Home သတင်း ‌ညောင်‌လေးပင်‌ဒေသမှ စာသင်‌ကျောင်း (၅)‌ကျောင်း ပိတ်ထားရ

‌ညောင်‌လေးပင်‌ဒေသမှ စာသင်‌ကျောင်း (၅)‌ကျောင်း ပိတ်ထားရ

1748
ဇန်နဝါရီလ (၂၅)ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ညောင်‌လေးပင်ခရိုင်၊ ‌ကျောက်ကြီးမြို့နယ်တွင် နအဖ စစ်တပ်များ စစ်‌ရေးလှည့်လည်လှုပ်ရှားလာသည့် ယခုလဆန်း ပိုင်းမှစ၍ ‌ဒေသခံရွာသူရွာသားများ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသဖြင့် စာသင်‌ကျောင်း(၅)‌ကျောင်းကို ပိတ်ထားလိုက်ရသည်ဟု ထို‌ဒေသ မှ လာသည့်သတင်းအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၇)ရက်‌နေ့၌ ‌ကျောက်ကြီးမြို့နယ်ရှိ ခဲဒဲရွာ‌ကျေးရွာအတွင်း ဝင်‌ရောက်လာသည့် နအဖ-ခမရ(၃၆၇)က ရွာသားများကို ပစ်သတ်၊ ရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်အထိ လုပ်‌ဆောင်လာ‌သော‌ကြောင့် ထို‌ဒေသရှိ ရွာသူရွာသားများသည် ထွက်‌ပြေးပုန်း‌ရှောင်‌နေရသဖြင့် စာသင်‌ကျောင်းများကို ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ‌ကျောက်ကြီးမြို့နယ် ဥက္ကဌ ‌စောနဲထူးဗျိုင်းက ‌ကေအိုင်စီကို ‌ပြောသည်။

သူက “သူတို့(နအဖ)‌တွေက ရွာသား‌တွေကို ‌တွေ့ရင် ဖမ်းဆီးတာ၊ သတ်ဖြတ်တာ‌တွေ လုပ်တဲ့အတွက် ရွာသား‌တွေ ‌တောထဲကိုထွက် ‌ပြေးပုန်း‌အောင်းရတယ်‌လေ။ ဒါ‌ကြောင့် စာသင်‌ကျောင်းလည်း ပိတ်ပစ်လိုက်ရတာ‌ပေါ့”ဟု သူက ဆိုသည်။

ပိတ်လိုက်ရသည့် အဆိုပါ စာသင်‌ကျောင်းများမှာ ခဲဒဲ‌ကျေးရွာအုပ်စုအတွင်းမှ မူခီးနှင့် ခဲဒဲ‌ကျေးရွာရှိ အလယ်တန်း‌ကျောင်း ၂‌ကျောင်းနှင့် တူ‌ဝေါ်စိုး၊ ‌ကော်ငဲဒဲနှင့် တ‌ကော်ဒဲ‌ကျေးရွာတွင်ရှိ မူလတန်း‌ကျောင်း ၃‌ကျောင်းတို့ဖြစ်ကြပြီး ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ စုစု‌ပေါင်း ၂၀ဝဦးရှိသည်။

‌တောထဲသို့ ထွက်‌ပြေးတိမ်‌ရှောင်‌နေရ‌သော ခဲဒဲ‌ကျေးရွာအုပ်စုရှိ ရွာ‌ပေါင်း ၁ဝရွာ‌ကျော်မှ ရွာသူရွာသား‌ပေါင်း ၁၀၀၀‌ကျော်သည် ‌နေ‌ရေး ထိုင်‌ရေး၊ စား‌ရေး‌သောက်‌ရေးနှင့် ကျန်းမာ‌ရေး အခက်အခဲများ ရှိ‌နေ‌သော‌ကြောင့် တချို့‌သောရွာသူရွာသားများသည် လက်ရှိအချိန်တွင် ၎င်းတို့‌ကျေးရွာအတွင်းသို့ ပြန်လည်‌နေထိုင်‌နေပြီဖြစ်‌သော်လည်း လုံခြုံစိတ်ချရသည့်အတိုင်းအတာတခုအထိ‌တော့ မဟုတ်‌သေးဘူးဟု ‌ကျောက်ကြီးမြို့နယ် ဥက္ကဌက ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောသည်။

သူက “လက်ရှိအချိန်မှာ နအဖ တပ်‌တွေက အဲဒီ‌ဒေသမှ နည်းနည်း‌လေး ‌နောက်ဆုတ်‌နေတဲ့ အ‌နေအထားမှာ တချို့ရွာသူရွာသား‌တွေ က သူတို့ရွာ‌တွေမှာ ပြန်‌နေတာရှိတယ်။ ဒါ‌ပေမဲ့ သူတို့အတွက် လုံခြုံမှုရှိတယ်လို့ ‌တော့မဟုတ်‌သေးဘူး။ ‌တောထဲမှာ ‌နေထိုင်၊ စား ‌သောက်ရတာ ခက်ခဲတယ်။ အထူးသဖြင့် ကျန်းမာ‌ရေး‌ပေါ့၊ အခု ‌အေးတဲ့ရာသီမှာ ‌စောင်မပါ၊ အ‌နွေးထည်မပါနဲ့ဆို စိုးရိမ်ရတဲ့ အ‌နေအထားမျိုးမဟုတ်‌ပေမဲ့ ဖျားနာ‌နေတဲ့လူ‌တွေ ရှိတယ်။ မိခင်နဲ့ က‌လေး‌တွေက ပိုပြီး ဒုက္ခ‌ရောက်တယ်”ဟု ‌ပြောဆိုသွားသည်။

‌ညောင်‌လေးပင်ခရိုင်၌ လက်ရှိအချိန်တွင် နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်(၁၀)၏ လက်‌အောက်ခံတပ်ရင်းများဖြစ်‌သော ခမရ (၃၆၃)၊ (၃၆၇)က ‌ကျောက်ကြီးမြို့နယ်တွင်လည်း‌ကောင်း၊ ခမရ(၃၆၅)၊ (၃၆၉)နှင့် (၃၇၀) တပ်ရင်းများက မုံးမြို့နယ်တွင်လည်း‌ကောင်း လှုပ်ရှား လျှက်ရှိသည်။