင် ‌စောအယ်မူးနှင့် ‌ကော်သူး‌လေ ပညာ‌ရေးအလုပ်သမားများသမဂ္ဂအဖွဲ့ဝင် ‌စောမြ‌ကော်ထူးအား သတ်ဖြတ်ခြင်း၊ ‌ကျေးရွာ ၃ရွာမှ အိမ်‌ခြေ ၈၅လုံး မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှ ရွာသားများအား အဓမ္မလုပ်အား‌စေခိုင်းခဲ့ခြင်းကို ကျူးလွန်ခဲ့သည်ဟု ပူးတွဲ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

အက်ဖ်တီယူဘီ အတွင်း‌ရေးမှူး ဦး‌မောင်‌မောင်က “နအဖ စစ်အစိုးရဟာ အိုင်အယ်လ်အိုနဲ့ သ‌ဘောတူညီချက် ဘယ်‌လောက်ပဲ ယူထား‌စေကာမူ တိုင်းရင်းသား‌ဒေသ‌တွေမှာ အဓမ္မလုပ်အား‌ပေး ဆက်လက်ရှိ‌နေ‌သေးတယ်။ အထူးသဖြင့် ဒီ ၂၀၀၉ထဲမှာဆို ရင် ကရင်ပြည်နယ်၊ ‌တောင်ငူခရိုင်ထဲမှာ ကျ‌နော်တို့ မှတ်တမ်းပြုစုထားတာ အမှုအားလုံး‌ပေါင်း (၄၉၀)‌ကျော် ရှိ‌နေ‌သေးတယ်။ အဓမ္မလုပ်အား‌ပေးကိစ္စပ‌ပျောက်ဖို့က ‌ပြောရုံနဲ့ မရဘူး။ အိုင်အယ်လ်အိုအ‌နေနဲ့ ပြင်းပြင်းထန်ထန်လုပ်ဖို့ ကျ‌နော်တို့ အက်ဖ်တီ ယူဘီ‌ကော၊ အက်ဖ်တီယူ‌ကေ‌ရော အိုင်အယ်လ်အိုကတဆင့် ကမ္ဘာကို တင်ပြချင်တယ်”ဟု ‌ပြောသည်။

၎င်းတိုင်ကြားချက်ကို မတ်လတွင် ပြုလုပ်မည့် အိုင်အယ်လ်အို အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေး‌ပြောဆိုကာ နိုင်ငံတကာ တရားရုံး မှ စစ်အစိုးရ ကျူးလွန်ခဲ့သည့်အမှုနှင့်ပတ်သက်၍ အကြံပြုလွှာကို ရယူရန် ကြိုးစားသွားမည်ဖြစ်ပြီး ကျူးလွန်သူ ဗိုလ်မှူးချုပ် ‌ကောင်းမြင့်ကိုလည်း အ‌ရေးယူ‌ပေးရန် ‌ပြောဆိုသွားမည်ဟု ဦး‌မောင်‌မောင်က ဆက်‌ပြောသည်။

တချိန်တည်းတွင် လူ့အခွင့်အ‌ရေးများ ချိုး‌ဖောက်‌နေသည့် မြန်မာစစ်အစိုးရအား လျင်မြန်စွာ အ‌ရေးယူ‌ဆောင်ရွက်နိုင်ရန်နှင့် အိုင်အယ်လ်အို ၂၀၀၁ခုနှစ် ဆုံးဖြတ်ချက်နှင့် ၂၀၀၆ခုနှစ် ဆုံးဖြတ်ချက်များကို အပြည့်အဝ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက် နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(အိုင်တီယူစီ)နှင့် အဖွဲ့ဝင်များ၊ ကမ္ဘာ့အလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ်(ဂျီယူအက်ဖ်)၊ အိုင်အယ်လ်အို၏ အစိုးရအဖွဲ့ဝင်များ၊ အလုပ်ရှင်အဖွဲ့ဝင်များနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (အိုင်စီ‌ဂျေ)၏ အကြံဉာဏ်ကို အ‌ဆောတလျင် ‌တောင်းခံသွားရန် အက်ဖ်တီယူဘီနှင့် အက်ဖ်တီယူ‌ကေတို့မှ ‌တောင်းဆိုထား သည်။

လက်ရှိအချိန်တွင် ‌ညောင်‌လေးပင်ခရိုင်၊ ‌ကျောက်ကြီးမြို့နယ်၌ စကခ(၁၀)၏ လက်‌အောက်ခံတပ်ရင်းများဖြစ်‌သော ခမရ (၃၆၇)၊ (၃၆၂)၊ (၃၆၃)၊ (၃၆၆)နှင့် (၃၆၉)တပ်ဖွဲ့များက ထိန်းချုပ်လှုပ်ရှားလျှက်ရှိပြီး ခမရ(၅၉၉)၏ တပ်စခန်းကိုလည်း ‌အောင် စိုးမိုး စုစည်း‌ကျေးရွာမှ ရွာသူရွာသားများက အလားတူ လုပ်အား‌ပေး‌နေရသည်ဟု သိရသည်။

လုပ်အား‌စေခိုင်းမှုနှင့်ပတ်သက်ပြီး မြန်မာစစ်အစိုးရအား ပိုမိုဖိအား‌ပေးရန် အက်တီယူဘီအ‌နေဖြင့် အိုင်အယ်လ်အိုထံ ယခင်က ‌တောင်းဆိုတင်ပြခဲ့‌သော်လည်း ကရင်ပြည်နယ်တွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှု၊ သတ်ဖြတ်မှု၊ အိမ်သုံးပစ္စည်း ဖျက်ဆီးယူ‌ဆောင် မှုအပြင် ပုန်း‌ရှောင်‌နေသည့် ရွာသားများ၏ ‌နေရာများသို့လည်း လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်ခဲ့သဖြင့် ယခင်လ ၂၁ရက် ‌နေ့က ‌ကျောင်းသား‌လေးတဦး ‌သေဆုံးသွားခဲ့သည်။