Home သတင်း ပိုးကျသဖြင့် စပါးအထွက်နှုန်း ‌လျော့နည်းလာ

ပိုးကျသဖြင့် စပါးအထွက်နှုန်း ‌လျော့နည်းလာ

1574
ဒီဇင်ဘာလ ၁၅ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ကြိတ်‌ကျေးရွာ၌ ယခုနှစ်တွင် စပါးမရိတ်သိမ်းမီကာလ တွင် စပါးပိုးကျ‌သော‌ကြောင့် ယခင်နှစ်များထက် စပါးထွက်နှုန်း ‌လျော့နည်းလာသည်ဟု ရွာ သားများ၏ ‌ပြောပြချက်အရ သိရသည်။

ကြိတ်‌ကျေးရွာမှ လယ်ဧကတချို့သည် ယခင်နှစ်များတွင် စပါးတင်း ၁၀ဝ ထွက်သည့် လယ် တကွက်မှာ ယခုနှစ် ဒီဇင်ဘာလ စပါးထွက်သည့်ရာသီတွင် ၇ဝတင်းမျှသာ အထွက်နှုန်းရှိသည် ဟု ကြိတ်ရွာသားတဦးက ယခုလို ‌ပြောသည်။

၎င်းက “ဒီနှစ်မှာ စပါးအထွက်နှုန်း ‌လျော့နည်းလာတယ်။ ဘာဖြစ်လို့ဆိုရင် စပါးမရိတ်သိမ်းခင် မှာ ပိုးတ‌ခေါက်ကျတယ်‌လေ။ အဲဒီပိုးဟာ မရင့်‌သေးတဲ့ စပါးသီး‌တွေကို ကိုက်စားလိုက်လို့ တင်း ၁၀ဝထွက်ရမယ့် လယ်က ဒီနှစ်ကျ‌တော့ တင်း ၇၀၊ ၇၀‌ကျော်‌လောက်ပဲ အများဆုံး ထွက်နိုင်‌တော့တယ်”ဟု ‌ပြောသည်။

ကြိတ်‌ကျေးရွာသည် ယခုနှစ် စပါးထွက်နှုန်း‌လျော့နည်းလာသလို နှမ်းပင်၊ ပဲပင်များသည်လည်း ပင်စည်သန်အား‌ကောင်းလွန်းပြီး အသီး၊ အဥတွင် ‌အောင်မြင်နိုင်သည့် အလားအလာ အလွန် နည်းပါး‌နေသည်ဟုလည်း အဆိုပါရွာသားက ဆက်‌ပြောသည်။

ကြိတ်‌ကျေးရွာတွင် လယ်ကွင်း‌ပေါင်း ၁၀၀‌ကျော်ရှိပြီး ယခု စပါးပိုးကျသည့် လယ်ကွင်းသည် ထက်ဝက်ခန့်ပင် မရှိ‌ကြောင်း၊ ကြိတ်‌ကျေးရွာ၌ စပါးတတင်းလျှင် ၂,၅၀ဝကျပ်၊ နှမ်းတတင်း လျှင် ၈,၀၀၀‌ထောင်ကျပ်၊ ပဲတတင်းလျှင် ၁,၅၀ဝမှ ၂,၀၀ဝကျပ် ‌ဈေးနှုန်းရှိသည်ဟု ‌ကေအိုင်စီ က စုံစမ်းသိရှိရသည်။

ကြိတ်‌ကျေးရွာမှ စိုက်ခင်းတ‌နေရာ
ကြိတ်‌ကျေးရွာမှ စိုက်ခင်းတ‌နေရာ

ကရင်ပြည်နယ်‌မြောက်ပိုင်း ‌တောင်ငူခရိုင် ထန်းတပင်မြို့နယ်ဘက်တွင်လည်း ယခုနှစ်တွင် မိုး နည်းသည့်အတွက် စပါးထွက်နှုန်း သုံးပုံတပုံခန့် ‌လျော့နည်းလာသည့်အပြင် လာမည့်နှစ်တွင် လယ်သမားများ စားဝတ်‌နေ‌ရေးပြဿနာများနှင့် ရင်ဆိုင်ရနိုင်သည်ဟု ‌ဒေသခံလယ်သမားများ က ‌ပြောကြသည်။