Home သတင်း ဖာပွန်မြို့ဗုံး‌ပေါက်ကွဲမှု ‌ကေအဲန်ယူလက်ချက်ဟု နအဖထုတ်ပြန်

ဖာပွန်မြို့ဗုံး‌ပေါက်ကွဲမှု ‌ကေအဲန်ယူလက်ချက်ဟု နအဖထုတ်ပြန်

2016
ဒီဇင်ဘာလ ၁၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဖာပွန်မြို့၌ ဒီဇင်ဘာလ ၁၆ရက်‌နေ့က ကျင်းပပြုလုပ်သည့် ကရင့်နှစ်သစ်ကူး‌နေ့ပွဲ‌တော်တွင် ဗုံး‌ပေါက်ကွဲမှု ဖြစ်ပွားရာ ၎င်းသည် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)၏ လက်ချက်ဖြစ်သည်ဟု နအဖမှ ယ‌နေ့ သတင်း ထုတ်ပြန်ခဲ့သည်။

ဖာပွန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အ‌ခြေခံပညာအထက်တန်း‌ကျောင်း‌ရှေ့ ကွင်းပြင်၌ ကျင်းပပြုလုပ်သည့် ၂၇၄၉ခုနှစ်‌မြောက် ကရင်နှစ်သစ်ကူးပွဲ‌တော်တွင် အဆိုပါ ဗုံး‌ပေါက်ကွဲမှု‌ကြောင့် အရပ်သား ၇ဦး‌သေဆုံးပြီး အမျိုးသား ၁ဝဦး၊ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဆိုပါမိုင်း‌ထောင်သူမှာ ဖာပွန်နှင့် နယ်စပ်‌ဒေသကြားတွင် လှုပ်ရှားလျှက်ရှိသည့် ‌ကေအဲန်ယူအဖွဲ့မှ ဖြစ်‌ကြောင်း နအဖ စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ‌ဖော်ပြသည်။

သို့‌သော် ဗုံး‌ပေါက်ကွဲမှုသည် ၎င်းတို့နှင့် ပါဝင်ပတ်သက်မှုမရှိသည့်အပြင် ယင်းသို့လုပ်‌ဆောင်ရန်လည်း မည်သည့်ညွှန်ကြားမှု တစုံတရာမှမရှိ‌ကြောင်း ထို‌ဒေသတွင် လှုပ်ရှား‌နေသည့် ‌ကေအဲန်ယူ တပ်မဟာ (၅)မှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်မှူး‌စောကလယ် ဒိုက ‌ပြောသည်။

သူက “ဗုံး‌ပေါက်ကွဲတယ်လို့‌တော့ ကျ‌နော်တို့ ကြားပါတယ်။ ဘယ်လိုပုံစံနဲ့ စတင်‌ပေါက်ကွဲခဲ့သလဲဆိုတာ ကျ‌နော်တို့မသိဘူး။ အဲဒီ‌ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး‌တော့ ‌အောက်‌ခြေတပ်ရင်း၊ တပ်ခွဲ‌တွေကို လှမ်း‌မေးကြည့်‌တော့ ဘယ်သူမှလည်း သွားလုပ်တာ မရှိသလို ကျ‌နော်တို့ဘက်က သွားပြီးလုပ်ပါလို့လည်း ဘာညွန်ကြားမှုမျိုးမှ ကျ‌နော်တို့မှာ မရှိပါဘူး။ အခုဖြစ်တာက နအဖရဲ့ အုပ်ချုပ်မှုဂွင်မှာဆို‌တော့ စဉ်းစားစရာတခု‌တော့ ဖြစ်တာ‌ပေါ့‌နော်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထို‌နေ့ည ၉နာရီ ၁ဝမိနစ်ခန့်တွင် ပွဲ‌တော်အတွင်းရှိ အဝတ်အထည်များနှင့် က‌လေးကစားစရာ ပစ္စည်းများ ‌ရောင်းချသည့် ‌ဈေး ဆိုင်တန်းမှ ‌ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ထို‌နေရာတွင် အနက် ၁လက်မ၊ အချင်း ၉လက်မခန့်ရှိ ‌မြေကျင်းတကျင်း ဖြစ်‌ပေါ်ခဲ့ ‌ကြောင်း ‌ဈေးဆိုင်တန်း ဝါးလုံးများ၌ အချင်း ၅မီလီမီတာခန့်ရှိ သံမဏိ‌ဘော‌စေ့များကို ‌တွေ့ရှိရ‌ကြောင်း၊ မိုင်း‌ထောင်သူအား ဖမ်းဆီးရမိ‌ရေးကို ဆက်လက်စုံစမ်း‌နေဆဲဖြစ်သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ‌ဖော်ပြထားသည်။

ကရင်လူငယ်တဦးဖြစ်သူ ‌စောဆာထီး‌ကော်က “အမှန်ဆိုရင် ဒီလို ‌နေ့ထူး‌နေ့မြတ်မျိုးမှာ ဘယ်ကရင်အဖွဲ့အစည်းကမှလည်း ကိုယ့်နှစ်သစ်ကူးကို ပျက်လိုပျက်စီး လုပ်ချင်မှာမဟုတ်ဘူး။ ဒီအလုပ်မျိုးက နအဖ‌တွေပဲ လုပ်‌လေ့ရှိတာပါ။ အရင်ကလည်း ရန် ကုန်လိုမြို့ကြီး‌တွေမှာ ဗုံး‌ပေါက်ကွဲမှု‌တွေ ဖန်တီး‌နေပြီး တခါမှ တရားခံ ဖမ်းမမိခဲ့ဘူး။ နအဖဟာ ကိုယ်ကိုးကွယ်တဲ့ ဘုန်းကြီးကို ‌တောင် သတ်ဝံ့‌သေးတာပဲ။ သူ့အတိုက်အခံဖြစ်တဲ့ ‌ကေအဲန်ယူကို အခုလို ‌ရွေး‌ကောက်ပွဲ နီးလာ‌တော့ နာမည်ဖျက်တဲ့သ‌ဘော လည်း ပါနိုင်တယ်”ဟု ဆက်‌ပြောသည်။

ကရင်၊ ပအိုဝ်း၊ ဗမာ၊ ရှမ်း၊ တရုတ်နှင့် မွတ်ဆလင်မ်ဘာသာဝင်များ ‌နေထိုင်လျှက်ရှိသည့် အဆိုပါဖာပွန်မြို့‌ပေါ်တွင် နအဖ စစ် တပ်မှ ခမရ ၃၄၀၊ ၃၄၁၊ ၄၃၄နှင့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ) (၇၇၇)မှ က‌ဆော ဝါးတပ်ရင်းတို့ အ‌ခြေချလှုပ်ရှားလျှက်ရှိ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ရက်‌နေ့ကလည်း ဖားအံ-‌ရွှေဂွန်းသွားလာသည့် ခရီးသည်တင်သ‌ဘေင်္ာတစင်းအား ‌ကေအဲန်ယူတပ် ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ခရီးသည် သုံးဦး‌သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်အစိုးရပိုင်သတင်း များက ‌ဖော်ပြခဲ့သည်။