Home ဆောင်းပါး ပြည်နယ်ဂုဏ်‌ဆောင် ရိုးရာလက်‌ဝှေ့မယ် နန်းမူးအဲသိုဝ်

ပြည်နယ်ဂုဏ်‌ဆောင် ရိုးရာလက်‌ဝှေ့မယ် နန်းမူးအဲသိုဝ်

2404

စဖန်း‌ရှောင်း
(စက်တင်ဘာ ၁၆၊ ၂၀၁၇)

“လက်‌ဝှေ့ပွဲဆိုရင် အမြဲလိုက်ကြည့်ဖြစ်တယ်။
သူများစင်‌ပေါ်မှာ လက်‌ဝှေ့ထိုး‌နေတာမြင်ရရင်
သမီးလက်‌တွေ ‌ခြေ‌တွေ လှုပ်လာတယ်။ ထိုးချင်တယ်”

မြန်မာနိုင်ငံမှာရှိတဲ့ ရိုးရာအားကစားနည်း‌တွေထဲကမှ အကြမ်းတမ်းဆုံးကစားနည်းတစ်ခုလို့ ‌ပြောနိုင်တဲ့ ရိုးရာ လက်‌ဝှေ့အားက စားမှာ ‌ယောက်ျားသားများသာ အများစုလွှမ်းမိုးပြီး သူတို့ရဲ့ ပညာရပ်အ‌ပေါ်‌လေးစားလိုက်နာမှု ၊ ဇွဲ၊ သတ္တိရှိမှု‌တွေ‌ကြောင့် လူမျိုး ဂုဏ်သာမက နိုင်ငံ့ဂုဏ်ပါ ‌ဆောင်နိုင်ခဲ့တဲ့ ရိုးရာလက်‌ဝှေ့အားကစားသမား‌တွေ အများအပြား ‌ပေါ်ထွက်ခဲ့တာကို ‌တွေ့ရပါတယ်။

သာမန် မိန်းက‌လေးငယ်‌တွေအ‌နေနဲ့က‌တော့ ဒီလိုခက်ခဲကြမ်းတမ်းတဲ့ ရိုးရာလက်‌ဝှေ့အားကစားကို ‌လေ့လာလိုက်စားဖို့ မဖြစ်နိုင် ‌ပေမယ့် ဝါသနာအရင်းခံပြီး ယခု မြန်မာ့ရိုးရာ လက်‌ဝှေ့ အားကစားပြိုင်ပွဲ‌တွေမှာ မိန်းက‌လေး‌တွေအ‌နေနဲ့ ပါဝင်ယှဉ်ပြိုင်ကစား တာ‌တွေလည်း ရှိလာခဲ့ပြီး လူမျိုးဂုဏ်၊ ပြည်နယ်ဂုဏ်‌ဆောင်နိုင်ခဲ့သူ‌တွေလည်း ရှိလာပြီ ဖြစ်ပါတယ်။

ထိုအထဲမှာမှ တစ်ဦးအပါအဝင်ဖြစ်သူက‌တော့ ၂၀၁၇ခုနှစ်အတွင်း ကျင်းပပြီးခဲ့တဲ့ ၁၅ကြိမ်‌မြောက် တိုင်း‌ဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု မြန်မာ့ရိုးရာလက်‌ဝှေ့ပြိုင်ပွဲမှာ ကရင်ပြည်နယ်ကို ဂုဏ်‌ဆောင်နိုင်ခဲ့သူ ဖားအံမြို့နယ်၊ ‌တောင်က‌လေးရွာဇာတိဖြစ်တဲ့ အသက် ၁၈နှစ်အရွယ် ကရင်မ‌လေး နန်းရီရီသန်း (ခ) မူးအဲသိုဝ်ပဲ ဖြစ်ပါတယ်။

“လက်‌ဝှေ့ပွဲဆိုရင် အမြဲလိုက်ကြည့်ဖြစ်တယ်။ သူများစင်‌ပေါ်မှာ လက်‌ဝှေ့ထိုး‌နေတာမြင်ရရင် သမီးလက်‌တွေ ‌ခြေ‌တွေ လှုပ်လာ တယ်။ ထိုးချင်တယ်။ ဘယ်လိုဖြစ်လဲ မသိဘူး။ ပွဲရှိရင် သွားထိုးချင်တယ်လို့‌ပြောတိုင်း အပါးက အား‌ပေးတယ်။ အမိုးက သမီး မိန်းက‌လေး တစ်‌ယောက်တည်းရှိ‌တော့ လက်‌ဝှေ့ထိုးမှာကို လုံးဝ မကြိုက်ဘူး။ ထရိန်နင်ဆင်းရင် အ‌မေက သမီးကို လုံးဝ စကား မ‌ပြောဘူး”လို့ ‌ပြောလာသူ မူးအဲသိုဝ်အ‌နေနဲ့ ငယ်ငယ်‌လေးကတည်းက လက်‌ဝှေ့ထိုးတာကို ပါခဲ့သူဖြစ်ပါတယ်။

‌မွေးချင်း ‌မောင်နှမ (၆)‌ယောက်ထဲမှာ သမီးမိန်းက‌လေးတစ်‌ယောက်တည်းရှိသလို ဒီလို လက်‌ဝှေ့ဝါသနာပါသူကလည်း သူမတစ် ဦးသာ ဖြစ်ပါတယ်။ ဒီလိုဝါသနာ‌တွေ‌ကြောင့်ပဲ သူမဟာ အ‌မေဖြစ်သူ တားမြစ်တဲ့ကြားထဲက အတန်းပညာထက် မိမိဝါသနာပါရာ ကို ‌အောင်မြင်‌အောင် ဆက်လက် ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ ပဉ်စမတန်းတက်‌နေစဉ် နှစ်တစ်ဝက်နဲ့ ‌ကျောင်းထွက်လိုက်ပြီး လက်‌ဝှေ့‌လောကထဲကို ဝင်‌ရောက်မယ့်လမ်းကိုသာ သူမ ‌ရွေးချယ်ခဲ့ပါ‌တော့တယ်။

လက်‌ဝှေ့မယ်တစ်ဦးဖြစ်တဲ့ နန်းရီရီသန်း (ခ) မူးအဲသိုဝ်အ‌နေနဲ့ သူမ အခုလို ရိုးရာလက်‌ဝှေ့အားကစားအ‌ပေါ် ဝါသနာထုံရခြင်း ဟာလည်း အ‌ဖေဘက်က မျိုးရိုးလိုက်တယ်လို့ ‌ပြောရင်လည်း မှားမယ်မထင်ပါဘူး။ သူမအ‌ဖေဟာ တစ်ချိန်က ရိုးရာလက်‌ဝှေ့မှာ နာမည်‌ကျော် “သမန်းကျား”နဲ့ ညီအစ်ကိုတစ်ဝမ်းကွဲ ‌တော်စပ်သူဖြစ်သလို သူမအ‌ဖေကိုယ်တိုင်ကလည်း ထိုင်း-မြန်မာနယ်စပ် တစ်‌လျှောက် လက်‌ဝှေ့ပွဲ‌တွေမှာ ထိုင်းလက်‌ဝှေ့သမားများနဲ့လည်း ထိုးသတ်ခဲ့ဖူးသူ လက်‌ဝှေ့သမားတစ်‌ယောက် ဖြစ်ပါတယ်။

အ‌မေဖြစ်သူ နန်းမူး‌ဖော့‌အေးအ‌နေနဲ့ သမီးဖြစ်သူဝါသနာကို ‌ပြောမရတဲ့အဆုံး ခွင့်ပြု‌ပေးခဲ့ရ‌ပေမယ့် ရိုးရာလက်‌ဝှေ့အားကစား သမားတစ်‌ယောက်ဖြစ်ခဲ့တဲ့ ‌စောလာလုက‌တော့ သမီးကိုအမြဲအား‌ပေး‌နေခဲ့သူဖြစ်သလို တစ်ဦးတည်းဖြစ်တဲ့သမီးကိုလည်း ရိုးရာ လက်‌ဝှေ့အားကစားမှာ ‌ပေါက်‌မြောက် ‌အောင်မြင်‌စေချင်သူတစ်‌ယောက်ပါ။

“သား‌ယောက်ျား ၃‌ယောက်က အခုဘန်‌ကောက်မှာ။ သမီးက‌တော့ ဒီဟာကို ဝါသနာပါတာကိုး။ ကျ‌နော် ‌ပြောတယ်။ ထိုးမယ်ဆို ရင်လည်း တစ်ခုတည်းကိုပဲ ကျကျနနလုပ်။ နာမည်‌ပေါ်‌အောင်လုပ်။ ထိုးရင်လည်းမ‌ကြောက်နဲ့ဆိုပြီး သူ့ကို‌ပြောရတယ်”လို့အ‌ဖေ ဖြစ်သူ ‌စောလာလုက ‌ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်ခန့်ကမှ “မူး အဲ သိုဝ်” နာမည်နဲ့ ရိုးရာလက်‌ဝှေ့ ‌လောကထဲကို စတင်ဝင်‌ရောက်တဲ့ သူမအ‌နေနဲ့ ပထမဆုံးပွဲစဉ် ဖြစ်တဲ့ ၂၀၁၇ခုနှစ်၊ ဇူလိုင် ၃ရက်က‌နေ ၁၂ရက်‌နေ့အထိ ရန်ကုန်မြို့၊ သိမ်ဖြူအားကစားရုံမှာ ကျင်းပခဲ့တဲ့ ၁၅ကြိမ်‌မြောက် တိုင်း ‌ဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု မြန်မာ့ရိုးရာ လက်‌ဝှေ့ပြိုင်ပွဲ ၆၃.၅ကီလိုတန်းမှာ တနသင်္ာရီတိုင်း‌ဒေသကြီးက ပြိုင်ဘက်အား ကစားသမားကို အနိုင်ရရှိပြီး ပထမ(‌ရွှေတံဆိပ်)ဆုကို ကရင်ပြည်နယ်ဂုဏ်‌ဆောင် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီလို‌အောင်မြင်မှုရရှိဖို့ အပြင်းအထန် ‌လေ့ကျင့်သင်ကြားခဲ့ရသလို သူမရဲ့ တခြားဝါသနာ‌တွေဖြစ်တဲ့ ‌ဘောလုံးကန်တာ၊ ဒုံးက တာ၊ စက်ချုပ်တာ‌တွေ၊ အလှအပ ချယ်သဖြီးလိမ်း ပြင်ဆင်တာ‌တွေဟာလည်း သူမနဲ့ တဖြည်းဖြည်း ကင်းကွာသွားခဲ့ပြီ ဖြစ်ပါ တယ်။ ထို့အတူပဲ ‌အောင်မြင်မှုရဲ့တစ်ဖက်မှာ အခက်အခဲ‌တွေ၊ စိန်‌ခေါ်မှု‌တွေသာမက ပတ်ဝန်းကျင်ကလည်း သူမအ‌ပေါ် ‌ဝေဖန် ‌ပြောဆိုမှု‌တွေလည်း ရှိ‌နေပြန်ပါတယ်။

မူးအဲသိုဝ်က “သမီး လက်‌ဝှေ့ စထိုး‌တော့မယ်ဆို‌တော့ အရင်ထားတဲ့ ဆံပင်အရှည်ကို ဖြတ်လိုက်ရတယ်။ လက်‌ဝှေ့ထိုးမယ်ဆို ‌တော့ ပတ်ဝန်းကျင်က နင်က မိန်းက‌လေးရုပ်ရည်ကို ပြန်ကြည့်အုံး။ သွားထိုးတာ နိုင်ပါ့မလား‌ပေါ့။ အမျိုးမျိုး ‌ပြော‌နေကြတာပဲ။ ‌နောက်ပြီး ထရိန်နင်(‌လေ့ကျင့်မှု)ဆင်းတာ မိန်းက‌လေးတစ်‌ယောက်ထဲလည်းဖြစ်‌တော့ စတာ၊ ‌နောက်တာ‌တွေ။ သူများကစား ပြီးမှ ကိုယ့်အလှည့်‌ရောက်တာ‌တွေ‌တော့ ရှိတာ‌ပေါ့။ ဒီလိုအခက်အခဲက‌တော့ အနည်းအများ ရှိတာ‌ပေါ့။ သမီးစိတ်ထဲမှာ‌တော့ ဘာမှမထားပါဘူး”လို့ ‌ပြောပါတယ်။

ထိုနည်းတူပဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြည်နယ်နဲ့တိုင်း အမျိုးသမီး Boxing ပြိုင်ပွဲအတွက် အပြင်းအထန် ‌လေ့ကျင့်ပြီးခါမှ ‌နေပြည်‌တော်သွား‌ရောက်ဖို့ စစ်‌ဆေးခံခဲ့ရာမှာ သူမအ‌နေနဲ့ ရိုးရာလက်‌ဝှေ့ထိုးဖူးသူဖြစ်တဲ့အတွက် ‌ဆေးစစ်ချက် ‌အောင်မြင်‌ပေ မယ့်လည်း အ‌နောက်တိုင်းလက်‌ဝှေ့ပြိုင်ပွဲဖြစ်‌နေလို့ ပွဲစဉ်ပါဝင်ခွင့် ပယ်ချခံခဲ့ရပါတယ်။

လက်ရှိမှာ‌တော့ မူးအဲသိုဝ်ဟာ ‌တောင်က‌လေးကလပ်က လက်‌ဝှေ့နည်းပြဆရာ‌တွေရဲ့သင်ကြားပြသမှုနဲ့ မနက်တစ်ကြိမ်၊ ည‌နေ တစ်ကြိမ် ထရိန်နင် ပုံမှန်ဆင်း‌နေပြီး ရန်ကုန်နှင့် ဂျပန်နိုင်ငံများတွင် ပြုလုပ်မည့် မြန်မာ့ရိုးရာလက်‌ဝှေ့ပွဲများတွင် ယှဉ်ပြိုင်ထိုး သတ်ခွင့်ရဖို့ ‌မျှော်လင့်ထားပါတယ်။

“ရည်မှန်းချက်က‌တော့ အကြီးကြီးထားတယ်။ နာမည်တစ်လုံးရ‌အောင်ကို လုပ်မယ်။ ကြိုးလည်းကြိုးစားမယ်” ဆိုတဲ့စိတ်ထားနဲ့ ပြိုင်ပွဲအ‌တွေ့အကြုံပါ နုနယ်‌သေး‌ပေမယ့်လည်း ဆက်လက် ကြိုးစား‌နေဆဲဖြစ်သူ၊ ကယားပြည်နယ်က လက်‌ဝှေ့မယ် ဘ‌ရော်နီ ကာနဲ့ ရိုးရာလက်‌ဝှေ့အ‌ကျော်အ‌မော်ဖြစ်‌နေသူ ဖျံ‌သွေးကို အားကျအတုယူ‌နေတဲ့ မူးအဲသိုဝ် ဆိုတဲ့ တက်သစ်စလက်‌ဝှေ့မယ်‌လေး တစ်ဦးဟာ ‌နောင်တစ်ချိန်မှာ ကရင်အမျိုးသမီးငယ်‌လေးများရဲ့ စံပြအတုယူစရာ အားကစားမယ်အဖြစ်နဲ့သာမက ပြည်နယ်နဲ့ နိုင်ငံအတွက် ဂုဏ်‌ဆောင်နိုင်သူအဖြစ် အလားအလာ များစွာရှိ‌နေ‌ကြောင်း ‌ရေးသားလိုက်ရပါတယ်။