Home သတင်း မွန်ပြည်နယ်အစိုးရက တက္ကသိုလ်စာ/ယဉ်များကို ကရင်ဝတ်စုံနှင့် တူရိယာပစ္စည်းများ ‌ပေးအပ်

မွန်ပြည်နယ်အစိုးရက တက္ကသိုလ်စာ/ယဉ်များကို ကရင်ဝတ်စုံနှင့် တူရိယာပစ္စည်းများ ‌ပေးအပ်

3222

စက်တင်ဘာ ၁၈ရက်၊ ၂၀၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်များ၊ စက်မှုလက်မှုနှင့် စိုက်ပျိုး‌ရေးသိပ္ပံ‌ကျောင်းများရှိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ များအတွက် ကရင်ဝတ်စုံနှင့် တူရိယာပစ္စည်းများကို မွန်ပြည်နယ်အစိုးရက ‌ပေးအပ်ခဲ့သည်ဟု ပြည်နယ်၏ ကရင်လူမျိုးတိုင်းရင်း သား‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဝန်ကြီး‌စော‌အောင်မြင့်ခိုင်က “တက္ကသိုလ် ကရင်စာယဉ် ‌ကျောင်းသား၊ ‌ကျောင်းသူ‌တွေဟာ ကရင်‌နေ့ထူး‌နေ့မြတ်ပွဲဖြစ်ဖြစ် ပြည် နယ်အအဆင့် အစိုးရပွဲဖြစ်ဖြစ်၊ အနုပညာအဖွဲ့‌တွေ ရှိတာ‌ပေါ့၊ တစ်ချို့‌ကျောင်းက ကရင်ဒုံးအဖွဲ့ဝတ်စုံ‌တွေ၊ တူရိယာပစ္စည်း‌တွေ ငှားရ‌တော့ အဆင်မ‌ပြေဘူး။ ‌ကျောင်း ၅‌ကျောင်းစာအတွက် ကရင်ဒုံးတစ်ဖွဲ့စာဝတ်စုံ ၄ဝစုံနဲ့၊ ရိုးရာတူရိယာပစ္စည်း တစ်စုံစီ ‌ထောက်ပံ့‌ပေးတာပါ”ဟု စက်တင်ဘာလ ၁၈ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ် အစိုးရဘတ်ဂျက်ဖြင့် မွန်ပြည်နယ်အတွင်းရှိ ‌မော်လမြိုင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရ စက်မှုလက်မှုသိပ္ပံ‌ကျောင်းနှင့် စိုက်ပျိုး‌ရေးသိပ္ပံ‌ကျောင်း စသည့် တက္ကသိုလ်နှင့် သိပ္ပံ‌ကျောင်း ၅‌ကျောင်းရှိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများကို ‌ကော်မတီတစ်ခုလျှင် ကျပ် ၁၅သိန်းစီ ‌ပေးအပ်ခဲ့ခြင်းဖြစ်သည်။

‌မော်လမြိုင် တက္ကသိုလ် ကရင်စာယဉ်အတွင်း‌ရေးမှူး ‌စောဝင်းနိုင်က “ကျ‌နော်တို့အားလုံး ‌ကျောင်းတဖက်နဲ့ဆို‌တော့ အသင်းမှာ ရန်ပုံ‌ငွေ သိပ်မရှိဘူး။ အစိုးရပွဲတို့၊ ကရင်နှစ်သစ်ကူးပွဲ‌တွေမှာ ရိုးရာဒုံးသွားက‌ပေးရင် ရလာတဲ့ ဆု‌ငွေ‌တွေကို တူရိယာပစ္စည်း‌တွေ စု‌ဆောင်းဝယ်ယူရတယ်။ မပြည့်စုံဘူး‌ပေါ့‌နော်။ အစိုးရက ဒုံးအကဝတ်စုံနဲ့ တူရိယာ အစုံ‌ထောက်ပံ့‌ပေး‌တော့ ကိုယ့်ရိုးရာအက ‌ဖော်ထုတ်တဲ့‌နေရာမှာ ပိုပြီး‌တော့ ပီပြင်‌အောင် လုပ်လာနိုင်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့အ‌နေဖြင့် ၂၇၅၆ခုနှစ်၊ ကရင်နှစ်သစ်ကူး အခမ်းအနား ကျင်းပရန် ကျပ်သိန်း ၁၅ဝ၊ ပြည်နယ် ကရင်စာ ယဉ်စု‌ပေါင်းသင်တန်းဆင်းပွဲအတွက် ကျပ်သိန်း ၆ဝဝ၊ ချည်ဖြူဖွဲ့မဂင်္လာ အခမ်းအနားများအတွက် ကျပ်သိန်း ၁၆ဝ၊ ယခုတက္က သိုလ်များ ကရင်စာယဉ်အဖွဲ့များကို ရိုးရာဝတ်စုံနှင့် တူရိယာတစ်စုံစီအတွက် ကျပ် ၇၅သိန်း ပံ့ပိုး‌ပေးအပ်ထားပြီး ဖြစ်သည်။