Home သတင်း စစ်ပွဲများရပ်ဆိုင်းပြီး တပြည်လုံးအပစ်ရပ်‌ကြေညာ‌ပေးရန် ကာချုပ်ထံ လူ့‌ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီ ‌တောင်းဆို

စစ်ပွဲများရပ်ဆိုင်းပြီး တပြည်လုံးအပစ်ရပ်‌ကြေညာ‌ပေးရန် ကာချုပ်ထံ လူ့‌ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီ ‌တောင်းဆို

1934

‌အောက်တိုဘာ ၁၅ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင်ဖြစ်ပွား‌နေသည့် စစ်ပွဲများရပ်ဆိုင်းပြီး တစ်နို်င်ငံလုံးအတိုင်းအတာ အပစ် ရပ်စဲ‌ကြောင်း ‌ကြေညာ‌ပေးရန် တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်ထံ ‌တောင်းဆိုလိုသည်ဟု ‌အောက်တိုဘာ ၁၄ ရက်‌နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်တ‌ထောင်ဘုရားလမ်းရှိ သျှရီရာမခရစ်ရှနခန်းမ၌ ပြုလုပ်သည့် လူ့ ‌ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) ၂၈နှစ်ပြည့်အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦး‌အောင်မိုး‌ဇော်က ‌ပြောသည်။

“ကျ‌နော်တို့ ပါတီအ‌နေနဲ့ အဓိက‌တောင်းဆိုချင်တာက‌တော့ တာဝန်ရှိတဲ့သူ‌တွေ အထူးသဖြင့် တပ်မ‌တော်ကာ ကွယ်‌ရေးဦးစီးချုပ်၊ ပုံမှန်ဆိုရင် နိုင်ငံ‌တော်သမ္မတကို ‌တောင်းဆိုရမှာ။ အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်‌တွေကိုတိုင်းပြည်မှာ အပစ်အခတ်ရပ်‌ပေးပါလို့ ‌ပြောရမှာဖြစ်တယ်။ ဒါ‌ပေမဲ့ ကျ‌နော်တို့တိုင်းပြည်က ထူးခြားတာ အစိုးရက တစ်ရပ် လား၊ နှစ်ရပ်လားဆိုတာ မသဲကွဲဘူး။ အဲ့‌တော့ ကျ‌နော်တို့ အ‌နေနဲ့ ‌ပြောချင်တယ်။ တပ်မ‌တော် ကာကွယ်‌ရေး ဦးစီးချုပ်အ‌နေနဲ့ ဒီတိုင်းပြည်မှာ ဖြစ်‌နေတဲ့ စစ်ပွဲ‌တွေကို ရပ်‌ပေးဖို ‌မေတ္တာရပ်ခံချင်တယ်”ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် တိုင်ပြည်ဖွံ့ဖြိုးတိုးတက်ပြီး ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်‌ရေးအတွက် အ‌ခြေခံအကျဆုံးမှာ ငြိမ်းချမ်း‌ရေး ဖြစ်ပြီး ငြိမ်းချမ်း‌ရေးမရှိက ဒီမိုက‌ရေစီလည်းမရှိနိုင်သလို ငြိမ်းချမ်း‌ရေးရရန် ပြည်တွင်းစစ်ဖြစ်ပွားသည့် ပြဿနာ အ‌ခြေခံ အ‌ကြောင်းအရင်းကို ဆုပ်ကိုင်‌ဖြေရှင်းရန်လိုသည်ဟု ဦး‌အောင်မိုး‌ဇော်က ဆက်‌ပြောသည်။

၎င်းလူ့‌ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၂၈နှစ်ပြည့်အခမ်းအနားသို့ လူ ၁၀ဝဦး‌ကျော် တက်‌ရောက်ခဲ့ပြီး အခမ်းအနားတွင် “စစ်မှန်‌သော ငြိမ်းချမ်း‌ရေး” ‌ခေါင်းစဉ်ဖြင့် နိုင်ငံ‌ရေးစကားဝိုင်း ‌ဆွေး‌နွေး ပွဲပြုလုပ်ခဲ့ရာ ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)အတွင်း‌ရေးမှူး စိုင်းညွှန့်လွင်၊ ‌ဒေါက်တာ ရန်မျိုးသိန်း၊ ကျွန်းပြန်ရဲ‌ဘော် ဦး‌ကျော်စိုးနှင့် ပါတီဝင် စာ‌ရေးဆရာ ထွန်းဝင်းငြိမ်းတို့က ဦး‌ဆောင်‌ဆွေး‌နွေး ခဲ့သည်။

လက်ရှိ ပြည်တွင်းငြိမ်းချမ်း‌ရေးရရှိရန် မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နှင့် လက်နက်ကိုင်တပ်အားလုံးအ‌နေ ဖြင့် မိမိအဖွဲ့အစည်း၊ မိမိလူမျိုးစုအ‌ရေးထက် နိုင်ငံနှင့်ပြည်‌ထောင်စုအ‌ရေးကို ပထမဦးစား‌ပေး စဉ်းစား‌ဆွေး‌နွေး မှသာ အားလုံးလိုချင်သည့် ငြိမ်းချမ်း‌ရေးကို ရရှိမည်ဖြစ်သည်ဟု စိုင်းညွှန့်လွင်က ယခုလို ‌ပြောသည်။

“ပြီးခဲ့တဲ့၂၁ ရာစုပင်လုံမှာ အဖွဲ့‌တော်‌တော်များများက ပြည်‌ထောင်စုကိစ္စ၊ ကိုယ့်နိုင်ငံ‌တော်ကိစ္စကို ဦးစားမ‌ပေး ဘူး။ မိမိအဖွဲ့အစည်းကိစ္စ၊ မိမိတပ်ကိစ္စ၊ မိမိပါတီကိစ္စ၊ မိမိလူမျိုး‌ရေးကိစ္စကိုပဲ ဦးစား‌ပေးပြီး‌တော့ ‌ပြောတာ‌တွေ့ ရတယ်။ ဒါက အင်မတန်မှ ဝမ်းနည်းစရာ ‌ကောင်းပါတယ်။ ဒီ‌နေ့ ဒီအချိန်မှာ ပထမဦးစား‌ပေးစဉ်းစားရမှာက ကျ‌နော်တို့နိုင်ငံ၊ ကျ‌နော်တို့ ပြည်‌ထောင်စုအ‌ရေးဖြစ်တယ်။ ကိုယ့်ကိစ္စတခုတည်းကိုဘဲ ဦးစား‌ပေး‌ဆွေး‌နွေး ‌နေရင် ကျ‌နော်တို့ လိုချင်တဲ့ ငြိမ်းချမ်း‌ရေးက ရမှာမဟုတ်ဘူးလို့ ‌ပြောချင်တယ်” ဟု စိုင်းညွှန့်လွင်က ‌ဆွေး‌နွေး ‌ပြောဆိုသည်။

လူ့‌ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ရှစ်‌လေးလုံး‌ကျောင်းသားလူငယ်များက ၁၉၈၈ခုနှစ်၊ ‌အောက်တိုဘာ ၁၄ ရက်‌နေ့တွင် ရန်ကုန်မြို့၌ စတင်တည်‌ထောင်ခဲ့ပြီး ၁၉၉ဝ ပြည့်‌ရွေး‌ကောက်ပွဲပြီး‌နောက် ပါတီဖျက်သိမ်းခံခဲ့ရကာ ပါတီထိပ်ပိုင်း‌ခေါင်း‌ဆောင်များအ‌နေဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ခိုလှုံကာ နိုင်ငံ‌ရေးလှုပ်ရှားမှုများဆက် ပြုလုပ်ခဲ့သည်။ ပါတီအ‌နေဖြင့် ၂၀၁၄ခုနှစ်တွင် တရားဝင်ပါတီမှတ်ပုံတင်ပြန်လည်ပြုလုပ်ကာ ရန်ကုန်မြို့၊ ‌ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းတွင် ပါတီရုံးချုပ်ဖွင့်လှစ်ထား‌ကြောင်း သိရသည်။