Home ဆောင်းပါး ကန္တာရဝတီခရီးသည်

ကန္တာရဝတီခရီးသည်

3352
(Photo_KIC)

မန်းထိန်ဝင်းစိန်
(နိုဝင်ဘာ ၁၆၊ ၂၀၁၉)

ကန္တာရဝတီခရီးကို ကယားပြည်နယ်မှ ဌာ‌နေကရင်တိုင်းရင်းသား မိတ်‌ဆွေများ၏ ဖိတ်ကြားချက်အရ KNP မှ မန်းထိန်ဝင်းစိန်၊ မန်း‌ကျော်ငြိမ်း၊ မန်းမင်းရဲ‌ထွေး၊ ‌စောက‌ပေါ်မှူး၊ ‌နော်စန်းလွင်တိုု့ (၅)ဦး ၂၈-၈-၂၀၁၉ရက်‌နေ့တွင် လွိုင်‌ကော်မြို့သို့ ‌ရောက်ရှိခဲ့သည်။ ၂၉-၈-၂၀၁၉ရက်‌နေ့ နံနက်တွင် ကယားပြည်နယ် လူမျိုး‌ပေါင်းစုံလွတ်‌မြောက်‌ရေး တပ်ဦး-ကကလတ(ငြိမ်း) အဖွဲ့မှ အတွင်း‌ရေးမှူး မန်းသက်‌ဖော ရုံးခန်းသို့ သွား‌ရောက်‌တွေ့ဆုံခဲ့သည်။

ထို‌နေ့ည‌နေ ၃နာရီတွင် ကယားပြည်နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ‌ကော်မတီရုံးသို့သွား‌ရောက်ပြီး ပြည် နယ်‌ကော်မတီဝင်များနှင့် ‌တွေ့ဆုံခဲ့ပါသည်။ မိမိတို့ကရင်စာ‌ပေသည် ကိုလိုနီ‌ခေတ်က စ‌ကောကရင်စာဖြင့် ဆယ်တန်း အထိလည်း‌ကောင်း၊ ပိုးကရင်စာကို ခုနှစ်တန်းအထိလည်း‌ကောင်း စာ‌မေးပွဲ‌ဖြေဆိုခွင့် ရခဲ့‌သော်လည်း လွတ်လပ်‌ရေးရ ပြီး မည်သည့်အ‌ကြောင်းပြချက်မှ မရှိဘဲ ရပ်ဆိုင်းခဲ့‌ကြောင်း၊ ယ‌နေ့ကာလ ‌ကျောင်းချိန်ပြင်ပ သင်ခွင့်ရသည်ဆို‌သော် လည်း သက်ဆိုင်ရာ‌ကျောင်းအုပ်များ၏ ‌စေတနာ မပါမှု၊ ‌အောင်ချက်မြင့်မား‌ရေးအတွက် အချိန်ပိုသင်ကြားရမှုများ ‌ကြောင့် သင်ခွင့်ရသည်ဆို‌သော်လည်း သင်မရသည့် အခက်အခဲများ အ‌နေအထားတွင် ကရင်စာယဉ်‌ကော်မတီများ အမျိုးသား‌ရေးစိတ်ဓာတ်ဖြင့် ‌ဆောင်ရွက်‌နေခြင်း‌ကြောင့်သာ ကရင်စာ မျိုးဆက်မပြတ်‌သေး‌ကြောင်း အပြန်အလှန် ‌ဆွေး‌နွေးတင်ပြကြပါသည်။

KNP မှ ‌ဆွေး‌နွေးချက်တွင် မိမိတို့အိမ်နီးချင်း လူမျိုး‌ပေါင်းစုံ‌နေထိုင်ပြီး မြန်မာနိုင်ငံရှိ ပြည်နယ်အားလုံး၏ ‌လေးဆကျယ်ဝန်းသည့် အိနိ္ဒယနိုင်ငံတွင် နိုင်ငံသုံးဘာသာစကားအဖြစ် ဟင်ဒီဘာသာစကားကိုလည်း‌ကောင်း၊ နိုင်ငံ တကာသုံးအဖြစ် အဂင်္လိပ်ဘာသာစကားကိုလည်း‌ကောင်း၊ တမီးလ်နာဒူးပြည်နယ်တွင် တမီးလ်ဘာသာစကားကို ရုံး သုံးဘာသာစကားအဖြစ် သင်ကြား‌ကြောင်း ပြည်နယ်တိုင်းတွင် မိမိဘာသာစကားကို ရုံးသုံးအဖြစ် သင်ကြားနိုင်ပါက (ဒီစာတတ်ပြီး ဘယ်‌နေရာသုံးမှာလဲ) ဆိုသည့်အ‌တွေးအ‌ခေါ်များ ရှိ‌တော့မည်မဟုတ်‌ကြောင်း တင်ပြခဲ့သည်။

ထို့အပြင် ကမ္ဘာ‌ပေါ်ရှိ နိုင်ငံ‌ပေါင်း ၂၀၀‌ကျော် ဘာသာစကား‌ပေါင်း (၇၁၀၆)သည် လာမည့်နှစ်‌ပေါင်းတစ်ရာအ တွင်း အချုပ်အခြာအာဏာရှိသည့် ဘာသာစကားနှစ်ရာ‌ကျော်မှလွဲပြီး ကျန်ဘာသာစကား (၆၀၀၀)‌ကျော် ‌ပျောက် ကွယ်သွားမည်ဟု ဘာသာ‌ဗေဒပညာရှင်များ သု‌တေသနပြုခဲ့‌ကြောင်း၊ နိုင်ငံတိုင်းရှိ အပယ်ခံ ဘာသာစကားစာ‌ပေများ ကို ကမ္ဘာ့အ‌မွေအနစ်အဖြစ် ထိန်းသိမ်းရန် United Nation Education, Scientific and Culture Organization မှ ‌ထောက်ပြလျှက် UNESCO မှ မိခင်ဘာသာစကားကို လူမျိုး၏ကိုယ်ပိုင်အမှတ်လက္ခဏာ National Identity အဖြစ် ထိန်းသိမ်းခြင်းဟု မှတ်ယူရမည်ဖြစ်‌ကြောင်းလည်း ‌ဆွေး‌နွေးခဲ့သည်။
အချို့စာယဉ်‌ကော်မတီများက နိုင်ငံ‌ရေးအခက်အခဲကြုံ‌တွေ့ရမှုကို စိုးရိမ်ပြီး မည်သည့်နိုင်ငံ‌ရေးနှင့်မှ မပတ် သက်သည့် စာ‌ပေသင်ကြားမှု လုပ်ခြင်းသည်သာ အ‌ကောင်းဆုံးဟု မှတ်ယူခြင်းသည်လည်း မဖြစ်သင့်‌သေး‌ကြောင်း၊ အရစ္စတိုတယ် ဆိုသူပညာရှင်က Hunam Is Political Animals လူဆိုသည်မှာ နိုင်ငံ‌ရေးသတ္တဝါဖြစ်ခြင်း၊ ပ‌လေတို ဆိုသူပညာရှင်ကလည်း နိုင်ငံ‌ရေးမှာ ပါဝင်မှုကို ငြင်းပယ်ခြင်းဖြင့် သင်ခံရမည့် ပြစ်ဒဏ်မှာ သင့်ထက်ညံ့သူ သင့်ကို အုပ်ချုပ်မည်ဆိုခြင်း‌ကြောင့် ဖက်ဒရယ်ပြည်‌ထောင်စု မတည်‌ဆောက်နိုင်‌သေးသမျှ တိုင်းရင်းသားများ တန်းတူမရှိနိုင် ဆိုသည်ကို သိရှိရန်လို‌ကြောင်း KNP မှ အကြံပြု ‌ဆွေး‌နွေးခဲ့ပါသည်။

၃၀-၈-၂၀၁၉ရက်၊ ‌နေ့လည်တွင် ‌မော်ချီး‌ဒေသ လိုခါးလိုရွာ‌ကျေးရွာခမ်းမ၌ ‌ကျေးရွာရှိ ကရင်တိုင်းရင်းသား များနှင့် ‌တွေ့ဆုံပြီး ‌ဆွေး‌နွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ‌မော်ချီး‌ဒေသသည် ကရင့်နိုင်ငံ‌ရေးတွင် အမှတ်တရ‌နေရာတစ်ခု အဖြစ် ကရင်တိုင်းက သိရှိ‌သော်လည်း ကရင်တိုင်း မ‌ရောက်ဘူးသဖြင့် မိမိတို့‌ရောက်ရှိခဲ့ခြင်းအတွက် အထူးဝမ်းသာရ ပါသည်။
ထိုခမ်းမတွင် ကရင်အမျိုးသား‌ရေး အသိစိတ်ဓာတ် စတင်ခဲ့ခြင်းသည် သူ့ကျွန်ဘဝလုံးလုံးမ‌ရောက်ခင် ၁၈၈၁ ခုနှစ် ‌ဒေါကလူအသင်းမှ စတင်ခဲ့ပြီး ၁၈၄ဝခုနှစ် ကရင်ဗုဒ္ဓဘာသာအသင်း(BKNA)၊ ၁၈၄၃ ကရင်ဗဟိုအဖွဲ့(KCO)၊ ၁၉၄၅ ကရင်လူငယ်အသင်း (KYO) စသည်ဖြင့် ‌ပေါ်‌ပေါက်ခဲ့ရာမှ ၁၉၄၁ခုနှစ်၊ ဩဂုတ်လ(၁၄)ရက် ဒုတိယ ကမ္ဘာစစ် ကြီးကာလ အ‌မေရိကန်သမတ ဖရန်ကလင်ဒီရူစဗဲ့နှင့် အဂင်္လန်ဝန်ကြီးချုပ် ဝင်စတန်ချာချီတို့ ချုပ်ဆိုခဲ့‌သော အတ္တ လန္တိတ်စာချုပ်အရ စစ်ကြီးပြီးလျှင် ကိုလိုနီနိုင်ငံများ လွတ်လပ်‌ရေး‌ပေးရန် လွတ်လပ်သည့်နိုင်ငံများတွင် တိုင်းရင်းသား လူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရမည်ဆိုခြင်း‌ကြောင့် ကိုလိုနီနိုင်ငံများ နိုင်ငံ‌ရေးနိုးကြားလာခဲ့သည်။

နိုင်ငံတကာအ‌ခြေအ‌နေ‌ကြောင့် ဖွဲ့စည်းခဲ့ပြီး‌သော ကရင်အဖွဲ့အစည်း‌လေးဖွဲ့ကို‌ပေါင်းပြီး ၁၉၄၇ခုနှစ်၊ ‌ဖေ‌ဖော် ဝါရီလ (၅)ရက်‌နေ့ ရန်ကုန်မြို့ အလုံရပ်ကွက်ရှိ ဘင်တန်ခမ်းမတွင် KNU ကို ဖွဲ့စည်းခဲ့သည်။ KNU ၏ ငြိမ်းချမ်းစွာ နိုင်ငံ‌ရေး လိုအပ်ချက်ကို ဒီမိုက‌ရေစီ‌ဘောင်အတွင်း ‌ဆောင်ရွက်ခွင့်မရသည့်အဆုံး ‘စစ်ဆိုသည်မှာ နိုင်ငံ‌ရေး၏အ ဆက်’ ဆိုစကားအရ ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်‌နေ့တွင် ကရင့်နိုင်ငံ‌ရေးခုခံစစ် ‌ပေါ်‌ပေါက်ခဲ့ရသည်။

ကရင့်ခုခံစစ်သည် အင်းစိန်မှ စတင်ခဲ့သည်ဆို‌သော်လည်း ဖာပွန်နှင့် ‌မော်ချီး‌ဒေသသည် နိုင်ငံတကာသိ ကရင့်သမိုင်း မှတ်တိုင်အဖြစ်မို့ ချန်လှပ်ထား၍ မဖြစ်‌ပေ။
၁၉၅ဝခုနှစ်၊ ဇူလိုင် (၁၇-၁၉) ဖာပွန်ကွန်ကရက်တွင် ‌စောဘဦးကြီးမှ –
(က) ကရင့်‌တော်လှန်‌ရေးသည် ပထမဆုံးနှင့် ‌နောက်ဆုံး ဖြစ်ခြင်း။
(ခ) ကရင်‌ခေါင်း‌ဆောင်‌တွေ ရန်ကုန်ဆင်းပြီး လည်စင်းမခံကြရင် ကရင့်‌တော်လှန်‌ရေးဘယ်‌တော့မှ မရှုံး။

ကရင်ပြည်နယ်ရရှိရန် နည်းလမ်းသုံးသွယ်
(၁) ‌စေတနာအ‌လျောက်‌ပေး၍ ရရှိခြင်း။(Voluntary Gift)
(၂) ‌အောင်ပွဲဖြင့် ရရှိခြင်း။ (Rights of Conquest)
(၃) နိုင်ငံတကာအ‌ခြေအ‌နေ တွန်း‌ဆော်မှု‌ကြောင့် ရရှိခြင်း။ (Force of Circumstance)
ဟူ၍ ‌ပြောကြားခဲ့သည်။

၃၁-၈-၂၀၁၉ရက်‌နေ့ အပြန်ခရီးတွင် ‌မော်ချီး‌ဒေသ အသံလွှင့်ရုံ‌နေရာ‌ဟောင်းကို သွား‌ရောက်‌လေ့လာခဲ့ပါ သည်။ ‌တောင်‌ခြေအထိသာ ကားဖြင့်သွားနိုင်ပြီး ‌တောင်‌ခြေမှ‌တောင်ထိပ်အထိ ‌ခြေလျင်ခရီးဖြင့် နာရီဝက်ခန့် လမ်း ‌လျှောက်ခဲ့ရသည်။အသံလွှင့်ရုံ‌နေရာ‌ဟောင်းသည် ‌တောင်‌ပေါ်သစ်ပင်ဝါးပင်ရှိသည့် ‌နေရာဖြစ်ပြီး ‌ရေကန်ငယ်တစ်ခု ‌တွေ့ရသည်။ လိုက်ပို့သည့် မိတ်‌ဆွေမှ ၎င်း‌ရေကန်သည် အသံလွှင့်ရုံ‌ဟောင်းဖြစ်ပြီး အနီးတွင် ခြံပိုင်ရှင်၏ သပ်ရပ် ‌သေသပ်သည့် နှစ်ထပ်အိမ်တစ်လုံးရှိရာ KNU တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်း ‌ရောက်ရှိခဲ့ပြီး အမှတ်တရ အ‌ဆောက်အဦးတစ်ခု KNU မှ ‌ဆောက်လုပ်မည်ဖြစ်‌ကြောင်းနှင့် ခြံပိုင်ရှင်မှလည်း ခွင့်ပြုလှူဒါန်းမည်ဖြစ်‌ကြောင်း သိရှိ ခဲ့ရသည်။

၁၉၅ဝခုနှစ်၊ ဇူလိုင် (၃၁)မှ ဩဂုတ်လ (၂)ရက်‌နေ့အထိ ‌မော်ချီး လိုခါးလို အသံလွှင့်ရုံတွင် ‌စောဘဦးကြီး ၏ မူ‌လေးချက်ကို ကရင်၊ ဗမာ၊ အဂင်္လိပ် သုံးဘာသာဖြင့် အသံလွှင့်ခဲ့သည်။
(က) လက်နက်ချစကား အလျင်းမ‌ပြောရ။(FOR US, SURRENDER IS OUT OF QUESTION
(ခ) ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ (WE SHALL RETAIN OUR ARMS)
(ဂ) ပြီးပြည့်စုံ‌သော ကရင်ပြည်နယ် အသိအမှတ်ပြုခြင်းခံရမည်။ (THE RECOGNITION OF THE KAREN STATE MUST BE CONPLETED)
(ဃ) ကရင့်ကြမ္မာ ကရင့်ဖန်တီးခွင့် ရှိရမယ်။ (WE SHALL DECIDE OUR OWN POLITICAL DESTINY )
ဆို‌သောစကားများသည် ကရင့်နိုင်ငံ‌ရေး၏ အန္တိမ ရည်မှန်းချက်အတွက် ‌ရှေ့‌ပြေးနိမိတ်ပုံများဖြစ်သည်။

အင်းစိန်တိုက်ပွဲကာလ ၁၉၄၉ခုနှစ်၊ ဧပြီလ (၆)ရက် ‌စောဘဦးကြီးနှင့် ဖဆပလအစိုးရတို့ ငြိမ်းချမ်း‌ရေး‌ဆွေး ‌နွေးပွဲတွင် ဖဆပလမှ ၁၉၄၉ခုနှစ်၊ ဧပြီလ (၈)ရက်‌နေ့ KNDO မှ လက်နက်များအပ်ရန်နှင့် ‌စောဘဦးကြီးမှ ပြည် နယ်စုံစမ်း‌ရေး‌ကော်မတီတွင် ကရဝင်ပြည်နယ်အ‌ရေးကို ဆက်လက်‌ဆောင်ရွက်ရန် ဟူ‌သောသ‌ဘောထားသည် အညံ့ခံ‌ရေးသာဖြစ်ခြင်း‌ကြောင့် KNU နှင့် ဖဆပလတို့ ပထမဆုံးငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ ပျက်ခဲ့သည်။ KNU ၏ အင်းစိန်ခံတပ်အား ‌လေယာဉ်ဖြင့်လည်း‌ကောင်း၊ လှိုင်မြစ်ရိုးတစ်‌လျှောက် ‌မေယုစစ်သ‌ဘေင်္ာဖြင့်လည်း‌ကောင်း၊ အိန္ဒိ ယမှ စစ်သ‌ဘေင်္ာနှစ်စင်းဖြင့် ရရှိခဲ့သည့် လက်နက်မျိုးစုံဖြင့်လည်း‌ကောင်း တိုက်ခိုက်ရာ ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်‌နေ့မှ စတင်ပြီး ‌မေလ (၂၁)ရက်‌နေ့တွင် KNU တို့ အင်းစိန်မှ ဆုတ်ခွာခဲ့ရသည့် ငြိမ်းချမ်း‌ရေးကို ရန်သူမှ ထိုး စစ်ဖြင့် အသုံးချခဲ့သည့် သင်ခန်းစာရရှိခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး စစ်‌အေးကာလ(Cold War)ကာလတွင် ကမ္ဘာ့နိုင်ငံ‌ရေးဇာတ်ခုံ‌ပေါ်သို့ ‌ရောက်ရှိလာ သည့် နိုင်ငံ‌ရေးလှုပ်ရှားမှုသည် အမျိုးသား‌ရေးလှုပ်ရှားမှု National Liberation Movement ပင်ဖြစ်သည်။ လူမျိုးစုံ‌နေ ထိုင်‌သော တိုင်းပြည်တွင် လူမျိုးတစ်မျိုးမှ အခြားလူမျိုးတစ်မျိုးကိုလွှမ်းမိုးပါက နိုင်ငံတည်ငြိမ်မှုကင်းမဲ့ပြီး နိုင်ငံပြိုကွဲ သည်အထိ ကမ္ဘာတွင် ဖြစ်‌ပေါ်လျှက်ရှိ‌ကြောင်း (ချက်ကိုစလိုဗီးယားမှ ချက်နှင့် စလိုဗက်-ယူဂိုစလားဗီးယားမှ ခရို ‌အေးရှားနှင့် စလို‌ဗေးနီးယား-ဆိုဗီယက်ပြည်‌ထောင်စု ပြိုကွဲခြင်း) လူမျိုးတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ‌သော ပြည်‌ထောင်စုများ တည်ငြိမ်တိုးတက်လျက်ရှိ‌ကြောင်း (ဆွစ်ဇာလန်-ဩစတြီးယား-အ‌မေရိကန်)။

၁၉ရာစု အ‌မေရိကန်သမတ ဝီလ်ဆင်၏ ငြိမ်းချမ်း‌ရေးအဆို (၁၄)ချက်အရ လူမျိုးတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့် ရှိပြီး အချုပ်အခြာအာဏာ ထူ‌ထောင်ခွင့်ရှိ‌ကြောင်း ‌ဖော်ပြခဲ့သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည်မှာလည်း စစ်‌အေးကာ လတွင် အ‌ရေးပါသည့် ကမ္ဘာ့နိုင်ငံ‌ရေး အ‌တွေးအ‌ခေါ်တစ်ရပ်ဖြစ်လာရာ ၁၉၉၂ခုနှစ် စပိန်နိုင်ငံ မဲဒရစ်မြို့ သ‌ဘောတူ ညီချက်အရ အချုပ်အခြာအာဏာ ထူ‌ထောင်ခွင့်ကို ပြင်ပ‌ရေးရာ ကိုယ်ပိုင်ပြဌာန်းခွင့် (External Self Determina-tion)ဟု ၎င်းတိုင်းပြည်တစ်ပြည်အတွင်း လူမျိုးအသီးသီး၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အတွင်း‌ရေးဆိုင်ရာ ကိုယ်ပိုင်ပြ ဌာန်းခွင့် (Internal Self Determination) ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ၁၉၉၈ခုနှစ်၊ နိုဝင်ဘာ (၂၁-၂၇) စပိန်နိုင်ငံ ဘာစီလိုနာမြို့ အစည်းအ‌ဝေးတွင် ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းအဖြစ် ‌ကြေငြာခဲ့သည်။

မြန်မာနိုင်ငံကဲ့သို့ လူမျိုး‌ပေါင်းစုံ‌နေထိုင်သည့် Multi Nation State နိုင်ငံမျိုးတွင် မတူကွဲပြားမှုကို အသိအ မှတ်ပြုပြီး စုစည်းညီညွှတ်သည့် Unity in Diversity စနစ်ဖြင့် ပြည်‌ထောင်စု တည်‌ဆောက်ရန် ကရင့်‌တော်လှန်‌ရေး၏ အနှစ်သာရဖြစ်‌ကြောင်း လွန်ခဲ့သည့် ဆယ်စုနှစ် ၇ခုကတည်းက ‌မော်ချီး၊ လိုခါးလိုအသံလွှင့်ရုံတွင် ‌စောဘဦးကြီးက ကမ္ဘာသိ‌အောင် ‌ကြေငြာခဲ့ပြီးဖြစ်‌ပေသည်။

မန်းထိန်ဝင်းစိန်