Home သတင်း သဘာဝပတ်ဝန်းကျင်နှင့်သစ်‌တောထိန်းသိမ်းခြင်းကို လူမှုအဖွဲ့များနှင့် ပူး‌ပေါင်းလုပ်‌ဆောင်မည်ဟု KNU ‌ပြောဆို

သဘာဝပတ်ဝန်းကျင်နှင့်သစ်‌တောထိန်းသိမ်းခြင်းကို လူမှုအဖွဲ့များနှင့် ပူး‌ပေါင်းလုပ်‌ဆောင်မည်ဟု KNU ‌ပြောဆို

1975

ဇူလိုင် ၁၂ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဘိတ်-ထားဝယ်ခရိုင်အ‌နေဖြင့် ၎င်းတို့နယ်‌မြေအတွင်းရှိ သဘာဝ ပတ်ဝန်းကျင်နှင့် သစ်‌တောထိန်းသိမ်းခြင်းလုပ်ငန်းများကို ‌ဒေသခံများအပြင် လူမှုအဖွဲ့အစည်းများနှင့်ပါ ပူး‌ပေါင်းလုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ၎င်းခရိုင်၏ တာဝန်ရှိသူများက ဇူလိုင်လ ၁၁ရက်‌နေ့က ‌ပြောကြားလိုက်သည်။

ထို‌နေ့က တနသင်္ာရီတိုင်း‌ဒေသကြီး ထားဝယ်မြို့၊ ‌ဇေယျာထက်စံဟိုတယ်တွင် ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူ များ၊ ‌ကေအဲန်ယူ ဗဟို သစ်‌တောဌာနတာဝန်ခံ၊ အစိုးရသစ်‌တောဌာန၊ ‌ဒေသတွင်း INGO၊ NGOနှင့် CSO အဖွဲ့များ ပါဝင်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲအပြီးတွင် ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်အတွင်း‌ရေးမှူး ပဒို ‌စောအဲ့နာက ယင်းသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “အဲဒီသစ်‌တော‌တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလုပ်‌ဆောင်တဲ့အခါ လူထု‌တွေ အစိုးရနဲ့ နိုင်ငံတကာရဲ့ နည်း ပညာ‌တွေ အကူအညီ‌တွေအပြင် ‌ဒေသတွင်း လူမှုအဖွဲ့အစည်း‌တွေရဲ့ ပူး‌ပေါင်းပါဝင်ခြင်းမရှိရင် ‌အောင်မြင်မှုမရှိဘူးလို့ ယူဆတဲ့ အတွက်ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ‌ကေအဲန်ယူ သစ်‌တောဆိုင်ရာ မူဝါဒများချပြခြင်း၊ အစိုးရမှ တနသင်္ာရီတိုင်း‌ဒေသကြီးအတွင်း သစ် ‌တောကြိုးဝိုင်းများ၊ အမျိုးသားဥယျာဉ်များ သတ်မှတ်ခြင်းများ‌ကြောင့် ဖြစ်‌ပေါ်လာသည့် စိုးရိမ်စရာအ‌ခြေအ‌နေများနှင့် ပူး‌ပေါင်း ‌ဆောင်ရွက်နိုင်မည့် အ‌ခြေအ‌နေများကို ‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း သိရသည်။

ထားဝယ်မြို့အ‌ခြေစိုက် တာက‌ပေါ်ကရင်လူငယ်အဖွဲ့တာဝန်ခံ ‌နော်ပီသ‌လောက “ဒီလိုကိစ္စ‌တွေအ‌ပေါ်မှာ ပူး‌ပေါင်း‌ဆောင်ရွက်မှု ‌တွေဖြစ်လာရင် ကျမတို့အ‌နေနဲ့က သစ်‌တောနဲ့ပတ်သက်ပြီး အစိုးရနဲ့ INGO ‌တွေက‌နေ သူတို့ ဘာ‌တွေလုပ်‌ဆောင်‌နေလဲဆိုတာ သိလာရမယ်ဆို‌တော့ ကျမတို့ လူထုဘက်က‌နေ ပိုပြီး ရပ်တည်လို့ရလာနိုင်တဲ့ အ‌ခြေအ‌နေဖြစ်လာမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

လက်ရှိ တနသင်္ာရီတိုင်း‌ဒေသကြီးအတွင်း သစ်‌တောအများဆုံးမှာ ‌ကေအဲန်ယူနယ်‌မြေအတွင်းသာ ကျန်ရှိ‌နေခြင်း၊ ယခင် အစိုးရ လက်ထက် သတ်မှတ်ခဲ့သည့် သစ်‌တောကြိုးဝိုင်းများ၊ အမျိုးသားဥယျာဉ်များကို ‌ဒေသခံများ မသိရှိခြင်းများအပြင် ၎င်းဧရိယာ များအတွင်း၌ ‌ဒေသခံများ၏ ‌ကျေးရွာများ၊ ‌မြေယာများ ပါဝင်‌နေခြင်း စသည့်အ‌ခြေအ‌နေများ ဖြစ်‌ပေါ်လျှက်ရှိသည်။

ယင်းအ‌ခြေအ‌နေများအ‌ပေါ် ‌ဒေသတွင်း လူမှုအဖွဲ့အစည်းများနှင့် ‌ကေအဲန်ယူတို့က စိုးရိမ်‌နေကြပြီး အစိုးရအ‌နေဖြင့် ‌ဒေသခံများ ကို ထိခိုက်မှုရှိနိုင်သည့် အ‌ခြေအ‌နေများအား ပြန်လည်သုံးသပ်စိစစ်‌ပေးရန်အပြင် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုပြီး‌မြောက်မှသာ ‌ဒေသခံ များ၏ လိုအပ်ချက်နှင့် ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ရရှိ‌ရေးအတွက် မူဝါဒ‌ကောင်းများ ချမှတ်‌ပေးရန် လိုလား‌နေကြသည်။

ထို့အပြင် ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်နယ်‌မြေနှင့် ဆက်စပ်နယ်‌မြေများ၌ အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်‌နေသည့် သတ္တုတူး‌ဖော်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုး‌ရေးစီမံကိန်းများ‌ကြောင့် ‌ဒေသခံများ၏ ‌မြေယာများအပြင် အသက်‌မွေးဝမ်း‌ကျောင်းဆိုင် ရာ ဆုံးရှူံးနစ်နာမှု၊ မြစ်‌ချောင်းများ ပျက်စီးမှုများအ‌ပေါ် အစိုးရနှင့် ‌ကေအဲန်ယူတို့က ထိ‌ရောက်စွာ ‌ဖြေရှင်း‌ပေးနိုင်ခြင်း မရှိ‌သေး ‌ကြောင်းလည်း ‌ဒေသခံ လူမှုအဖွဲ့အစည်းများက ‌ထောက်ပြ‌ပြောဆို‌နေကြသည်။

‌ကေအဲန်ယူ၏ ဗဟိုသစ်‌တောဋ္ဌာနကလည်း အစိုးရသစ်နှင့် ခိုင်မာသည့် မူဝါဒများ ‌ဆွေး‌နွေးနိုင်‌ရေးအတွက် ၎င်းတို့ချမှတ်‌ရေးဆွဲ ထားသည့် သစ်‌တောမူဝါဒဆိုင်ရာများကို လာမည့် ၁၆ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်အမှီ အပြီးသတ်‌ရေးဆွဲ အတည်ပြုနိုင် ရန် လုပ်‌ဆောင်လျှက်ရှိ‌ကြောင်း သိရသည်။