Home သတင်း ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ် ‌လှေ‌လှော်ပြိုင်ပွဲ ပထမဦးဆုံးအကြိမ် ကျင်းပ

ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ် ‌လှေ‌လှော်ပြိုင်ပွဲ ပထမဦးဆုံးအကြိမ် ကျင်းပ

2052

နိုဝင်ဘာ ၈ ရက်၊ ၂၀၁၆ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

၆၁ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ် ‌လှေ‌လှော်ပြိုင်ပွဲကို ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဋ္ဌာနက ဦး‌ဆောင်ကာ ဖားအံမြို့၊ အထင်ကရ ကန်သာယာကန်၌ နိုဝင်ဘာ ၆ရက်မှ ၈ရက်‌နေ့ထိ ပထမဦး ဆုံးအကြိမ် ကျင်းပခဲ့သည်။

အဆိုပါ ‌လှေ‌လှော်ပြိုင်ပွဲကို နိုဝင်ဘာ ၇ရက်၊ ပြည်နယ်‌နေ့တွင် စတင်ကျင်းပရခြင်းသည် ‌နောင်လာမည့် နှစ်များ တွင် အစဉ်အလာတစ်ခု ဖြစ်သွား‌စေရန် ပြည်နယ်အစိုးရက ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်ဟု အားကစားနှင့် ကာယပညာ ဦးစီးဋ္ဌာန၊ ပြည်နယ်ဦးစီးမှူးဖြစ်သူ ဒုတိယညွှန်ကြား‌ရေးမှူး ဦး‌အေးလွင်က ‌ကေအိုင်စီသို့ ‌ပြော သည်။

“အခုက ကရင်ပြည်နယ်တစ်ခုလုံးအ‌နေနဲ့ ပထမဦးဆုံးအကြိမ် ပြုလုပ်‌ပေးတာဖြစ်တယ်။ ‌လှေအခက်အခဲ၊ ‌နေရာအခက်အခဲရှိလို့ အရင်တုန်းက မလုပ်ဖြစ်ဘူး။ အခုကန်ကို ရှင်းထားပြီးဆို‌တော့ အဆင်‌ပြေတယ်။ ဒီ‌လှေပြိုင်ပွဲက လူထု‌တွေစိတ်ဝင်စားတယ်။ ‌နောက်ဆိုနိုင်ငံ‌တော်အဆင့် ဝင်ပြိုင်‌အောင်လုပ်မယ်။ နှစ်စဉ် အစဉ်အလာ ဖြစ်သွား‌အောင် ဆက်ပြီးကြိုးစားလုပ်‌ဆောင်‌ပေးရမယ်။ ‌နောက်နှစ်‌တွေမှာ အမျိုးသမီး‌တွေ စိတ်ဝင်စားရင် အမျိုးသမီးပွဲပါ လုပ်‌ပေးသွားမယ်” ဟု ဦး‌အေးလွင်က ‌ပြောသည်။

ပထမဦးဆုံးအကြိမ် ပြုလုပ်သည့် အဆိုပါ ပြိုင်ပွဲတွင် ၅တက်‌လှေ‌လှော် ပြိုင်ပွဲနှင့် ၃တက်‌လှေ‌လှော်ပြိုင်ပွဲ စသည့် အမျိုးအစား ၂မျိုးပါဝင်ကာ ပြိုင်ပွဲဝင် ‌လှေ‌လှော် အသင်း ၁၄သင်းမှ ကစားသမား ၁၀၄ ဦးဝင်‌ရောက် ယှဉ်ပြိုင်ခဲ့‌ကြောင်း ပြိုင်ပွဲ ကျင်းပ‌ရေးတာဝန်ရှိသူများထံမှ သိရသည်။

ဖားအံမြို့နယ်၊ ရ‌သေ့ပျံ‌ကျေးရွာမှ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ မန်းကိုက်‌ဝေါ်က “ ‌လှေပြိုင်ပွဲက ‌ကျောက်ကလပ်မှာ ကျင်းပတာ‌တွေ့ဖူးတယ်။ အများကြီး‌တော့ မဟုတ်ဘူး။ ပြည်နယ်အဆင့် အခုမှစလုပ်တယ်ဆို‌တော့ ဦးတို့ ဖွဲ့လို့ ရတဲ့လူနဲ့ပဲ လာပြိုင်တယ်။ လူကြီး‌တွေပဲ လူငယ်‌တွေ‌တောင်မပါ‌သေးဘူး။ ‌နောက်နှစ်‌တွေမှာ လူငယ်‌တွေကို ပြိုင်ခိုင်းရမယ်။ အခက်အခဲရှိတာက ရွာမှာဆို အင်း‌တွေမှာသွားကျင့်ရတယ်၊ အဆင်မ‌ပြေဘူး။ ပြီး‌တော့ ‌လှေက ဒီလိုမျိုးမဟုတ်ဘူး၊ ပြိုင်ပွဲဝင်‌လှေက ‌သေး‌တော့ အကျင့် မရှိ‌သေးဘူး‌ပေါ့”ဟု ‌ပြောသည်။

အဆိုပါ ‌လှေ‌လှော်ပြိုင်ပွဲကို နိုဝင်ဘာ ၆ရက်‌နေ့တွင် အကြိုဗိုလ်လုပွဲများ ယှဉ်ပြိုင်ခဲ့ပြီး နိုဝင်ဘာ ၇ရက်‌နေ့တွင် ပြိုင်ပွဲဝင်အနိုင်ရ အသင်းများ ဗိုလ်လုပွဲ ပြန်လည် ယှဉ်ပြိုင်ခဲ့‌ကြောင်း ပြိုင်ပွဲတာဝန်ရှိ သူများထံမှ သိရသည်။

နိုဝင်ဘာ ၇ရက်မှ ၁၁ ရက်‌နေ့အထိ ကျင်းပမည့် ကရင်ပြည်နယ်‌နေ့ပွဲ‌တော်ကို ‌အောက်တိုဘာ ၇ရက်‌နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပွဲ‌တော်ကာလ ၅ရက်အတွင်း ‌လှေ‌လှော်ပြိုင်ပွဲအပြင် ကရင်ရိုးရာဒုံးအကပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲ၊ သစ်သီးဝလံပန်းမန်ပြပြိုင်ပွဲ၊ ရိုးရာလက်‌ဝှေ့ပြိုင်ပွဲ၊ ‌ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ရိုးရာခြင်းလုံး သရုပ်ပြအလှခတ်ပြိုင်ပွဲတို့ကိုလည်း ထည့်သွင်း ကျင်းပခဲ့ကြသည်။