Home သတင်း ရှမ်းပြည်‌မြောက်ပိုင်းတွင် ၃နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၅ဆတိုးလာ

ရှမ်းပြည်‌မြောက်ပိုင်းတွင် ၃နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၅ဆတိုးလာ

1701
ဇန်နဝါရီလ ၂၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ရှမ်းပြည်နယ်‌မြောက်ပိုင်းရှိ နအဖ ထိန်းချုပ်ထားရာ ‌ဒေသများတွင် ၃နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၅ဆတိုးလာ‌ကြောင်း ထိုင်း နိုင်ငံ အ‌ခြေစိုက် ပ‌လောင်(တအာင်း)အမျိုးသမီးအစည်းအရုံး(ပီဒဗလျူအို)က ၂၀၁ဝခုနှစ်၊ ဇန်နဝါရီလ ထုတ် ‘အဆိပ်သင့် ‌တောင်တန်းများ’ အစီရင်ခံစာတွင် ‌ပြောဆိုလိုက်သည်။

ယ‌နေ့ပြုလုပ်သည့် ၎င်းအစီရင်ခံ၏ သတင်းစာရှင်းလင်းပွဲတွင် ပီဒဗလျူအို သတင်းနှင့် သု‌တေသန တာဝန်ခံ လိုည်း‌နွေ‌နှောင်း က “ရှမ်းပြည်နယ်မှာ နအဖ အုပ်ချုပ်တဲ့ မန်တုန်၊ နမ့်ခမ်းနဲ့ နမ့်ဆန်မြို့နယ်သုံးခုအတွင်းမှာ ၂၀၀၆-၂၀၀၉ အတွင်း ဘိန်းစိုက် ပျိုးမှု ၅ဆ တိုးလာတာကို ‌တွေ့ရတယ်။ ဒီလိုများလာတာဟာ စစ်အစိုးရရဲ့ အုပ်ချုပ်‌ရေးစနစ်‌ကြောင့်ပါ။ ‌နောက်တခုက အစိုးရ ရဲ့ ချစားလာဘ်စားမှုရှိ‌နေခြင်းအားဖြင့် လူထု‌တွေ ဘိန်းစိုက်လာ‌အောင် ပိုပြီးမှ အား‌ပေးအား‌မြှောက်ဖြစ်‌စေလို့ပါပဲ”ဟု ထုတ် ‌ဖော်‌ပြောဆိုခဲ့သည်။

ရှမ်းပြည်‌မြောက်ပိုင်း၊ မန်တုန်နှင့် နမ့်ခမ်းမြို့နယ်ရှိ (ပီဒဗလျူအို)၏ ဘိန်းစိုက်ပျိုးမှု စစ်တမ်းအရ ယခင် ၂၀၀၆-၂၀၀၇ခုနှစ် တွင် ၉၆၃ ဟက်တာမှ ၂၀၀၈-၂၀၀၉ခုနှစ်တွင် ၄,၅၄၅ ဟက်တာ ရှိလာပြီး ကုလသမဂ္ဂ မူးယစ်‌ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး(ယူအဲန်အိုဒီစီ)၏ နှစ်စဉ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်း‌ကောက်ယူချက်မှ ခန့်မှန်းချက်ထက် လွန်စွာများပြား‌နေသည်ဟု သိရသည်။

ယူအဲန်အိုဒီစီ၏ စစ်တမ်းထဲတွင် ရှမ်းပြည်နယ်‌မြောက်ပိုင်းရှိ မြို့နယ်(၂၃)ခုမှ ဘိန်းစိုက်ပျိုးမှုမှာ ၂၀၀၆-၀၇ခုနှစ်တွင် ၃၉ဝ ဟက်တာ၊ ၂၀၀၇-၀၈ခုနှစ်တွင် ၈၀ဝ ဟတ်တာနှင့် ၂၀၀၈-၉ခုနှစ်တွင် ၁,၆၀ဝ ဟတ်တာ ရှိသည်ဟု ‌ရေးသားထားသည်။

ပီဒဗလျူအို၏ ကွင်းဆင်း‌လေ့လာချက်အရ မန်တုန်နှင့် နမ့်ခမ်းမြို့နယ်နှစ်ခုမှ ‌ကျေးရွာ‌ပေါင်း ၁၀ဝခန့်တွင် ဘိန်းစိုက်ပျိုးမှု များ ပြားလာသည်နှင့်အမျှ မန်တုန်မြို့နယ်ရှိ ရွာတရွာတွင် အသက် ၁၅နှစ်အထက် လူငယ်နှင့် ‌ယောက်ျားများမှာ ၈၅ရာခိုင်နှုန်း ဘိန်း သို့မဟုတ် ဘိန်းဖြူစွဲ‌နေကြပြီး အချို့မှာ တမိသားစုလုံး ဘိန်းသုံးစွဲမှု‌ကြောင့် အမျိုးသမီးနှင့် က‌လေးငယ်များ ပို၍ ဒုက္ခ ‌ရောက်ရ‌ကြောင်းလည်း ‌ဖော်ပြထားသည်။

(PWO)၏ သတင်းနှင့်သု‌တေသနတာဝန်ခံ လိုည်း‌နွေ‌နှောင်း
(PWO)၏ သတင်းနှင့်သု‌တေသနတာဝန်ခံ လိုည်း‌နွေ‌နှောင်း(ပုံ-‌ကေအိုင်စီ)

လိုည်း‌နွေ‌နှောင်းက “နမ့်ခမ်းမြို့နယ်မှာ ၄၄ရာခိုင်နှုန်း၊ နမ့်ဆန်မြို့နယ် ၂၇ရာခိုင်နှုန်း ရှိတယ်။ မန်တုန်မြို့နယ်မှာ‌တော့ ၈၅ရာ ခိုင်နှုန်း‌တောင် အများဆုံးပဲ။ လင်‌ယောက်ျား ဘိန်းစွဲလို့ အမျိုးသမီး‌တွေ စိတ်ဖိစီးပြီး က‌လေး‌တွေလည်း ‌ကျောင်းမတက်နိုင် ဘူး။ လူငယ်အများစုလည်း ‌ဆေးစွဲပြီး ခိုးဆိုးလုယက်တာ‌တွေ ဖြစ်လာတယ်”ဟု ဆိုသည်။

ပ‌လောင်ပြည်နယ် လွတ်‌မြောက်‌ရေးတပ်မ‌တော်(ပီအက်စ်အယ်လ်‌အေ)သည် မြန်မာစစ်အစိုးရနှင့် ၂၀၀၅ခုနှစ်တွင် အပစ်ခတ် ရပ်စဲကာ လက်နက်အပ်နှံပြီးချိန်မှစ၍ စစ်အစိုးရတပ်များနှင့် ပြည်သူ့စစ်လက်နက်ကိုင်တပ်များ တိုးချဲ့‌နေရာယူလာကာ ဘိန်း စိုက်‌တောင်သူများထံမှ အခွန်‌ကောက်ခံခဲ့ပြီး စစ်အစိုးရ၏ မူးယစ်နှိမ်နင်း‌ရေးတပ်ဖွဲ့များကလည်း ဘိန်းခင်းများကို မဖျက်ဆီး သည့်အပြင် ‌ဒေသခံ ‌တောင်သူများထံမှ ‌ငွေ‌ကြေးများ ‌တောင်းခံခဲ့သည်ဟု အစီရင်ခံစာ ‌ကြေညာချက်တွင် ပါရှိသည်။

၂၀၀၇-၂၀၀၈ခုနှစ်တွင် ‌ဒေသခံအာဏာပိုင်များ၊ မြို့နယ်အသီးသီးမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်ဖွဲ့စည်းထားသည့် မူးယစ်‌ဆေးအဖွဲ့ က မန်တုန်မြို့နယ်တခုတည်းရှိ ဘိန်းစိုက်သည့် ‌တောင်သူများထံမှ ကျပ်‌ငွေ ၃၇သန်း (အ‌မေရိကန်‌ဒေါ်လာ ၃၇,၀၀၀) ‌ကောက်ခံခဲ့သည်။

စာမျက်နှာ (၆၀)ပါသည့် ‘အဆိပ်သင့်‌တောင်တန်းများ’ အစီရင်ခံစာသည် ၂၀၀၆ခုနှစ်က ပီဒဗလျူအို ထုတ်‌ဝေခဲ့သည့် ‘အဆိပ် သင့်ပန်းများ’ အစီရင်ခံစာ၏ ‌နောက်ဆက်တွဲဖြစ်သည်။