Home တွေ့ဆုံမေးမြန်းခန်း ကရင်အာဇာနည်‌နေ့အတွက် ပဒို‌စောသမိန်ထွန်း၏ လက်ဆင့်ကမ်းစကား

ကရင်အာဇာနည်‌နေ့အတွက် ပဒို‌စောသမိန်ထွန်း၏ လက်ဆင့်ကမ်းစကား

1887

အာဇာနည်‌ဝေါဟာရ၏ အဓိပ္ပာယ်
အာဇာနည်ဆိုတာ အမျိုးမျိုး‌တော့ ‌ပြောကြတာ‌ပေါ့‌လေ။ အများအကျိုးအတွက်၊ တိုင်းပြည်အတွက် အမျိုးသားအတွက် ကိုယ် ကျိုးကို စွန့်လွတ်ပြီး အများအကျိုးအတွက်ကို ငဲ့ကွက်ပြီးမှ သူ့ဘဝတစ်ခုလုံးကို ဆုံးရှူံးနစ်နာတဲ့အထိ ‌ဆောင်ရွက်တဲ့သူကိုပဲ ကျ‌နော်တို့ ‌ယေဘုယျ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ကရင်အမျိုးသား အာဇာနည်‌နေ့၏ အ‌ရေးကြီးပုံ
အာဇာနည်‌နေ့က‌တော့ ကျ‌နော်တို့နှစ်စဉ် ကျင်းပလာတာဆိုရင် အခုဆို (၆၆)နှစ်‌မြောက်ရှိလာပြီ။ အဲဒီ‌တော့ ဒီ အာဇာနည်‌နေ့ကို ကျင်းပခြင်းအားဖြင့် ကျ‌နော်တို့ ကရင်အမျိုးသား‌တွေဟာ ကိုယ့်လူမျိုးအတွက် အလုပ်လုပ်တဲ့‌နေရာမှာ မပြီးဆုံး‌သေးဘူး။ ဒီကျဆုံးသွားတဲ့ အာဇာနည်‌တွေရဲ့‌လျှောက်သွားတဲ့လမ်းကို နမူနာယူပြီး ကိုယ်က ဆက်လက် ‌ဆောင်ရွက်ဖို့အတွက် လိုအပ် တယ်ဆိုတာကို မီး‌မောင်းထိုးပြတာဖြစ်တယ်။ ဒါ‌ကြောင့်မို့ ကျ‌နော်တို့က နှစ်စဉ်နှစ်တိုင်း အာဇာနည်‌နေ့ကို မ‌မေ့မ‌ပျောက်‌စေဘဲနဲ့ နှစ်စဉ် ကျင်းပလာခဲ့တာပဲ ဖြစ်ပါတယ်။

အ‌ရေးကြီးတာက‌တော့ ကျ‌နော်တို့ ဒီမပြီးဆုံး‌သေးတဲ့ ကရင်လူမျိုး‌တွေရဲ့အခွင့်အ‌ရေး‌တောင်းဆိုမှုကို မီး‌မောင်းထိုးပြတာပဲ။ ‌ရှေ့ မှာ ကိုယ့်အမျိုးသားအတွက် လုပ်သွားကြပြီ။ အသက်‌ပေးသွားကြပြီ။ ကရင်လူမျိုး‌တွေ ရသင့်ရထိုက်တဲ့ အခွင့်အ‌ရေးက အခုထိ မရ‌သေးဘူး။ ဒါ‌ကြောင့်မို့ ဆက်လက်ပြီး လုပ်ကြပါ။ လူငယ်‌တွေဟာ သူ့ရဲ့ စံပြပုဂ္ဂိုလ်ကို တစ်‌ယောက်ထားကြတယ်။ တစ်ချို့က နှစ်‌ယောက်၊ သုံး‌ယောက် ထားကြတယ်။ အဲ‌တော့ ကျ‌နော်တို့ ကရင်လူငယ်‌တွေကလည်း ဒီလို အာဇာနည်‌တွေကို ကျ‌နော်တို့က နမူနာယူပြီးမှ ဒီလမ်း‌ကြောင်းကို ကျ‌နော်တို့ ‌လျှောက်နိုင်ဖို့အတွက် အထူးအ‌ရေးကြီးတယ်ဆိုတာ ‌ဖော်ပြတယ်။

အာဇာနည်‌တွေက ကျ‌နော်တို့ကရင်‌တွေမှာ အ‌ထောင်အ‌သောင်း ရှိခဲ့ပါပြီ။ ပြည်သူလူထုအတွင်းမှာလည်း အမျိုးသားအတွက် တကယ်ကိုယ်ကျိုးစွန့်ပြီး လုပ်ခဲ့တဲ့ ကရင်အမျိုးသား‌တွေ ရှိခဲ့ပါပြီ။ ဒါ‌ပေမယ့် အဲဒီ‌နေ့ကို ကျ‌နော်တို့က မှတ်မှတ်ရရတစ်ခု သတ် မှတ်တာက‌တော့ ‌စောဘဦးကြီး ကျဆုံးတဲ့‌နေ့ကို သတ်မှတ်တာ ဖြစ်တယ်။ အဲ‌တော့ အာဇာနည်‌တွေရဲ့ စိတ်ဓာတ်နဲ့ အာဇာနည် ‌တွေရဲ့ဘဝအ‌ကြောင်းကို ကျ‌နော်တို့ သိရှိနားလည်ဖို့လိုတယ်။ ဒါ‌ကြောင့်မို့ ကျ‌နော်တို့ အရင်တုန်းကဆိုရင် ‌ကေအဲန်ယူက ‌စောဘဦးကြီးကို နမူနာယူကြဖို့ဆိုတာ ပါလာတယ်။

‌စောဘဦးကြီးဟာ ‌ခေတ်ပညာတတ်တစ်‌ယောက်ဖြစ်တယ်။ ချမ်းသာကြွယ်ဝတဲ့မိသားစုက ‌မွေးလာတယ်။ ဒါ‌ပေမယ့် ဒါ‌တွေကို သူက စွန့်လွတ်ပြီး အမျိုးသားအတွက် ‌တောထဲမှာ အနစ်နာခံ၊ အငတ်ပြတ်ခံပြီးမှ ကျဆုံးသွားတဲ့‌နေရာမှာလည်း သူများလို လှလှ ပပ မရှိဘဲနဲ့ ရွှံ့‌တော၊ ဗွက်‌တောထဲမှာ ဒီလိုပဲ အသက်‌ပေးပြီး ကျဆုံးသွားတာ။ လက်မ‌မြှောက်ဘူး။ ဒူးမ‌ထောက်ဘူး။ ရန်သူကို အရှူံးမ‌ပေးဘူး။ ဒီစိတ်ဓာတ်‌တွေနဲ့ ကျ‌နော်တို့ ကရင်‌တော်လှန်‌ရေးမှာ သူ ကျဆုံးသွားတာ။ ဒါ‌ကြောင့်မို့ ကျ‌နော်တို့က သူ့ရဲ့ ‌ဆောင်ရွက်ခဲ့တဲ့ မပြီးဆုံး‌သေးတဲ့ လုပ်ငန်းတာဝန်‌တွေကို ‌နောက်လူငယ်‌တွေကလည်း ဒါကို နမူနာယူ၊ အတုယူပြီး ဆက်လက် ချီတက်ကြဖို့ ဒါက သိပ်အ‌ရေးကြီးတယ်။

ကျ‌နော်တို့ ကရင်လူငယ်‌တွေဟာ တန်းတူအခွင့်အ‌ရေး မရ‌သေးဘူး။ ရသင့်ရထိုက်တဲ့အခွင့်အ‌ရေး‌တွေက တစ်ခုမှ မရ‌သေးဘူး။ ဒါကို ဆက်လက် ကြိုးစားသွားမယ်ဆိုတဲ့ စိတ်ဓာတ်ကို ‌မွေးမြူ‌ပေးဖို့ အာဇာနည်‌တွေရဲ့ ‌နေ့ထူး‌နေ့မြတ်ကို ကျ‌နော်တို့ ‌ဆောင် ရွက်‌ပေးရတာဖြစ်တယ်။ လူငယ်‌တွေရဲ့ စိတ်ဓာတ်ကို နိုးကြားတက်ကြွလာ‌အောင် ကျ‌နော်တို့ ‌ဆောင်ရွက်တာ ဖြစ်တယ်။

ကရင်အာဇာနည်‌နေ့အ‌ပေါ် မျိုးဆက်သစ်လူငယ်များ၏ သ‌ဘောထားပုံ
ဗမာပြည်တစ်ပြည်လုံးမှာ စစ်အစိုးရတက်လာတဲ့ နှစ်‌ပေါင်း ရာစုနှစ်တစ်ဝက် ရှိတာကိုး။ သူတို့က လူငယ်‌တွေ နိုင်ငံ‌ရေးနိုးကြားမှု မရှိ‌အောင်၊ တိုင်းပြည်ဖွံ့ဖြိုးမှုမှာ ပါဝင်မှုမရှိ‌အောင် အမျိုးမျိုး ဖျက်ဆီးထားတာကိုး။ တက္ကသိုလ်‌တွေမှာလည်း ဖဲရိုက်ခွင့်‌တွေ‌ပေး၊ အရက်‌သောက်ခွင့်‌တွေ‌ပေး၊ အ‌ပျော်အပါး‌တွေကို‌ပေး၊ ‌ဆေးလုံး‌တွေကိုစားခိုင်း၊ လူငယ်‌တွေလည်း ဘာမှ ဘဝရဲ့လမ်း‌ကြောင်း ‌တွေကို မသိ‌တော့ဘူး။ အဲဒီထဲမှာ ကျ‌နော်တို့ ကရင်လူငယ်‌တွေလည်း အပါအဝင်ဖြစ်တာ‌ပေါ့။ အပါအဝင် ဖြစ်လာတဲ့အခါကျ ‌တော့ ဒီလမ်း‌ကြောင်းကို လိုက်သွားပြီးမှ အကုန်လုံးက အကျင့်ပျက်ကုန်ကြတယ်။ နိုင်ငံ‌ရေးဆိုတာ အလကားပါ။ ဒီလိုပဲ ကုမ္ပဏီ ‌တွေ လက်ထဲမှာ။ စစ်တပ်‌တွေလက်ထဲမှာပဲ ရှိတယ်ဆိုတဲ့ပုံစံ‌တွေရှိလာပြီး ဖရိုဖရဲဖြစ်ကုန်ကြတာ‌ပေါ့။ အဲဒီ‌တော့ ကရင်‌တွေမှာ လည်း လက်နက်ကိုင်‌တော်လှန်‌ရေးက ရှည်ကြာလာတဲ့အခါကျ‌တော့ ငါတို့အ‌ဖေလက်ထက်က လုပ်လာတာကလည်း မပြီးပါဘူး ကွာ။ ငါတို့အကို‌တွေလုပ်တာလည်း ကျဆုံးသွားတာပဲ ရှိတယ်။ မပြီးသွားပါဘူးကွာ။ ဒါကြီးကို တို့ဆက်လုပ်‌နေရင်လည်း အပိုပါပဲ ဆိုတဲ့အမြင်‌တွေက ရှိလာတာကိုး။

အဲဒီ‌တော့ သူတို့ရဲ့ဘဝ တိုးတက်ရာလမ်း‌ကြောင်းကို ရှာပြီး‌တော့မှ သွားကြ‌တော့ ဒါကြီးကို စိတ်ဝင်စားမှု အားနည်းသွားတာ‌ပေါ့။
ဒီက‌နေ့ တစ်ပြည်လုံးမှာ‌တောင် ကြည့်‌ပေါ့။ ဗိုလ်ချုပ်‌အောင်ဆန်းရဲ့ ဓာတ်ပုံကို ဒါဘယ်သူလဲလို့ ‌မေးတဲ့အဆင့်‌တွေ ‌ရောက်ကုန် တယ်။ အဲဒီ‌တော့ ကျ‌နော်တို့ ကရင်‌တွေမှာလည်း ‌စောဘဦးကြီးပုံဆိုတာ ဘယ်သွားသိ‌တော့မလဲ။ ဒါ‌ကြောင့်မို့ ကျ‌နော်တို့က နှစ်စဉ် ကျင်းပပြီး ဒီလူငယ်‌တွေကို ပြန်လည်ပြီ‌တော့ နိုင်ငံ‌ရေးအသိ နိုးကြားတက်ကြွလာ‌အောင်၊ မှန်ကန်တဲ့အမျိုးသားစိတ်ဓာတ် ရှိလာ‌အောင် ကျ‌နော်တို့က လှုံ့‌ဆော်ကြတယ်။ အဲဒီ‌တော့ ဒီအာဇာနည်‌နေ့မှာ ကျ‌နော်တို့က လူငယ်‌တွေကို အမြဲတမ်း အတိတ် က ဖြစ်ခဲ့တာ‌တွေကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း၊ တစ်နှစ်ချင်းတစ်နှစ်ချင်းရဲ့ အဖြစ်‌ပေါ်မူတည်ပြီး လူငယ်‌တွေ လမ်း‌ကြောင်းမှန် ‌အောင် လမ်း‌ကြောင်း‌ပေးရတာ‌ပေါ့။

မျိုးဆက်သစ် ကရင်လူငယ်များအတွက် တိုက်တွန်းစကား
အရင် ၁၉၄၉ခုနှစ်က လက်နက်ကိုင်‌တော်လှန်‌ရေး ‌ပေါ်‌ပေါက်လာတယ်။ လက်နက်ကိုင်ဆို‌တော့ ‌ပြောရမယ်ဆို စာမတတ်လည်း ရတယ်။ စာတတ်လည်းရတယ်။ ချ၊ တိုက်ပွဲမှာပဲ။ ယှဉ်ပြိုင်ကြတာကိုး။ ဒီက‌နေ့က ‌ပြောင်းလဲသွားပြီ။ လူငယ်‌တွေက စာတတ်ဖို့ လိုတယ်။ အဘက်ဘက်က လိုတာ‌ပေါ့‌နော်။ အထူးသဖြင့်က ဘယ်‌နေရာဖြစ်ဖြစ် သမိုင်းက အ‌ရေးကြီးတယ်။ ‌ဒေါက်တာသန်း ထွန်း (သမိုင်းပညာရှင်) ‌ပြောဖူးပါတယ်။ သမိုင်းသင်တယ်ဆိုတာ မ“အ”‌အောင်သင်တာ။ သမိုင်းမသိရင် ခင်ဗျား ပညာဘယ် ‌လောက်တတ်တတ် သူများလိမ်ရင် ခံရတာပဲ။ အဲဒါ‌ကြောင့်မို့ သမိုင်းဆိုတာက‌တော့ ‌ခေတ်အဆက်ဆက် ဖြတ်သန်းမှုကို ‌ရေး ထားတဲ့မှတ်တမ်း‌တွေ‌ပေါ့ဗျာ။ အဲ‌တော့ ဒါကြီးကို ကျ‌နော်တို့က ဘာမှမ‌လေ့လာ‌တော့ဘူးဆိုရင် ဟိုး..အရင်တုန်းက ကိုယ်မှားခဲ့ တဲ့အမှားကိုလည်း ကိုယ်ပြန်မသိ‌တော့ဘူး။ ဟိုး…အရင်တုန်းက သူများလိမ်ခဲ့တဲ့ အလိမ်ကိုလည်း ကိုယ်ပြန်မသိ‌တော့ဘူး။

ဒါ‌ကြောင့်မို့ ကျ‌နော်တို့ လူငယ်‌တွေဟာ ကိုယ့်ဘဝတက်လမ်းအတွက် ဘာပညာ၊ ဘာဘာသာရပ်ကိုပဲသင်သင် သမိုင်းကို‌တော့ ‌လေ့လာပါ။ သမိုင်းမသိရင် ဘဝကို မသိ‌တော့ဘူး။ ကိုယ့်လက်ထက်မှာ ကိုယ့်အ‌ခြေအ‌နေနဲ့ကိုယ် ‌ပျော်ပိုက်‌နေတယ်။ ဒါ‌တွေဟာ ‌အောက်‌ခြေလွတ်ပြီးမှ အ‌တွေးအ‌ခေါ်‌တွေ မှားယွင်းသွားတတ်တယ်။ ဒါ‌ကြောင့်မို့ လူငယ်‌တွေကို ‌ပြောချင်တာက ကိုယ့်ရဲ့ အသက်‌မွေးဝမ်း‌ကြောင်းအတွက် ကိုယ့်ဘဝတက်လမ်းအတွက် သီးခြားဘာသင်မလဲ။ ဒီပညာက အကျိုး‌ပေးပါတယ်။ ဒါ‌ပေမယ့် သိထားဖို့က သမိုင်းကို‌တော့ သိဖို့လိုတယ်။ သမိုင်းကိုမသိရင် ကိုယ့်ပညာဟာ သခင်ပညာမဟုတ်‌တော့ဘဲနဲ့ ကျွန်ပညာဖြစ်သွား တတ်တယ်။ သမိုင်းသိမှ ကိုယ်တတ်တဲ့ပညာကို သခင်ပညာလုပ်လို့ရမယ်။ ကိုယ်တတ်တဲ့ပညာဟာ သမိုင်းမသိရင် ကျွန်ပညာဖြစ်သွားမယ်။ အဲဒါကို‌တော့ ကျ‌နော် အတိအလင်း ‌ပြောလိုပါတယ်။

၆၆နှစ်‌မြောက် ကရင်အမျိုးသားအာဇာနည်‌နေ့အတွက် အမှတ်တရ လက်ဆင့်ကမ်းစကား
ကျ‌နော် သီးသန့်‌ပြောချင်တာက‌တော့ ဒီ‌စောဘဦးကြီးရဲ့ အရင်က ‌ပြောခဲ့တဲ့စကားလို့ ကျ‌နော် ပြန်‌ပြောချင်တယ်‌ပေါ့‌နော်။ ကျ‌နော်တို့ ၁၉၄၈ခုနှစ်တုန်းက ကျ‌နော်တို့ ‌မော်လမြိုင်တို့ ၊ သထုံတို့ဘက်မှာ KNDO (ကရင်အမျိုးသား ကာကွယ်‌ရေးတပ်မ ‌တော်)နဲ့ MNDO(မွန်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော်)‌တွေဟာ မြို့‌တွေကို သိမ်းတယ်။ မြို့‌တွေကို ပြန်ပြီး‌တော့ အစိုးရ လက်ထဲ အပ်ဖို့အတွက် ‌စောဘဦးကြီးလာပြီး‌ပြော‌တော့ သူတို့အကုန်လုံးမြို့‌တွေကို အစိုးရလက်ထဲ အပ်လိုက်တယ်။ အပ်လိုက် ပြီးမှ ‌စောဘဦးကြီး ဘာ‌ပြောလဲဆို‌တော့ ကရင်‌တွေဟာ ကရင်ပြည်ကြီးရချင်ရင် ဗမာ‌တွေ ‌ပေးချင်‌အောင်လုပ်ပါ။ ဗမာ‌တွေက လည်း ကရင်‌တွေကို ကရင်ပြည်မ‌ပေးချင်ဘူးဆိုရင် ကရင်‌တွေ မ‌တောင်းချင်‌အောင် လုပ်ပါ။ ဒါ သူ‌ပြောခဲ့တဲ့စကား။

‌နောက်ပြီးမှ သူ‌ပြောခဲ့တာ ရှိ‌သေးတယ်။ တို့ကရင်ပြည်ရရှိ‌ရေးအတွက် လမ်း‌ကြောင်းသုံးခု ရှိတယ်။ တစ်ခုက အစိုးရက သနား ပြီး‌ပေးလို့ ငါတို့ကရင်ပြည် ရတာလည်း ရနိုင်တယ်။ ဖြစ်နိုင်တယ်။ ‌နောက်ပြီးမှ ကိုယ်က တိုက်ယူလိုက်လို့ ကရင်ပြည်ရတာ လည်း ဖြစ်နိုင်တယ်။ ‌နောက်တစ်ခုက အ‌ခြေအ‌နေအရပ်ရပ်က တွန်းပို့လို့ အဲဒီနည်းနဲ့လည်း ကရင်ပြည်ရနိုင်တယ်လို့ သူ ‌ပြောခဲ့ တယ်။ ကျ‌နော်တို့ ပြန်သုံးသပ်ကြည့်ရင် အစိုးရကလည်း ကျ‌နော်တို့ကို ကရင်ပြည်မ‌ပေးခဲ့ပါဘူး။ မရဘူး။ တိုက်ယူတယ်။ နှစ်‌ေ ပါင်း (၆၀)‌ကျော်၊ (၇၀)နီးပါး‌ရောက်ပြီ။ လူ‌တွေ ပင်ပမ်းလို့ တတိယနိုင်ငံထွက်ကုန်ပြီ။ အဲ‌တော့ အခု‌ပေးအပ်‌နေတာက အ‌ခြေအ ‌နေအရပ်ရပ်ရဲ့ တွန်းပို့မှု၊ ဖိအား‌ပေးမှု‌တွေ‌ကြောင့်မို့လို့ ကျ‌နော်တို့ စစ်မှန်တဲ့ ကရင်ပြည်နယ် ဖက်ဒရယ်ပြည်‌ထောင်စုကိုရဖို့ ဒီက‌နေ့ အလားအလာ ရှိလာတယ်။

လူငယ်‌တွေက စာတတ်ဖို့ လိုလာပြီ။ ပညာမတတ်ရင် ဘာမှမသိဘူး။ ဗိုလ်ချုပ်ကြီးလုပ်တယ်။ စစ်တိုက်ရာ က တက်လာတယ်။ တိုက်ရည်နဲ့ တက်လာတယ်။ တပ်ကိုလည်း စီမံခန့်ခွဲမှု မလုပ်တတ်၊ စစ်‌ရေး၊ ‌သေနဂင်္ဗျူဟာ အ‌ခြေအ‌နေ‌တွေ ‌ပြောင်းတာကို လည်း မစီမံတတ် ဆိုရင် ဘာသွားလုပ်မလဲ။ တပ်ပျက်ကြီးဖြစ်မှာပဲ။ ‌ခေါင်း‌ဆောင်လုပ်တဲ့သူ‌တွေကလည်း ‌ခေတ်နဲ့ညီတဲ့ ပညာ ‌တွေ ဗဟုသုတ‌တွေ ပြည့်ဝထားမှသာလျှင် ကျ‌နော်တို့က ကမ္ဘာနဲ့လည်း ဆက်ဆံနိုင်မယ်။ ပြည်‌ထောင်စုနဲ့လည်း ဥမကွဲ၊ သိုက်မ ပျက် ကျ‌နော်တို့က သူများနဲ့ ရင်‌ဘောင်တန်းပြီးမှ တန်းတူအခွင့်အ‌ရေး‌တွေကို ကျ‌နော်တို့ ပူး‌ပေါင်း‌ဆောင်ရွက်သွားနိုင်မယ်။ ကရင်လူမျိုးကိုလည်း ဖွံ့ဖြိုးတိုးတက်တဲ့ လူမျိုးဖြစ်‌အောင်၊ မှန်မှန်ကန်ကန် လမ်းပြပြီးမှ ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်နယ်ဖြစ်‌အောင် ကျ‌နော်တို့ လုပ်သွားရမယ်။

ဒါ‌ကြောင့်မို့ လူငယ်‌တွေကို ကျ‌နော်အထူး‌ပြောလိုတာက ဒီက‌နေ့အသက်အရွယ် ငယ်ရွယ်တုန်းမှာ ပညာကို သင်ကြပါ။ ဗဟုသု တကို ရှာကြပါ။ ပညာဆိုတာက ‌ကျောင်းပညာနဲ့ ‌ကျောင်းပြင်ပ ပညာ။ ‌ကျောင်းပညာကလည်း တတ်ထားဖို့ လိုသလို ‌ကျောင်း ပြင်ပ ပညာကလည်း များများတတ်ဖို့လိုတယ်။ အဲ‌တော့ လူငယ်‌တွေလည်း ကိုယ်က အမျိုးသားကို တိုက်ရိုက် ‌ခေါင်း‌ဆောင်ဖို့အ တွက် အခွင့်အခါမရ‌သေးတဲ့ကာလမှာ ကိုယ့်အမျိုးသားကို‌ခေါင်း‌ဆောင်နိုင်‌အောင် ရသမျှပညာကို ပြည့်ပြည့်ဝဝ ကျိုးကုပ်ပြီးမှ သင်မယ်ဆိုရင် ကိုယ့်အလှည့်‌ခေါင်း‌ဆောင်မှု ကျလာတဲ့အခါ ကိုယ်က လွယ်လွယ်‌လေးနဲ့ ‌ခေါင်း‌ဆောင်လာနိုင်ပါမယ်။
——

ပဒို‌စောသမိန်ထွန်းသည် လက်ရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ဗဟို အလုပ်အမှု‌ဆောင်‌ကော်မတီဝင်တစ်ဦးဖြစ်ပြီး ကရင်အမျိုးသားသမိုင်း၊ ‌တော်လှန်‌ရေးသမိုင်းနှင့် မြန်မာ့သမိုင်းများကို မျိုးဆက်သစ်လူငယ်များအား ပြန်လည်လက်ဆင့်ကမ်း၊ ‌ဟော‌ပြော၊ သင်ကြားပို့ချ‌ပေးလျှက်ရှိသည့် ကရင်အမျိုးသား‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သည်။