Home ထိပ်တန်းသတင်း ၁၆ ကြိမ်‌မြောက် KNU ကွန်ဂရက် နှင့်ပတ်သက်၍ Facebook ‌ပေါ်တွင် လူထုစစ်တမ်း‌ကောက်

၁၆ ကြိမ်‌မြောက် KNU ကွန်ဂရက် နှင့်ပတ်သက်၍ Facebook ‌ပေါ်တွင် လူထုစစ်တမ်း‌ကောက်

2241

နိုဝင်ဘာ ၈ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ၁၆ ကြိမ်‌မြောက်ကွန်ဂရက် ‌ရွှေ့သင့်၊ မသင့်နှင့် ပတ်သက်၍ ရန်ကုန်မြို့ ‌ပေါ်ရှိ ကရင်လူငယ်တစ်ဦးက သူ၏ Facebook စာမျက်နှာ‌ပေါ်တွင် လူထု စစ်တမ်း‌ကောက်ယူမှု တစ်ခု ပြုလုပ်ခဲ့သည်။

ထိုသို ့စစ်တမ်း‌ကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ‌စောထီးမူး ‌ဖေ့ဘုတ် အ‌ကောင့်ပိုင်ရှင်က “ အခု ကရင်အမျိုးသားထုတွင်းမှာ လူ‌ပြောများ‌နေပြီး စိတ်ဝင်စားမှုမြှင့်တက်‌နေတဲ့ ၁၆ကြိမ်‌မြောက်ကွန်ဂရက်နဲ ့ ပတ်သက်ပြီး ‌ဖေ့ဘုတ်က‌နေ စစ်တမ်း ‌ကောက်ဖို ့ စဉ်းစားမိပြီး လုပ်လိုက်တာပါ။ ဘယ်သူတစ်ဦးတစ်‌ယောက်ရဲ့ တိုက်တွန်းချက်မှ မဟုတ်ဘူး။ လူထုအ‌ခြေပြု နိုင်ငံ‌ရေး‌ဖော်‌ဆောင်တဲ့အခါမှာ လူထုအသံက ဘယ်လိုရှိတယ်။ လူထု‌တွေလည်း ကိုယ့်အမြင်ကို ကိုယ်‌ဖော်ထုတ်တဲ့ ‌နေရာ‌လေးရှိလာ‌အောင်လုပ်တဲ့သ‌ဘောပါ” ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

အဆိုပါ စစ်တမ်းကို နိုဝင်ဘာ ၅ရက်‌နေ့မှ စတင်ကာ ‌ဖေ့ဘုတ်‌ပေါ်တွင် ‌ကောက်ယူခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၇ရက်‌နေ ့ထိ ‌ဖြေဆိုသူ ၁၃ဝ ‌ကျော်ရှိကာ အများစုက ကွန်ဂရက်မ‌ရွှေ့သင့်ဟု ဆန္ဒပြုခဲ့သည်ဟု စစ်တမ်းတွင် ‌ဖော်ပြထားသည်။

ယခုလို စစ်တမ်း‌ကောက်ယူမှုနှင့် ပတ်သက်၍ အမည်မ‌ဖော်လိုသည့် ကရင်အမျိုးသားတဦးက “ ‌ဖေ့ဘုတ်ဆိုရှယ် စာမျက်နှာ‌တွေဆိုတာ အ‌ပျော်သုံးကြတာ အတည်ပြုလို့ မရဘူး။ ဒါ‌ပေမဲ့ အခု‌နောက်ပိုင်း အားလုံးက အ‌ရေးတယူဖြစ်လာတယ်။ အကျဉ်းသားအမျိုးသမီးတစ်ဦး က‌လေး‌မွေးတာကို တင်လိုက်တယ်။ အစိုးရက ချက်ခြင်း ပြန်လုပ်‌ပေးရတယ်။ က‌လေးငယ်တစ်ဦး နှိပ်စက်ခံရတာ တင်လိုက်တယ်။ အမှုက ကုလသမဂ္ဂ လက်‌အောက်ခံအဖွဲ့အစည်း‌တွေ‌တောင် ပါလာတယ်။ ဒီလို‌လေး‌တွေ‌တော့ရှိတယ်” ဟု မှတ်ချက်ပြု ‌ပြောသည်။

လက်ရှိပြည်တွင်း၌ ‌ဖေ့ဘုတ် လူမှုကွန်ရက်စာမျက်နှာ‌ပေါ်မှ အ‌ကြောင်းအရာအမျိုးမျိုးအ‌ပေါ် အခါအား‌လျော်စွာ စစ်တမ်း‌ကောက်ယူမှုများရှိကာ အခုလို ‌ကေအဲန်ယူနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာ‌ပေါ်တွင် လူထု စစ်တမ်း‌ကောက်ယူမှုမှာ ပြည်တွင်း၌ ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း သိရသည်။