Home ရင်ဖွင့်သံများ ဖန်း‌ဖောင်‌ဒေးရှင်းဆု ရရှိခဲ့သူ ကရင်လူငယ်အချို့၏ ပဒိုမန်းရှာလားဖန်း ဆယ်နှစ်ပြည့်‌အောက်‌မေ့ဖွယ်အတွက် အမှတ်တရစကားများ

ဖန်း‌ဖောင်‌ဒေးရှင်းဆု ရရှိခဲ့သူ ကရင်လူငယ်အချို့၏ ပဒိုမန်းရှာလားဖန်း ဆယ်နှစ်ပြည့်‌အောက်‌မေ့ဖွယ်အတွက် အမှတ်တရစကားများ

3739

၂ဝဝ၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့က ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်း ရှာလားဖန်းကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ ၎င်း၏ရုံး‌နေအိမ်တွင် ‌သေနတ်သမားနှစ်ဦးက လာ‌ရောက်လုပ်ကြံပစ်သတ်ခဲ့သည်။ ထို‌နေ့တွင်ပင် ၎င်း၏ သားသမီးများဖြစ်ကြ‌သော ‌စော‌စေး‌စေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်း နှင့် စလုံ့ဖန်းတို့က ဖခင် ပဒိုမန်း ရှာလားဖန်းနှင့် မိခင် နမ့်ကျင်‌ရွှေတို့အား ရည်စူးပြီး ဖန်း‌ဖောင်‌ဒေးရှင်းကို စတင် တည်‌ထောင်ခဲ့ကြသည်။

ပဒိုမန်းရှာလားဖန်း ကျဆုံးကွယ်လွန်သည့် ၂၀၀၈ခုနှစ်မှ စ‌ရေတွက်လျှင် ယ‌နေ့ ၂၀၁၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့တွင် ဆယ်နှစ်ပြည့်ပြီးဖြစ်သည်။ ယင်း‌အောက်‌မေ့ဖွယ် အထိမ်းအမှတ်အ‌နေဖြင့် ဖန်း‌ဖောင်‌ဒေးရှင်းမှ ‌ပေးအပ်ချီးမြှင့်သည့် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆု ရရှိခဲ့သည့် ကရင်လူငယ်ငါးဦး၏ အမှတ်တရ စကားများကို ‌ကေအိုင်စီက စုစည်း‌ဖော်ပြလိုက်ပါသည်။

စခန့်သူလိုင် (၂၀၁၆ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင်)


အာဇာနည်‌ခေါင်း‌ဆောင်ကြီး ပဒိုမန်းရှာလားဖန်း (၁၀)နှစ်ပြည့်ခဲ့ပြီ။ ဖူးမန်းရှာ မ‌သေပါဘူး။ အခုချိန်ထိ နိုင်ငံ‌ရေး၊ အမျိုး သား‌ရေး၊ ‌တော်လှန်‌ရေး လမ်းပြ‌နေဆဲပဲ‌လေ။ သူ့ရဲ့‌တွေး‌ခေါ်၊ ‌မြော်မြင်မှု၊ ခံယူချက်‌တွေဟာ ယ‌နေ့ထိတိုင် ရှင်သန်‌နေတုန်းပဲ။ သူ ကြို‌တွေး၊ ကြိုမြင်၊ ကြို‌ပြောခဲ့တာ‌တွေ ခု လက်‌တွေ့ မြင်‌နေကြား‌နေရတာပါပဲ။ သူလို‌ခေါင်း‌ဆောင်မျိုး နှစ်‌ယောက် မရှိနိုင်ပါဘူး။ တန်ဖိုးသိသူ‌တွေအတွက် တန်ဖိုးဖြတ်မရတဲ့ ‌ခေါင်း‌ဆောင်‌ကောင်းပါ။ မျိုးဆက်သစ်များကိုလည်း အစဉ် လမ်းပြ‌ပေး‌နေသူပါ။
အမျိုးသား‌ရေး၊ နိုင်ငံ‌ရေး၊ ‌တော်လှန်‌ရေး၊ အသိအမြင်နဲ့ သတိ‌တွေ အမြဲ‌ပေး‌နေတဲ့ ‌ဖေ‌ဖော်ဝါရီ ၁၄ ပါပဲ။
အစဉ်‌လေးစား ဦးညွတ်လျက်

စရှှိုင်း (၂ဝ၁၅ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင်)


အဖူးပဒိုမန်းရှာဟာ ကျ‌နော်တို့ ကရင်လူမျိုးရဲ့ အာဇာနည်တစ်‌ယောက်ဖြစ်တယ်။ ‌ခေါင်း‌ဆောင်တစ်‌ယောက် ဖြစ်တယ်။ အထူးသဖြင့် လူငယ်အတွက်ပဲ ‌ပြောချင်ပါတယ်။ လူငယ်‌တွေဟာ ကျ‌နော်တို့လူမျိုးတိုင်းပြည်အတွက် အနာဂတ်ဖြစ်တယ်။ ကျ‌နော်တို့မှာ အ‌ပြောင်းအလဲ လွတ်လပ်မှုကို လိုချင်တယ်ဆိုရင် ကျ‌နော်တို့ ‌တော်လှန်ရမယ်။ လုပ်ရမယ်‌ပေါ့။ ၂၁ရာစုနှစ် ‌တော် လှန်‌ရေးဟာဆိုရင် လက်နက်အားဖြင့်နဲ့မဟုတ်ဘဲ ပညာ‌ရေးနဲ့ ‌တော်လှန်ရမှာဖြစ်တယ်။ ကရင်လူငယ်‌တွေ ပညာတတ်လာ‌လေ ‌လေ ကျ‌နော်တို့တိုက်ပွဲဟာ ‌အောင်မြင်လာ‌လေ‌လေပဲဆို‌တော့ ကျ‌နော်တို့လက်နက်ဟာ ပညာ‌ရေးဖြစ်တယ်။ အဲဒါ‌ကြောင့်မို့ ကျ‌နော်တို့ရဲ့ ‌ခေါင်း‌ဆောင်ဖြစ်တဲ့ ပဒိုမန်းရှာက ပညာ‌ရေးကို အား‌ပေးတယ်။ ကျ‌နော်တို့ လူငယ်‌တွေကလည်း ပညာ‌ရေးကို တန်ဖိုးထားမှ ပညာ‌ရေးကို လွတ်လပ်မှုနဲ့ ငြိမ်းချမ်း‌ရေးရရှိဖို့အတွက် ကြိုးစားပါလို့ ကျ‌နော်‌ပြောချင်ပါတယ်။
ကျ‌နော် ၂၀၁၅ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု ရရှိခဲ့တယ်။ အဓိက ဖန်း‌ဖောင်‌ဒေးရှင်းဆု‌ပေးတဲ့ အ‌ကြောင်းရင်းက ကျ‌နော်တို့ ဒီပညာ‌ရေး ဝန်‌ဆောင်မှုလုပ်ငန်းအစီအစဉ်မှာ လုပ်တဲ့အတွက်‌ကြောင့်ပါ။ အထူးသဖြင့်က‌တော့ ပညာ‌ရေးဆိုတာ ‌ကျောင်းတွင်းသင်ကြားခြင်းမဟုတ်ဘဲ အပြင်မှာ တကယ်လိုအပ်‌နေတဲ့ဟာ၊ သိသင့်သိ ထိုက်တဲ့ အ‌တွေးအ‌ခေါ်‌တွေရှိမှာ‌ပေါ့။ ‌ကျောင်းပြင်ပ ပညာ‌ရေးအတွက် လှုပ်ရှား‌နေတဲ့ လုပ်ငန်းစဉ်‌တွေနဲ့ ပါဝင်ခဲ့တဲ့အတွက် ဒီဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ကျ‌နော်တို့လူငယ်‌တွေအတွက်က အများကြီးလုပ်‌ဆောင်ဖို့လိုတယ်။ ကြိုးစား‌နေတဲ့လူငယ်‌တွေလည်း အများကြီးရှိ တယ်။ ကဏ္ဍစုံမှာ လူငယ်အတွက် ပညာ‌ရေးမြှင့်တင်ဖို့လိုတယ်၊ ဖွံ့ဖြိုး‌ရေးမှာပဲဖြစ်ဖြစ် လူငယ်စွန့်ဦးတီထွင်မှာပဲ ဖြစ်ဖြစ် လိုအပ် တယ်။ ကဏ္ဍစုံမှာပါဝင်တဲ့ လူငယ်‌တွေအ‌နေဖြင့် ကိုယ်လုပ်တဲ့လုပ်ငန်းအ‌ပေါ်မှာ အနာဂတ်အတွက် စိတ်ထဲ၊ ‌မျှော်လင့်ချက်ထား ပြီး အ‌ကောင်းဆုံး လုပ်‌ဆောင်မယ်။ ကျ‌နော်တို့လိုချင်တဲ့ အနာဂတ်အတွက် ငြိမ်းချမ်း‌ရေးအတွက်၊ အ‌ပြောင်းအလဲအတွက် ဘာအလုပ်မဆို ထိထိ‌ရောက်‌ရောက် အ‌ကောင်းဆုံး လုပ်‌ဆောင်နိုင်မယ်ဆိုရင် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို အားလုံး ရသင့်ရထိုက်မှာပါ။

‌နော်က‌ညော‌ဖော (၂၀၁၃ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင်)


ကျမအ‌နေနဲ့ ‌ပြောချင်တာက အတီးမန်းရှာ ‌ပြောခဲ့တဲ့ စကားဖြစ်တဲ့ ‌တော်လှန်‌ရေးလုပ်‌နေတဲ့ ကျမတို့လူငယ်‌မောင်မယ် ‌တွေ‌ပေါ့‌နော်။ ကျမတို့ အိပ်ယာမဝင်ခင်‌လေးမှာ နှဖူး‌ပေါ် လက်တင်ပြီး ကိုယ့်လူမျိုးရဲ့ ခံစားချက်ကို စဉ်းစားပြီး မိမိလူမျိုးအတွက် ကိုယ်ဘာလုပ်‌ပေးနိုင်သလဲ စဉ်းစားပါ။
‌နောက် နိုင်ငံတကာ‌ရောက်‌နေတဲ့ လူငယ်‌တွေ‌နေနဲ့ မိမိရဲ့ အသုံးစရိတ်ကို ‌လျှော့ချပြီး‌တော့ အဲဒီကုန်ကျသွားမဲ့ အသုံး စရိတ်ကို မိမိလူမျိုးကို ပြန်ပြီးကူညီပါ။ ‌နောက်တစ်ခုက ကျမတို့ ‌တော်လှန်‌ရေးသမား‌တွေဟာ ကိုယ်လုပ်‌ဆောင်‌နေတဲ့ အလုပ်က မိမိလူမျိုးကို မဆန့်ကျင်ဖို့နဲ့ ရန်သူရဲ့‌ပြောစကား၊ ရန်သူရဲ့ညွှန်ကြားမှု‌တွေကို နားမ‌ထောင်မိဖို့ကို သူ ‌ပြောခဲ့တယ်။ ဒါ‌တွေကို ကျမ ပြန်လည် အမှတ်ရ‌စေပါတယ်။ အတီးရဲ့စကား‌တွေဟာ ကျမတို့အတွက် တန်ဘိုးရှိသလို အခု ကျမတို့အ‌ခြေအ‌နေနဲ့လည်း ကိုက် ညီပါတယ်။ သူဆုံးသွားပြီဆို‌ပေမယ့် သူ‌ပြောခဲ့တဲ့ စကား‌တွေဟာ တန်ဘိုးမဖြတ်နိုင်ဘူး‌ပေါ့‌နော်။
ကျမတို့ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်‌နေတဲ့အခါမှာ သတိဝိရိယရှိဖို့၊ အစိုးရ အထူးသဖြင့် စစ်တပ်‌တွေအသုံးပြု‌နေတဲ့ ပရိ ယာယ်‌တွေကို ‌ဝေဖန်ပိုင်းခြားနိုင်မှု မရှိရင် ကျမတို့ ‌တော်လှန်‌ရေး‌အောင်မြင်မှု ပန်းတိုင်‌ရောက်ဖို့ မလွယ်ကူလှဘူး‌ပေါ့‌နော်။ အတီးရဲ့ဘဝက သူ‌တော်လှန်‌ရေး စလုပ်ကတည်းက သူ့မှာပိုင်ဆိုင်မှုဆိုတာ ဘာမှမရှိဘူး။ သူဆုံးသွား‌တော့လည်း သူ့လူမျိုးအ တွက် အကုန်‌ပေးလိုက်တယ်။ သူ့မှာ ဘာမှ မကျန်ရစ်ခဲ့ဘူး။ ဒါ‌ပေမယ့် သူ့သားသမီးနဲ့ သူ့လူမျိုး‌တွေအတွက် ‌ကောင်းတဲ့သမိုင်း ကို သူ ချန်ထားရစ်ခဲ့တယ်။ ဒါ‌ကြောင့် အတီးက အင်မတန် အတုယူစရာ‌ကောင်းတဲ့ ‌ခေါင်း‌ဆောင်တစ်ခုဖြစ်တယ်ဆိုတာ ကျမ ‌ပြောချင်ပါတယ်။

နမ့်သန္တာ‌အောင် (၂၀၁၂ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင်)


ဖထီးပဒိုမန်းရှာ (၁၀)နှစ်ပြည့် ‌အောက်‌မေ့ဖွယ်မှာ အမှတ်တရ စကား‌ပြောခွင့်ရလို့ အထူး‌ကျေးဇူးတင်ပါတယ်။
ပဒိုမန်းရှာလို့ အမည်ကြားလိုက်ရင် အပြင်မှာ တစ်ခါမှ လူချင်းမ‌တွေ့ဖူးခဲ့‌သော်လည်း နာမည်က အရမ်းရင်းနှီးတယ်။ ဘာဖြစ်လို့ လဲဆို‌တော့ ကရင်လူမျိုးထဲက ‌လေးစားအတုယူသင့်တဲ့ ပုဂ္ဂိုလ်‌တွေထဲမှာ တစ်‌ယောက် အပါအဝင်ဖြစ်သလို လူ‌သေ‌သော်လည်း နာမည်မ‌သေ‌သော ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ ဖထီးရဲ့ခံယူချက်၊ ရဲဝံ့စွာ ထုတ်‌ဖော်‌ပြောဆိုချက်နဲ့ လုပ်‌ဆောင်ချက်‌တွေကို ‌လေ့လာ ရတဲ့အခါမှာ ဖထီးက ကရင်တိုင်းရင်းသားအ‌ရေးတစ်ခုတည်းမက မြန်မာ့ဒီမိုက‌ရေစီအ‌ရေးမှာ တိုက်ပွဲဝင်ခဲ့တဲ့ ‌တော်လှန်‌ရေးအင် အားစု‌တွေနဲ့ အခြား‌သော တိုင်းရင်းသား‌တွေရဲ့ ယုံကြည်အားထားရသူ၊ အခရာကျတဲ့သူဆိုတာ ‌တွေ့ရတယ်။
ဖထီးရဲ့လုပ်‌ဆောင်ချက်‌တွေကြည့်ပြီး လူငယ်တစ်‌ယောက်အ‌နေနဲ့ အများကြီး ခွန်အားရတယ်။ အဓိက ဖထီးနဲ့ပတ် သက်ပြီး ယားအ‌နေနဲ့ ‌ခေါင်း‌ဆောင်ပိုင်း တက်လှမ်းဖို့ စိန်‌ခေါ်မှု‌တွေရှိလာရင် ဖထီးရဲ့‌ဆောင်ပုဒ်တစ်ခုနဲ့ learning လုပ်ပြီး ကိုယ့် ကိုယ်ကို ခွန်အားယူပါတယ်။ ဖထီးရဲ့လက်ကိုင်ထားတဲ့ ‌ဆောင်ပုဒ်က‌တော့ “‌ခေါင်း‌ဆောင်ဆိုတာ အသိအမှတ်ပြုရ‌လောက်တဲ့ သမိုင်းဖြတ်သန်းမှုရှိရမယ်”ဆိုတာဖြစ်တယ်။ ဖထီးရဲ့လုပ်‌ဆောင်ခဲ့သမျှ‌တွေကို ‌လေ့လာကြည့်ရင် လူငယ်‌တွေအတွက် learning လုပ်လို့ရတာ‌တွေ အများကြီး‌တွေ့ရ‌ကြောင်း ၁ဝနှစ်ပြည့် အမှတ်တရအ‌နေဖြင့် ‌ပြောကြားလိုပါတယ်။
နှစ်‌ပေါင်းများစွာ သမိုင်းကို ‌ဖျောက်ဖျက်ခံခဲ့ရတာမို့ ခုချိန်မှာ လူငယ်အများစုက သမိုင်းကို မသိကြသလို စိတ်လည်းမ ဝင်စားကြတာ ‌တွေ့ရတယ်။ လူငယ်ဆိုတာ ပုခုံး‌ပြောင်းတာဝန် ထမ်းရမဲ့သူ‌တွေ ဖြစ်တဲ့အတွက် နိုင်ငံ‌ရေး၊ လူမျိုး‌ရေးမှာ မ‘အ’ ‌အောင် သမိုင်းကို ‌လေ့လာဖို့လိုတယ်။ သမိုင်းသိမှလည်း လူမျိုး‌ရေးစိတ်ဓာတ် အပြည့်အဝနဲ့ ပါဝင်လာနိုင်သလို ပါဝင်လုပ်‌ဆောင် တဲ့အခါမှာလည်း ‌နေရာလိုချင်စိတ်နဲ့မဟုတ်ဘဲ တစ်‌ထောင့်တစ်‌နေရာက တာဝန်ယူမှုနဲ့ အချင်းချင်းကြား လက်တွဲ‌ခေါ်ယူမှု၊ ပံ့ပိုး မှု‌တွေနဲ့ အမျိုးသား‌ရေးမှာ အဓိက လုပ်‌ဆောင်ခဲ့တဲ့ ဖထီးလို ပုဂ္ဂိုလ်‌တွေကိုအတုယူပြီး တစ်ဖက်တစ်လမ်းက လုပ်‌ဆောင်‌စေလို ‌ကြောင်း တိုက်တွန်းလိုပါတယ်။

‌စောထူးထူးအဲ့ (၂၀၁၁ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင်)


ကျ‌နော့်အတွက် အဖူးမန်းရှာက ‌လေထဲက ဖ‌ယောင်းတိုင်လိုပါပဲ။ အဖူးက စဉ်းစားနိုင်စွမ်း ဉာဏ်မရှိတဲ့လူ‌တွေ‌ကြောင့် အ‌ကြွေ‌စောခဲ့‌ပေမယ့် အဖူးရဲ့အ‌ငွေ့အသက်၊ အနံ့‌တွေက ရာစုနှစ်‌ပေါင်းများစွာ ‌ကျော်လွန်သွားလည်း ဘယ်‌တော့မှ ‌ပျောက် ကွယ်မသွားဘူးဆိုတာ ယုံကြည်တယ်။ ယခု KNU ‌လျှောက်‌နေတဲ့ လမ်း‌ကြောင်း‌ပေါ်မှာလည်း အဖူးသာရှိခဲ့ရင် တစ်ဖက်တစ် လမ်းက‌နေပီး ဘယ်လိုကူညီဦး‌ဆောင်မလဲဆိုတာကို ကျ‌နော် စဉ်းစားမိတယ်။ အဖူးကို ဘယ်‌တော့မှမ‌မေ့ပါဘူး။ ခရီးလမ်း ‌ဖြောင့်ဖြူးမယ်လို့ ယုံကြည်တယ်။
အစဉ်‌လေးစားလျှက်