Home သတင်း ဝမ်းစာအတွက် လုပ်ကိုင်သူ ရွာသားများ အသက်အန္တရာယ် ကြုံရ

ဝမ်းစာအတွက် လုပ်ကိုင်သူ ရွာသားများ အသက်အန္တရာယ် ကြုံရ

1724
ဇန်နဝါရီ ၂၆ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်းရှိ ‌တောင်ငူ‌ဒေသတွင် နအဖ စစ်‌ကြောင်းများ၏ လှုပ်ရှားမှု‌ကြောင့် ပုန်း‌အောင်း‌နေထိုင်ကြရသည့် ‌ဒေသ ခံ ရွာသူရွာသားများသည် ဝမ်းစာအတွက် အလုပ်လုပ်ကြရပြီး သတ်ဖြတ်ခံရသည်အထိ အသက်အန္တရာယ် ကြုံ‌နေရသည်ဟု သိရသည်။

ယခုလ ၁၉ရက်‌နေ့က ထန်းတပင်မြို့နယ်မှ အသက်(၃၇)နှစ်အရွယ် ‌ဟောတူရွာသား ‌စောထူး‌နေဝါးသည် ၎င်း၏ကွမ်းသီးခြံထဲတွင် အလုပ်လုပ်‌နေစဉ် နအဖ စကခ(၇)၏ လက်‌အောက်ခံတပ်ရင်း ခမရ (၄၂၇)တပ်ရင်းက ခြံထဲသို့ ဝင်လာပြီး အပြစ်မရှိဘဲ ပစ်သတ် ကာ ဦး‌ခေါင်းကို ဖြတ်သွားခဲ့သည်ဟု ‌ဒေသခံတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

သူက “ဒီလ ၁၉ရက်‌နေ့ ‌နေ့လယ် ၁နာရီ‌လောက်မှာ ခမရ(၄၂၇)တပ်ရင်းက ‌မောင်းတိုင်ကြီး‌ကျေးရွာ‌အောက်ပိုင်း ‌ဟောတူရွာက ကွမ်းသီးခြံထဲမှာ ရွာသူရွာသား‌တွေ အလုပ်လုပ်‌နေတဲ့အချိန်မှာ သူတို့(နအဖ)ဝင်လာ‌တော့ ရွာသား‌တွေက ‌ပြေးကြတာ‌ပေါ့။ ‌စော ထူး‌နေဝါးကို မိသွားပြီး‌တော ‌ခေါင်းဖြတ်သတ်တာ။ စစ်တပ်ပြန်သွားလို့ ရွာသား‌တွေ ပြန်သွားတာ အသတ်ခံရတဲ့ရွာသားရဲ့ ‌ခေါင်းမပါ တဲ့ ခန္ဓာကိုယ်ကိုပဲ ‌တွေ့‌တော့တယ်”ဟု ‌ပြောသည်။

ထို‌ဒေသရှိ ဌာ‌နေမဲ့ ပြည်တွင်းကရင်ဒုက္ခသည်များဆိုင်ရာ ‌ကော်မတီ၏ တာဝန်ခံတဦးက “ရွာသား‌တွေက‌တော့ နအဖတပ်‌တွေ ဝင် လာတိုင်း ‌ပြေးရတယ်။ လုပ်စားကိုင်စားဖို့ အချိန်မရဘူး။ မလုပ်ရဲကြဘူး။ ‌တောင်ယာ‌တွေ၊ ခြံ‌တွေလုပ်လိုက်၊ နအဖတပ်‌တွေက ဝင် ဖျက်ဆီးလိုက်နဲ့။ အခုက ကွမ်းသီးလုပ်တဲ့အချိန် သုံးစရာ ‌ငွေ‌လေးနည်းနည်းပါးပါးရဖို့ ကိုယ့်ခြံထဲက ကွမ်းသီး‌တွေ သွားခူးကြတာ။ စစ်တပ်ကို ‌ကြောက်‌ပေမဲ့ ဝမ်းစာက ရှိ‌သေးတာကိုး”ဟု ဆိုသည်။

၎င်းတပ်ရင်းသည် ‌ဟောတူရွာသားကို ပစ်သတ်ခဲ့ပြီး‌နောက် ရွာအတွင်းသို့ဝင်‌ရောက်ကာ ရွာသူရွာသားများ၏ စပါးများကိုလည်း မီး ရှို့ဖျက်ဆီးသွားခဲ့သည်။ အဆိုပါတပ်ရင်းသည် ‌မောင်းတိုင်ကြီးစခန်းတွင် အ‌ခြေချပြီး ‌မောင်းတိုင်ကြီး‌အောက်ပိုင်းတွင် ‌ဟောတူ အပါ အဝင် ရွာပုန်းရွာ‌ရှောင်များဖြစ်ရာ ‌ဘောဂလိ-ဘူဆာခီးကားလမ်းနှင့် မနီးမ‌ဝေးတွင် တည်ရှိသည်။

အလားတူ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၅ရက်‌နေ့ကလည်း ‌တောင်ငူခရိုင်၊ သံ‌တောင်မြို့နယ် ‌သောက်‌ရေခပ် အ‌ရှေ့ခြမ်းရှိ ရွာပုန်းရွာ ‌ရှောင်များ ‌နေထိုင်ရာ‌ဒေသအတွင်း ဝင်‌ရောက်လှုပ်ရှားလာ‌သော ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ ခလရ(၄၈)တပ်ရင်း က ကွမ်းခြံအတွင်း အလုပ်လုပ်‌နေသူ ရွာသား ၃ဦးကို ပစ်သတ်ခဲ့သည့်အပြင် ရွာသူရွာသားများ၏ တဲများ၊ ခြံအတွင်းရှိ ကွမ်းရွက်၊ ကွမ်းသီး၊ ဖာလာ‌စေ့များကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။

‌ကေအဲန်ယူ ‌တောင်ငူခရိုင်ရှိ ထန်းတပင်နှင့် သံ‌တောင်မြို့နယ်တွင် နအဖ တပ်များ ပိုမိုလှုပ်ရှားလာသည့် ၂၀၀၆ခုနှစ်မှစ၍ ယခုအ ချိန်အထိ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသည့် ရွာသူရွာသား‌ပေါင်း ၉,၀၀ဝခန့်ရှိပြီး ၎င်းတို့သည် လုပ်ငန်းကို ‌ကောင်းမွန်စွာ မလုပ် ကိုင်နိုင်သည့်အတွက် ဆန်စပါး ရှားပါးလာမှု၊ အဝတ်အထည်နှင့် ‌ဆေးဝါး မလုံ‌လောက်မှုများကို ရင်ဆိုင်ကြုံ‌တွေ့‌နေရသည်။

‌တောင်ငူခရိုင်အတွင်း ယခင်က အ‌ခြေစိုက် လှုပ်ရှားခဲ့သည့် အမှတ်(၅) စစ်ကွပ်ကဲ‌ရေးဌာနချုပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလအကုန် တွင် အပြီးတိုင် ‌ပြောင်း‌ရွှေ့သွားခဲ့ပြီး ယခုနှစ်မှစ၍ အမှတ်(၇) စစ်ကွပ်ကဲ‌ရေးဌာနချုပ်၏ လက်‌အောက်ခံတပ်ရင်း(၈)ရင်းက ဝင် ‌ရောက်လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။