(လကင်္ာဒီပ)
အရေးမကြီးဘူးလို့ ထင်ခဲ့အရာ
အသာလေး လျစ်လျူ ရှုနေခဲ့မိကြရင်
မထင်မှတ်တဲ့ ပြဿ နာလေးကအစ
သံသရာလည်လို့မှ မဆုံးနိုင်
မပြုံးနိုင်သူ သိမ်ငယ်သူတွေ
ကျန်နေ တည်ရှိနေကြသေးသရွေ့
တွေ့ကြုံလာတဲ့ ကဏ္ဍတခု
သုခမဟုတ် အခွင့်အရေးမဟုတ်မှန်း သိလာကြရမယ်။
ကျောက်ခေတ်ကအစ
ပဒေသရာဇ် သက်ဦးဆံပိုင်စနစ်
ညစ်ညမ်းပက်စက် ဖက်ဆစ်စနစ်
ဒီစနစ်ဆိုးတွေ ကြားမှာ
ထွန်းကားလာတဲ့ ဝါဒဟာ
မဟာလူမျိုးကြီး ဝါဒမှာ အမှန်
အခြေခံ ဖြစ်တည်ခဲ့လေရော့သလား။
အမည်တခု နိုင်ငံတနိုင်ငံ
မြန်မာ (သို့) ဗမာဖြစ်စေ
အထွေအထူးပြုထားတဲ့ပြည်ထောင်စု
တခုသော လူမျိုးကို ရှေ့တန်းတင်ရင်ဖြင့်
နောင် သင့်မြတ်မှုပြုကြရာတွင်
ထင်မြင်များ လွဲမှားစေရေး
တွန်းအားပေး ယန္တရားတခုလို ဖြစ်လာနိုင်တယ်။
ကမ္ဘာမကြေ ဗမာပြေ(ပြည်)တဲ့လား
တိုင်းရင်းသား အားလုံးက
လက္ခံအတည်ပြုလို့
ဗမာလို့ ပြည်ပြုခဲ့တာလား
အငြင်းပွားစရာ လူတမျိုးအမည်နဲ့
ဘယ်ကဲ့သို့သော လူတစုက
အတည်ပြု မှည့်ထွင်ခဲ့ကြတာတုန်း။
“ဒါတို့ပြေ ဒါတို့မြေ တို့ပိုင်တဲ့မြေ”လို့ တွင်တွင်အော်
နိုင်ငံတော်သီချင်းမှာကိုက
မဟာလူမျိုးကြီး ဝါဒစွမ်းအား
ပေါင်းစပ်ထားပြီးသကာလ
ဒုက္ခက ပျားရည်လို ချိုတယ်ဆိုတဲ့
တို့ရဲ့ ကြံ့ကြံ့ခံ ညီအစ်ကိုတို့ရေ
ဖနောင့်တွေ ဆူးစူးဝင်နေရင်
အမြန်ပင် နှုတ်ပစ်မှသာ
သာသာယာယာ လျောက်လှမ်းနိုင်လိမ့်
ကြိတ်မှိတ် မြိုသိပ်မခံပဲ
ရဲရဲပြောကြရမှာ တို့တာဝန်ပါ။
အရေးမကြီးဘူးလို့ ထင်ခဲ့အရာ
လျစ်လျူသာရှုခဲ့ကြရင်
မဖြူစင် မပွင့်မလင်းနဲ့
နောင်ပြင်ရန်ခက်မဲ့ အရေးမို့
ကျုပ်…တွေးလို့ သက်ပြင်းတွေ ချနေမိတယ်။
၂၄ ဧပြီ၊ ၂၀၁၆