Home သတင်း မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားများ၏ ရိုးရာယဉ်‌ကျေးမှုဖလှယ်ခြင်းနှင့် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုခြင်းပြပွဲ ပြုလုပ်

မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားများ၏ ရိုးရာယဉ်‌ကျေးမှုဖလှယ်ခြင်းနှင့် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုခြင်းပြပွဲ ပြုလုပ်

3042
မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားများ၏ ရိုးရာယဉ်‌ကျေးမှုဖလှယ်ခြင်းနှင့် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုခြင်းပြပွဲ အစီအစသ် (Photo_KIC)


နိုဝင်ဘာ ၁၅ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းတစ်ခုဖြစ်‌သော က‌လေးများဖွံ့ဖြိုး‌ရေးစင်တာ-CDC အထက်တန်း‌ကျောင်းတွင် ရိုးရာယဉ်‌ကျေးမှု ဖလှယ်ခြင်းနှင့် စွန့်ပစ်ပစ္စည်းများပြန်လည်အသုံးပြုခြင်း ပြပွဲကို ယ‌နေ့ (နိုဝင်ဘာ ၁၅ရက်) ‌ကျောင်းသူ၊ ‌ကျောင်းသားများဦး‌ဆောင်၍ ပြုလုပ်ကျင်းပ‌နေကြသည်။

တိုင်းရင်းသားလူမျိုး‌ပေါင်းစုံ လာ‌ရောက် ပညာသင်ယူ‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်း CDC အထက်တန်း ‌ကျောင်းတွင် ယဉ်‌ကျေးမှုမတူညီသည့် ‌ကျောင်းသူ၊ ‌ကျောင်းသားများအကြား အပြန်အလှန် နားလည်ရင်းနှီး ကျွမ်းဝင်‌စေရန်နှင့် ပတ်ဝန်းကျင်ကို ထိခိုက်‌စေသည့် စွန့်ပစ်ပစ္စည်းများအ‌ပေါ် သတိပြုမိလာ‌စေရန် ယခုလိုပြုလုပ်ခြင်းဖြစ်‌ကြောင်း ‌ကျောင်းဆရာမ ‌နော်ထရီဇာက ‌ပြောသည်။

၎င်းက “ ကျမတို့ ‌ကျောင်းကိုပြန်ကြည့်မယ်ဆိုရင် တိုင်းရင်းသားလူမျိုး‌ပေါင်းစုံ ရှိ‌နေတာကို မြင်‌နေရတယ်။ အဓိ က ရည်ရွယ်တာက တစ်‌ယောက်နဲ့ တစ်‌ယောက် သူ့လူမျိုးမှာ ဘယ်လို ထူးခြားတဲ့ ဝိ‌သေသ လက္ခဏာ ‌တွေရှိ လဲ၊ ကိုယ့်မှာလည်းဘယ်လို ထူးခြားတဲ့ ဝိ‌သေသလက္ခဏာ‌တွေ ရှိလဲဆိုတာကို သူတို့ရဲ့ ကိုယ်ပိုင်လူမျိုးအ ‌ကြောင်းကို အချင်းချင်း ရှင်းပြ‌ပေးကြတာ‌ပေါ့။ ‌နောက်ပြီးရိုးရာ သီဆိုကပြ‌ဖျော်‌ဖြေမှု‌တွေလည်း ပြ‌ပေးကြ တာ ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ပတ်ဝန်းကျင်ရှိ စွန့်ပစ်ပစ္စည်းများကို စနစ်တကျပြန်လည်ပြုပြင် အသုံးပြုနိုင်မည့် သတင်းစကားများ ကိုလည်း ‌ကျောင်းသူ ‌ကျောင်းသားများအကြား ပိုမိုသိရှိ‌စေရန်အတွက် စွန့်ပစ်ပစ္စည်းပြပွဲ ပြိုင်ပွဲများကိုပါ ထည့်သွင်းရခြင်းဖြစ်သည်ဟု ‌နော်ထရီဇာ ဆက်‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် အဆိုပါ ယဉ်‌ကျေးမှု နှီး‌နှောဖလှယ်ပွဲတွင် CDC ‌ကျောင်းအတွင်း တက်‌ရောက် ပညာ သင်ယူ‌နေသည့် ကရင်၊ ကရင်နီ(ကယား)၊ မွန်၊ ရခိုင်၊ ဗမာ၊ သျှမ်း(ရှမ်း)၊ ချင်း၊ ကချင်၊ ပအိုဝ်း စသည့် တိုင်းရင်းသားများ ရိုးရာယဉ်‌ကျေးမှု ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ရိုးရာအစားအစာ၊ ရိုးရာအက၊ လူမျိုး ‌နောက်ခံသမိုင်း‌ကြောင်း စသည်များကို အပြန်အလှန်နှီး‌နှောဖလှယ်ခဲ့ကြသည်။

အဆိုပါ ယဉ်‌ကျေးမှု ဖလှယ်ပွဲတွင် ပူး‌ပေါင်းပါဝင်သူ ‌နော်လာဒါဝါးက “ကျမတို့အားလုံးက ‌ရွှေ့‌ပြောင်း ‌တွေချည်းပါပဲ။ တချို့ မြန်မာပြည်ရဲ့ ‌နေရာ‌ဒေသအသီးသီးက‌နေလာကြတာဆို‌တော့ အချင်းချင်း မသိနား မလည်ကြတာ အများကြီးရှိတယ်။ အခုလို ပြပွဲ‌လေးပုံစံလုပ်လိုက်‌တော့ သူတို့ရဲ့ ယဉ်‌ကျေးမှု‌တွေကို သိခွင့်ရ တယ်။ သိလည်းသိသင့်တယ်။ ကိုယ့်တိုင်းရင်းသား အ‌ကြောင်းကို‌တော့ ကိုယ်တိုင်သိသင့်တာ‌ကြောင့် ဒီလိုအစီအစဉ်‌လေးက ကျမတို့အတွက် အရမ်းကို အ‌ရေးကြီးပါတယ်” ဟု ‌ပြောသည်။

အဆိုပါ ယဉ်‌ကျေးမှုဖလှယ်ပြပွဲကို CDC ‌ကျောင်းတွင် နှစ်စဉ် တစ်နှစ်တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုနှစ် စွန့်ပစ် ပစ္စည်းနှင့် သက်ဆိုင်သည့် ပြပွဲအစီအစဉ်ကိုပါ ထည့်သွင်း ကျင်းပလာခဲ့သည်။ ၎င်းအစီအစဉ်အတွက် နယ်စပ် ပညာ‌ရေးကို အကူအညီ‌ပေး‌နေသည့် Foundation for Education and Development (FED)မှ အဓိက ပါဝင် ပံ့ပိုးကူညီ‌ပေးခဲ့သည်။