Home သတင်း ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များ ‌ကေအဲန်ယူနှင့် သွား‌ရောက်ပူး‌ပေါင်းမှု‌ကြောင့် ရွာသူရွာသားများ နှိပ်စက်ခံရ

ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များ ‌ကေအဲန်ယူနှင့် သွား‌ရောက်ပူး‌ပေါင်းမှု‌ကြောင့် ရွာသူရွာသားများ နှိပ်စက်ခံရ

1567
ဇန်နဝါရီလ၂ရက်။ နန်းထူးစံ(‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မကြာ‌သေးခင်က ဒီ‌ကေဘီ‌အေ တပ်ရင်း(၉၀၈)မှ တပ်ဖွဲ့ဝင်အချို့ ‌ကေအဲန်ယူနှင့် သွား‌ရောက်ပူး‌ပေါင်း သွားခြင်းသည် ၎င်းတို့တပ် အ‌ခြေစိုက်သည့် ‌ဒေသခံရွာသားများက ‌ကေအဲန်ယူနှင့် ဆက်သွယ်‌ပေးမှု‌ကြောင့် ဟုဆိုကာ ယ‌နေ့အထိ နည်းမျိုးစုံနှင့် နှိပ်စက်လျှက်ရှိသည်ဟု သိရသည်။

တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌ကျော်‌ကျော် ဦးစီး‌သော အဆိုပါ ဒီ‌ကေဘီ‌အေတပ်က ၎င်းတို့ အ‌ခြေချလှုပ်ရှားသည့် အစွန်း‌ကျေးရွာမှ ရွာ သူရွာသားများအား ‌ကေအဲန်ယူနှင့် ကြားခံ ဆက်သွယ်‌ပေးသည့်အတွက် ဒီဇင်ဘာလ (၂၇)ရက်‌နေ့တွင် ၎င်းတို့တပ်ဖွဲ့ဝင် ၆ဦး လက် နက်များဖြင့် ‌ကေအဲန်ယူထံ ပူး‌ပေါင်းသွားခဲ့ရသည်ဟု စွပ်စွဲကာ ယင်းသို့ နှိပ်စက်‌သောင်းကျန်း‌နေခြင်းဖြစ်‌ကြောင်း ရွာခံတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

သူက “သူတို့(ဒီ‌ကေဘီ‌အေ)တပ်ဖွဲ့ဝင်‌တွေ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၈)မှာ ပူး‌ပေါင်းသွားပြီး‌နောက်ပိုင်း ကျ‌နော်တို့ ရွာသား ‌တွေကို ပြဿနာရှာ‌တော့တာပဲ။ ဒီဇင်ဘာ ၂၉ရက်‌နေ့ကစပြီး‌တော့ ရွာထဲမှာ ‌ဈေးဆိုင်‌ရောင်းတဲ့ ဦးထွန်းရီဆိုတဲ့သူကို ‌ကေအဲန်ယူနဲ့ ဆက်သွယ်‌ပေးတယ်ဆိုပြီး လက်ကို ကြိုးတုပ်၊ ဖမ်းချုပ်ပြီး‌တော့ ခုဒုံမှာ ‌ခေါ်သွားပြီး အရမ်းရိုက်နှက်တာကို ဘာအပြစ်မှမရှိဘဲ အ ‌ကြောင်းမဲ့ ခံ‌နေရတယ်။ ဒီ‌နေ့‌တောင်မှ ‌နေပူထဲ တ‌နေကုန် ချုပ်ထားခံရတယ် ဝိုင်းရိုက်တယ်”ဟု ဆိုသည်။

ထို့အပြင် ဒုဗိုလ်မှူးကြီး ‌ကျော်‌ကျော်၏ ညွန်ကြားချက်ဖြင့် ဒီဇင်ဘာ ၃၁ရက် ည‌နေပိုင်းတွင် ‌စောဖါ‌ထောနှင့် မင်း‌ဇော်ဦး ဦး‌ဆောင် ‌သောအဖွဲ့က ရွာတွင်းသို့ ‌ရောက်ရှိလာပြီး လုပ်ငန်းခွင်မှ ပြန်လာ‌သော ရွာသားကို ‌ခေါ်ယူစစ်‌ဆေး၊ ရိုက်နှက်ခဲ့ပြီး ရွာသူများအား ‌သေနတ်ဖြင့် ‌ခြောက်လန့်ပစ်ခတ်လျှက်ရှိရာ ယမန်‌နေ့မနက်တွင် အလုပ်သွား‌သော ရွာသူရွာသားများကို ‌ခေါ်ယူကာ ‌သေနတ်ဖြင့် ပစ်ခတ်မှု‌ကြောင့် ရွာသားတဦးကို ကျည်ဆံ ထိမှန်ကာ လက်ဖဝါး‌ပေါက်ထွက်သွားခဲ့သည်ဟု သိရသည်။

တချိန်တည်းတွင် ရွာအတွင်းရှိ မူလတန်းလွန်‌ကျောင်းမှ အစိုးရဝန်ထမ်း ‌ကျောင်းဆရာမများ ‌နေထိုင်‌သော အိမ်သို့သွားကာ ‌သေနတ်ဖြင့် ပစ်ခတ်ခဲ့မှု‌ကြောင့် ‌ကျောင်းဆရာမနှစ်ဦးမှာ ‌ကြောက်လန့်၍ ၎င်းတို့ဇာတိ ကြာအင်းဆိပ်ကြီးမြို့သို့ ပြန်ဆင်းသွားကြပြီး ယခုဆိုလျှင် ‌ကျောင်းကိုပါ ပိတ်ထားရသည်ဟု ၎င်းရွာသားက ‌ပြောသည်။

“ကျ‌နော်တို့ ကရင်အချင်းချင်း နှိပ်စက်‌နေတာဖြစ်လို့ ‌ပြောရမှာ‌တောင် ရှက်တယ်။ ဒါ‌ပေမယ့် သူတို့ (ဒီ‌ကေဘီ‌အေ)က အပြစ်မရှိတဲ့ အစိုးရ ဝန်ထမ်း ဆရာမ‌တွေကို‌တောင် အဲလိုလုပ်တာ အရမ်းဆိုးတယ်။ အခုလို သူတို့က ရွာထဲမှာလိုက်ရမ်း၊ ‌သေနတ်‌တွေ လိုက် ပစ်‌တော့ က‌လေး‌တွေထိမှာကို ရွာသူရွာသား‌တွေက စိုးရိမ်ကြလို့ ‌ကျောင်းပိတ်ထားလိုက်ရတယ်။ က‌လေး‌တွေလည်း စာ‌မေးပွဲ ‌ဖြေချိန်နီးပြီ‌လေ။ က‌လေး‌တွေရဲ့ ပညာ‌ရေး တအားထိခိုက်တယ်။ အခုချိန်မှာ က‌လေး‌တွေမ‌ပြောနဲ့ ဘယ်သမှူ အပြင်မထွက်ရဲကြ ဘူး။ ‌ယောက်ျား‌လေး‌တွေဆိုရင် ‌ခေါ်ရိုက်တာပဲ။ မိန်းက‌လေးဆိုရင် နားထင်နားကို ‌သေနတ်နဲ့ ‌ခြောက်ပစ်တယ် ”ဟု ဆိုသည်။

ပြီးခဲ့‌သော ဒီဇင်ဘာ ၂၈ရက်‌နေ့က အစွန်း‌ကျေးရွာတွင် အ‌ခြေချလှုပ်ရှား‌နေ‌သော ဒီ‌ကေဘီ‌အေ တပ်ရင်း(၉၀၈) ‌စောဒါး ဦးစီး‌သော တပ်ခွဲ(၂)မှ ဒုခွဲမှူးတဦး ‌စောဒါး၊ တပ်စုမှူး ‌စောချာ့မူး၊ တပ်ကြပ်ကြီး ‌စောညွန့်ဝင်းနှင့် တပ်သား သုံးဦးတို့သည် M-79 ၂လက်နှင့် ကျည်အလုံး (၃၃)၊ M-16 ၄လက်နှင့် ကျည်အလုံး(၄၀၀)၊ AK ၃လက်နှင့် ကျည်အလုံး(၃၀၀)၊ RPG-7 ၁လက်နှင့် ကျည်အလုံး (၄)၊ နင်းမိုင်း (၂)လုံးနှင့် စကား‌ပြောစက်(၃)လုံးနှင့်အတူ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၈)ထံ သွား‌ရောက်ပူး‌ပေါင်းသွားခဲ့သည်ဟု ‌ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

၎င်းလက်နက်ကျည်ဆံများကို ပြန်အ‌လျော်‌ပေးရန်အတွက် ဒီ‌ကေဘီ‌အေ (၉၀၈)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌ကျော်‌ကျော်က ဒီဇင်ဘာ လ ၃ဝရက်‌နေ့တွင် အစွန်း၊ ခုဒုံနှင့် မိဖလိုင်း‌ကျေးရွာများမှ သူကြီးမ ၃ဦးကို ယမန်‌နေ့ကတည်းက ယခုအချိန်ထိ ‌ခေါ်ယူထိန်းသိမ်း ထားပြီး တန်ဘိုးမည်မျှ‌ပေး‌လျော်ရမည်ကိုမူ မသိရှိရ‌သေးဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ထို‌ဒေသအတွင်း လှုပ်ရှား‌နေ‌သော ဒီ‌ကေဘီ‌အေ တပ်ဖွဲ့တာဝန်ရှိသူများကို ‌ကေအိုင်စီမှ ဆက်သွယ်၍ မရ‌သော်လည်း ‌ကေအဲန်ယူ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင် အတွင်း‌ရေးမှူး ‌စောလစ္စတန်က “အခု ကျ‌နော်တို့နယ်‌မြေက တပ်ရင်း (၁၈)မှာ လာ‌ရောက်ပူး‌ပေါင်းလာတဲ့ ဒီ‌ကေဘီ‌အေ‌တွေက နအဖရဲ့ နယ်ခြား‌စောင့်တပ် အစီအစဉ်ကို မလိုလားတာရယ်။ ဒီ‌ကေဘီ ‌အေ‌တွေကို နအဖတပ်‌တွေက မသကင်္ာတဲ့ မျက်လုံး‌တွေနဲ့ ‌စောင့်ကြည့်တာ‌တွေကို မကြိုက်တာရယ်‌ကြောင့် ကျ‌နော်တို့နဲ့ လာပူး ‌ပေါင်းတာဖြစ်တယ်”ဟု ‌ပြောသည်။

ဒီ‌ကေဘီ‌အေ တပ်အတွင်း နအဖ စစ်အစိုးရ စီစဉ်‌ပေး‌သော အပစ်ရပ် တိုင်းရင်းသားအဖွဲ့များအား နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း ‌ရေး အစီအစဉ်နှင့် ပတ်သက်၍ သ‌ဘောထားကွဲလွဲမှုများရှိပြီး အဆိုပါအစီအစဉ် စတင်သည့် ၂၀၀၉ခုနှစ် ဧပြီလ ၂၈ရက်‌နေ့မှစ၍ တဦးစ နှစ်ဦးစ‌သော်လည်း‌ကောင်း၊ အုပ်စုအလိုက်‌သော်လည်း ‌ကေအဲန်ယူအတွင်းသို့ မကြာခဏ ကူး‌ပြောင်းလာသည့်အတွက် ၎င်းတို့အ‌ပေါ် နအဖ တပ်များက အယုံအကြည် နည်းလာခြင်းဖြစ်သည်။