Home သတင်း အ‌မေရိကန်‌ရောက် ကရင်ဆယ်‌ကျော်သက်နှစ်ဦး ‌သေဆုံး

အ‌မေရိကန်‌ရောက် ကရင်ဆယ်‌ကျော်သက်နှစ်ဦး ‌သေဆုံး

2125
ဇန်နဝါရီလ ၄ရက်။ ‌စောအဲ‌ခေါင် (‌ကေအိုင်စီ)

အ‌မေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် အ‌ခြေချ‌နေထိုင်သည့် ကရင်ဒုက္ခသည် ဆယ်‌ကျော်သက်လူငယ် ‌မောင်မယ်နှစ်ဦးသည် လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၆ရက်‌နေ့က ကားဂို‌ဒေါင်တခုအတွင်း မထင်မှတ်ဘဲ ‌သေဆုံးသွားခဲ့သည်။

၎င်းတို့နှစ်ဦးသည် ကားဂို‌ဒေါင်အတွင်း ‌အောက်ဆီဂျင်ရရှိခြင်းမရှိဘဲ ကားအင်ဂျင်စက်နိုးရာမှ ထွက်ရှိလာသည့် ကာဗွန်မို‌နော့ ဆိုက်ဓါတ်‌ငွေ့ကို ရှူရှိုက်မိသဖြင့် ထိုသို့ ‌သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး အခြားသံသယဖြစ်စရာ မည်သည့်အ‌ကြောင်းမျှ မ‌တွေ့ရှိရ ‌ကြောင်းလည်း ‌ဒေသတွင်း တာဝန်ရှိသူများက အတည်ပြု ‌ပြောဆိုခဲ့သည်။

‌သေဆုံးသွားသူ လူငယ်နှစ်ဦးမှာ ‌စောအယ်ကလူ‌တော ၁၈နှစ်နှင့် ‌နော်အယ်မူးဒါး ၁၇နှစ်တို့ဖြစ်ပြီး ၎င်းတို့သည် ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းမှ အ‌မေရိကန်ပြည်‌ထောင်စုသို့ မိသားစုနှင့်အတူ လာ‌ရောက်အ‌ခြေချ ‌နေထိုင်ခဲ့ကြသူများ ဖြစ် သည်။

အခင်းဖြစ်ပွားသည့်‌နေရာမှာ ‌သေဆုံးသွားခဲ့သူ ‌စောအယ်ကလူ‌တော၏ ‌နေအိမ်ရှိ ကားဂို‌ဒေါင်ထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ‌စော အယ်ကလူ‌တော၏ အ‌ဖေဖြစ်သူ ‌စောတာ‌ဒေးက ကားဂို‌ဒေါင်ဖွင့်ရာမှ ‌သေဆုံးသွားသည့်အ‌လောင်းကို ပြန်လည်‌တွေ့ရှိရခြင်း ဖြစ်သည်ဟု သိရသည်။

“ဒီဇင်ဘာလ ၂၄ရက်‌နေ့ ကြာသပ‌တေး‌နေ့ည ၆နာရီ‌လောက်မှာ သူ့ကို ‌နောက်ဆုံး‌တွေ့ရတယ်။ အဲဒါ‌နောက်ဆုံးအချိန်ပါ။ အဲဒီ သတင်းကို ကျမ မယုံချင်ဘူး။ အဲဒါကြီးဟာ အိမ်မက်တခုလိုပါပဲ”ဟု ‌သေဆုံးသွားခဲ့သူ ‌နော်အယ်မူးဒါး၏ အစ်မက ဖို့ဝိန်းမြို့ အ‌ခြေစိုက် wane သတင်းစာဌာနကို ‌ပြောဆိုသည်။

အဆိုပါသတင်းဌာန၏ ‌ရေးသားချက်အရ ကားစက်နိုးထားသည့်အချိန် ‌အောက်စီဂျင်ရရှိခြင်း မရှိဘဲ ကာဗွန်မို‌နော့ဆိုက်ဓာတ် ထွက်ရှိကာ ရှူရှိုက်‌သေဆုံးသည့် အဖြစ်အပျက် မကြာခဏ ဖြစ်ပွား‌လေ့ရှိပြီး မိမိဇာတိနိုင်ငံများတွင် ကားမသုံးဖူးသူများအ တွက် ကာဗွန်မို‌နော့ဆိုက်၏ ဆိုးကျိုးကို ကျယ်ကျယ်ပြန့်ပြန့် သတိ‌ပေးသင့်‌ကြောင်းလည်း ‌ရေးသားထားသည်။

‌သေဆုံးသူများနှင့် နီးစပ်သည့် ဖို့ဝိန်းမြို့‌နေ ကရင်လူငယ်တဦးက “ကျ‌နော်တို့ နယ်စပ်မှာ‌နေတဲ့အချိန်က ကိုယ်ပိုင်ကား‌တွေဘာ ‌တွေ သုံး‌နေကြရတာ မဟုတ်ဘူး။ သူတို့လည်း ဒီတိုင်းပါပဲ။ အဲဒါ‌ကြောင့်လည်းပဲ အဲဒီအန္တရာယ်ကို သူတို့ မသိကြတာပါ”ဟု ‌ကေအိုင်စီကို ‌ပြောဆိုသည်။

အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့တွင် ခန့်မှန်း‌ခြေအားဖြင့် ကရင်လူမျိုး အပါအဝင် မြန်မာပြည်သား ၅,၀၀၀‌ကျော် အ‌ခြေချ ‌နေ ထိုင်လျက်ရှိပြီး အဆိုပါအဖြစ်အပျက်သည် အ‌မေရိကန်‌ရောက် ကရင်အသိုင်းအဝိုင်းများကြားတွင် ပထမဆုံး ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။