ကျနော် ရွှေကုက္ကိုမှာ ပွဲသွားပြီးအပြန် လမ်းမှာ ဒီကေဘီအေတပ်က ပေါ်တာလိုက်ရမယ်ဆိုပြီး ဖမ်းခေါ်သွားတယ်။ ကျနော် ပေါ်တာပါသွားချိန်က ကျနော့်မိန်းမဟာ ကလေးငယ်တဖက်နဲ့ မွေး ခါနီး ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်။
ကျနော်တို့လိုက်ရတဲ့ ဒီကေဘီအေတပ်က ဘာတပ်လဲတော့ ကျနော်မသိဘူး။ ဒါပေမဲ့ စစ်သားတွေနဲ့ ကျနော်တို့ အတူတူပဲ သွားရတယ်။ ပေါ်တာတွေ လည်း အများကြီးနဲ့ စစ်သားအများကြီးပဲဆိုတော့ လူတန်းကြီးက အရှည်ကြီးပဲ သွားကြတယ်။ ဘယ်လောက်ရှိလဲတော့ ကျနော် မခန့်မှန်းတတ်ဘူး။ ပေါ်တာထဲမှာ များသောအားဖြင့် ကလေး တွေက နည်းပါတယ်။ အသက် ၃၀၊ ၄ဝ အရွယ်တွေက ပိုများတယ်။ ပေါ်တာထဲမှာ တချို့က လည်း သေနတ်တွေ၊ ကျည်ဆံတွေထမ်းရတာရှိသလို ကျနော်ကတော့ ထမင်းအိုးတွေ ထမ်းရ တယ်။ သိပ်တော့ မလေးပါဘူး။ ဒီကေဘီအေတွေက ကျနော်တို့ကို အထမ်းသမားအဖြစ် ခေါ် သွားပြီးတော့ သူတို့သွားမဲ့နေရာရောက်ပေမဲ့လည်း ကျနော်တို့ပေါ်တာတွေကို ပြန်လွှတ်မပေး ဘူး။ ကျနော်ဆို ပေါ်တာပါသွားပြီးနောက်ပိုင်း အဖေ ဆုံးသွားတယ်။ ဒါကို တောင်းပြန်တယ်။ ခွင့်မပေးဘူး။ နောက်တော့ ကျနော့်မိန်းမ ကလေးမွေးတာကြားတယ်။ ဒါလည်း မပေးပြန်ဘူး။ ကျနော်တို့က စစ်သားမှမဟုတ်တာ။
အထမ်းပစ္စည်းတွေ လာထမ်းပို့ပြီးပြီပဲ။ ဒါ လည်း မပေးပြန်ဘဲ လူချိန်းမှ ပြန်လို့ရမယ်ပြောတယ်။ တခါမှလည်း လူချိန်းတာ မတွေ့ရဘူး။ ပေါ်တာအဖြစ် ပါလာတဲ့ အခြားလူတွေလည်း တငေးငေး၊ တငိုင်ငိုင်နဲ့ပဲ။ တယောက်နဲ့တ ယောက်လည်း ကိုယ့်ခံစားချက်တွေကို ပြောဆိုကြတာ မရှိဘူး။ သူ့အတွေးနဲ့သူ၊ ကိုယ့်အတွေး နဲ့ ကိုယ်ပဲ။ ကျနော်လည်း မိန်းမနဲ့ ကလေးတွေကို စိတ်ပူတာကြောင့် အရဲစွန့်ပြီး ထွက်ပြေး လာတာ။