Home သတင်း လုပ်အားခ အပြည့်အဝရရှိရန် မဲ‌ဆောက်ရှိ မြန်မာအလုပ်သမား ၁,ဝဝဝ ‌ကျော် ဆန္ဒြ့ပ

လုပ်အားခ အပြည့်အဝရရှိရန် မဲ‌ဆောက်ရှိ မြန်မာအလုပ်သမား ၁,ဝဝဝ ‌ကျော် ဆန္ဒြ့ပ

2336

‌ဖေ‌ဖော်ဝါရီ ၁၄ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ်၊ မဲ‌ဆောက်မြို့၊ ဘန့်ဝမ်းသခီးယန်း‌ကျေးရွာရှိ Gold Fine ‌ကျောက်‌သွေးအလုပ်ရုံ၌ အလုပ်လုပ် ‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၁,ဝဝဝ(တစ်‌ထောင်)‌ကျော်သည် လုပ်အားခ အပြည့်အဝမရရှိခြင်းနှင့် စာရွက်စာတမ်း‌ကြေးကို လုပ်အားခမှ ထပ်မံဖြတ်‌တောက်ယူမှုများ‌ကြောင့်ဟုဆိုကာ ယ‌နေ့ (‌ဖေ‌ဖော်ဝါရီလ ၁၄ ‌နေ့)တွင် စက်ရုံ‌ရှေ့၌ ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။

ဆန္ဒပြမှုကို ဦး‌ဆောင်သူ မသဇင်‌ထွေး(ခ)မအာရှီးက “ကျမတို့ကို လုပ်အားခအပြည့်အဝ မ‌ပေးလို့ပါ။ လုပ်အားခ တစ်‌နေ့ကို ၃၀၅ ဘတ် မ‌ပေးပဲနဲ့ တစ်‌နေ့ကို ၂၃ဝ ဘတ်ပဲ‌ပေးတယ်။ ၂၃ဝ ပဲ‌ပေးတာက‌နေပြီး‌တော့ အဲ့ဒီ ၂၃ဝ ဘတ် က‌နေပြီး CI ( Certificate of Identity )ကို ပြန်‌လျှောက်ရမဲ့ဟာကို ထပ်ဖြတ်တယ်။ ဒီအ‌ပေါ်မှာ အလုပ်သမား‌တွေက အလုပ်သမား လက်မှတ်လည်းရှိ‌နေကြပြီး တရားဝင်အလုပ်သမားလည်းဖြစ်‌နေကြပြီးဆို‌တော့ လုပ်အားခ ၃၀၅ဘတ် အပြည့်လိုချင်ကြ တာပါ ” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

၎င်းဆန္ဒပြမှုအ‌ပေါ် လက်ရှိအချိန်ထိ စက်ရုံအလုပ်ရှင်ဘက်မှ တရားဝင်တစုံတရာ ညှိနှိုင်း‌ဖြေရှင်း‌ပေးမှုမျိုးမရှိ‌သေးဘဲ အလုပ်သမားများ၏ ‌တောင်းဆိုမှုအ‌ပေါ် တစုံတရာ‌ဖြေရှင်း‌ပေးမှုမရှိလျှင် အလုပ်သမား အချို့မှာ အလုပ်ထွက်ကြမည်ဖြစ် သလို အလုပ်ရှင်ဘက်မှလည်း အလုပ်ဆက်မလုပ်ချင်လျှင်ထွက်နိုင်‌ကြောင်းလည်း ပြန်လည်‌ပြောဆိုမှုရှိသည်ဟု မသဇင်‌ထွေးက ဆက်‌ပြောသည်။

၎င်းကဲ့သို့ပြဿနာရပ်ဖြစ်‌ပေါ်လာရခြင်းသည် အလုပ်ရှင်ထက် အလုပ်သမား မန်‌နေဂျာနှင့် ၎င်းတို့၏ လက်‌ထောက်များက အလုပ်သမားများအ‌ပေါ် ‌ခေါင်းပုံဖြတ်မှုနှင့် စာရွက်စာတမ်း‌ကြေးဖြတ်ယူမှုမှာ ပွင့်လင်း မြင်သာမှုမရှိခြင်း‌ကြောင့် ဖြစ်သည်ဟု လည်း အလုပ်သမားအ‌ရေး‌ဆောင်ရွက်‌နေသူ မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

၎င်းက “ထိုင်းအစိုးရရဲ့ စာရွက်စာတမ်း‌ကြေးများတာကလည်းတစ်ခု၊ မြန်မာအလုပ်သမား‌တွေအ‌ပေါ်မှာ ‌ခေါင်းပုံ ဖြတ်မှု ကျင့် သားရ‌နေပြီဖြစ်တဲ့ မန်‌နေဂျာနဲ့ သူရဲ့ လက်‌ထောက်‌တွေက‌နေပြီး‌တော့ စာရွက်စာတမ်း‌တွေကို တရားဝင်‌အေဂျင်စီ‌တွေနဲ့မ ချိတ်ဆက်ပဲနဲ့ ကိုယ်တိုင်ပွဲစားလုပ်ပြီး‌တော့ အဲ့မှာအကျိုးအမြတ်ကို ‌ခေါင်းပုံဖြတ်တယ်။ ဒါကို သူ‌ဌေးက သိချင်မှ သိမယ်။ ဒီလို နှစ်သီးစား၊ သုံးသီးစား‌ခေါင်းပုံဖြတ်မှု‌ကြောင့် မခံနိုင်တဲ့အလုပ်သမား‌တွေနဲ့ပြဿနာတက်တာ‌ပေါ့ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ဆန္ဒပြမှုဖြစ်‌ပေါ်‌နေသည့် ၎င်း Gold File ‌ကျောက်‌သွေးအလုပ်ရုံတွင် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား‌ပေါင်း ၁,၂၀ဝ ဦးခန့်အလုပ်လုပ်ကိုင်‌နေကြပြီး ယခုဆန္ဒထုတ်‌ဖော်မှုမှာ အားလုံးနီးပါး ပါဝင်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ၏ ဥပ‌ဒေအရ ဧပြီလ မ‌ရောက်ရှိ‌သေးချိန်အထိ လက်ရှိတွင် တရားဝင်အလုပ်သမား လုပ်အားခကို ၃၀၈ ဘတ် သတ်မှတ်ထားသည်။