Home သတင်း ‌အောက်‌ခြေလူထုမှအမျိုးသား နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအထိ ‌ဆွေး‌နွေးမည့်ကဏ္ဍအလိုက် တာဝန်များခွဲ‌ဝေ

‌အောက်‌ခြေလူထုမှအမျိုးသား နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအထိ ‌ဆွေး‌နွေးမည့်ကဏ္ဍအလိုက် တာဝန်များခွဲ‌ဝေ

1688

‌အောက်တိုဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွန့်‌သောင်း

အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ ကရင်အမျိုးသားအဖွဲ့အစည်းများ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ‌အောက်တိုဘာ ၁၂ရက်မှ ၁၄ရက်‌နေ့အထိ ကျင်းပခဲ့ရာ ‌အောက်‌ခြေလူထုမှတစ်ဆင့် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအ ထိ ‌ဆွေး‌နွေးမည့်ကဏ္ဍအလိုက်ကို ‌ဆွေး‌နွေးရန် တက်‌ရောက်လာသည့် ကိုယ်စားလှယ်များအား တာဝန်များခွဲ‌ဝေလိုက်သည်။

အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် ကရင်လူထုမှ ပြုစုထားသည့် နိုင်ငံ‌ရေး၊ ကာကွယ်‌ရေးနှင့်လုံခြုံ‌ရေး၊ အုပ်ချုပ်‌ရေး နှင့် လူမှု‌ရေး၊ စီးပွား‌ရေး၊ ‌မြေယာနှင့်သဘာဝသယံဇာတ စသည့် ကဏ္ဍကြီး ၅ခုကို ‌ဆွေး‌နွေးကြရန် ကရင်ပြည်နယ်၊ မွန်ပြည် နယ်၊ တနသင်္ာရီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နှင့် ထိုင်းနယ်စပ်‌ဒေသစသည့် ‌ဒေသအသီးသီးရှိ ကိုယ်စားလှယ် များအား ကဏ္ဍအလိုက် တာဝန်‌ပေးအပ်ခြင်းဖြစ်သည်။

ထို‌ဆွေး‌နွေးပွဲတွင် ‌ဆွေး‌နွေးကြသည့် အ‌ကြောင်းအရာများမှာ ‌နောက်‌ရှေ့ဆက်သွားမည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် အနာဂတ် အတွက် ‌ကောင်းမွန်သည့် မူဝါဒများနှင့် ဖက်ဒရယ်ပြည်‌ထောင်စု နိုင်ငံသစ်ဖြစ်‌ပေါ်လာရန် ပထမ‌ခြေလှမ်းဖြစ်သည်ဟု တနသာင်္ရီ တိုင်း အပစ်ရပ်စဲ‌ရေးဆိုင်ရာ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC)အဖွဲ့ဝင်ဖြစ်သူ စဧရာဝင်းက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ‌နောက်ဆုံး‌နေ့မှာ ‌အောက်‌ခြေအဆင့်မှ အမျိုးသားအဆင့်အထိ တာဝန်‌တွေခွဲ‌ဝေမှု‌တွေ ပြီးသွားပါတယ်။ ကဏ္ဍကြီး ၅ရပ်လုံးကို ပြည်သူလူထုလည်း ပွင့်ပွင့်လင်းလင်းသိရှိပြီး ပြည်သူ‌တွေလိုအင်ဆန္ဒ အမှန်ဖြစ်တဲ့လိုလားတဲ့ ဖက်ဒရယ် ပြည်‌ထောင်စု နိုင်ငံ‌တော်သစ်ဆီသွားဖို့အတွက် ‌အောက်‌ခြေက‌နေ တစ်ဆင့်ချင်း အမျိုးသားနိုင်ငံ‌ရေး အဆင့်ကိုသွားဖို့အတွက် လုပ်‌ဆောင်ဖို့ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သုံးရက်ကြာ ပြုလုပ်ကျင်းပသည့် ၎င်း‌ဆွေး‌နွေးပွဲကို ‌ရှေ့ဆက်‌ဖော်‌ဆောင်မည့် အနာဂတ်ဖက် ဒရယ်ပြည်‌ထောင်စုနိုင်ငံ‌တော်ကို ကရင်တိုင်းရင်းသားများက မည့်သည့်ပုံစံ၊ မည့်သည့်နည်းလမ်းဖြင့် တည်‌ဆောက်သွား‌ရေးနှင့် ကရင်ပြည်သူအားလုံး၏ ဆန္ဒများ ပါဝင်လာနိုင်‌ရေးအတွက် မည်သို့ ပူး‌ပေါင်းလုပ်‌ဆောင်သွားကြမည်ကို ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်းဖြစ်သည်။

‌ဆွေး‌နွေးပွဲကို ဦး‌ဆောင်ကျင်းပသူ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို စည်းရုံး‌ရေးဋ္ဌာန တာဝန်ခံ ပဒို‌စောလှထွန်းက “ဒီပွဲ မှာ ရရှိလာတဲ့ အကျိုးရလဒ်က‌တော့ ‌ရှေ့ဆက်သွားမယ့် အမျိုးသားနိုင်ငံ‌ရေးအဆင့်အတွက် သက်ဆိုင်ရာ တိုင်း‌ဒေသနဲ့ ပြည် နယ်များမှာရှိကြတဲ့ ကရင်လူထုအားလုံး ပါဝင်လာနိုင်ဖို့ကို ဘယ်လိုနည်းလမ်းနဲ့ လုပ်‌ဆောင်ကြမလဲဆိုတာ သိရှိလာရပါတယ်။ ‌နောက် ကဏ္ဍကြီး ၅ရပ်ကို ဘယ်အဖွဲ့‌တွေက ဘယ်ကဏ္ဍမှာ ပါဝင်ဦး‌ဆောင်သွားကြမလဲဆိုတာ ကျ‌နော်တို့သိရှိလာရပါတယ်”ဟု ‌ပြောသည်။

ထိုကဏ္ဍကြီး ၅ရပ်ကို ကဏ္ဍအလိုက်၊ အဖွဲ့အလိုက်‌ဆွေး‌နွေးကြ၍ ရရှိလာသည့် အချက်အလက်များကို ‌ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ‌အောက်‌ခြေမှအအဆင့်ဆင့် ‌ဖော်‌ဆောင်သွားမည်ဖြစ်ပြီး ထိုမှ ရရှိလာသည့် အချက်အလက်များအား အမျိုးသား အဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် တင်သွင်းသွားမည်ဖြစ်ဟု သိရသည်။

အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ ကရင်အမျိုးသားအဖွဲ့အစည်းများ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်၊ ပြည်နယ်လွှတ် ‌တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တိုင်း‌ဒေသနှင့် ပြည်နယ်များမှ ကရင်အမျိုးသားကိုယ်စားလှယ်များ၊ အရပ် ဘက်လူမှုအဖွဲ့အစည်းများ စုစု‌ပေါင်း ၁၅ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။