Home သတင်း ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်အချို့ လစာမရ၊ မတ်လကုန်မှ ပြန်ထုတ်‌ပေးမည်

ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်အချို့ လစာမရ၊ မတ်လကုန်မှ ပြန်ထုတ်‌ပေးမည်

1497

မတ် ၁ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်အချို့ ‌ဖေ‌ဖော်ဝါရီလအတွက် လစာမရရှိခြင်းများ ကြုံ‌တွေ့ခဲ့ရသည်ဟု ဖားအံမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် နန်းခင်‌ထွေးမြင့်က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

လက်ရှိ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်‌တော်ကို ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီ ၈ ရက်‌နေ့တွင် စတင်ကျင်းပခဲ့ပြီး အရပ်သား လွှတ်‌တော်ကိုယ်စားလှ ၁၇ ဦးရှိကာ ယင်းတို့ထဲတွင် ပြည်နယ်လွှတ်‌တော်ဥက္ကဌ၊ ဒုဥက္ကဌနှင့် ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ၃ ဦးစုစု‌ပေါင်း ၅ ဦးသာ ‌ဖေ‌ဖော်ဝါရီလ အတွက် လစာရရှိထား‌ကြောင်း ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်လွှတ်ရုံးတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် နန်းခင်‌ထွေးမြင့်က “အန်တီတို့ ပြည်နယ် လွှတ်‌တော်မှာကိုယ်စားလှယ် ၁၇ ‌ယောက်ရှိတယ်။ အရင်ကလည်း ၁၇ ‌ယောက်ဆို‌တော့ တိုးသွားတာ မဟုတ်ဘူး။ အခု‌နောက်လကုန်မှ ‌ပေါင်းယူပါလို့ ‌ပြောတယ်။ တခြားပြည်နယ်‌တွေကို လိုက်‌မေးကြည့်‌တော့ သူတို့ အကုန်ရကြတယ်ကွယ်။ ကျမတို့ ကရင်ပြည်နယ်မှာ ၁၇ ‌ယောက်မှာ ၅ ‌ယောက် ရတယ်၊ ကျန်တဲ့သူ‌တွေ မရဘူး။ ဒီလစာကို လိုချင်‌နေလို့ ‌ပြောတာ‌တော့ မဟုတ်ဘူး။ ဘယ်လိုဖြစ်လဲ‌တော့ မသိဘူး။ သိပ်သဘာဝမကျဘူးလို့ မြင်တယ်”ဟု ‌ပြောသည်။

ထိုသို့ ဖြစ်ရခြင်းမှာ နှစ်စဉ်နှစ်တိုင်း ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ၅ ဦးကိုသာ ပြည်နယ်လွှတ်‌တော်ရုံးက လစာထုတ်‌ပေးရပြီး ကျန်ကိုယ်စားလှယ်များမှာ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများဖြစ်သည့်အတွက် ပြည်နယ် အစိုးရအဖွဲ့ကသာ လစာ‌ပေး‌နေခြင်း‌ကြောင့် ပြည်နယ်လွှတ်‌တော်ရုံး၏ ယခုနှစ် ဘာဂျက်တွင် ၅ ဦးစာသာ ထည့်သွင်းထားမိသည့်အတွက် ဖြစ်သည်ဟု လွှတ်‌တော်ရုံး၊ ညွှန်ကြား‌ရေးမှူး ဦး‌နေလင်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“နှစ်စဉ်နှစ်တိုင်းမှာ အဲ့ငါး‌ယောက်စာပဲ ကျ‌နော်တို့ဘက်က ထုတ်‌ပေးခဲ့တာပါခင်ဗျား။ ကျန်တဲ့ လွှတ်‌တော် ကိုယ်စားလှယ်‌တွေက အစိုးရအဖွဲ့ဝန်ကြီး‌တွေ ဖြစ်တဲ့အတွက် အစိုးရရုံးဘက်က ထုတ်‌ပေးတာဖြစ်ပါတယ်။ အစိုးရအဖွဲ့တာဝန်က မပြီးဆုံး‌သေး‌တော့ လွှတ်‌တော်မှာ ကိုယ်စားလှယ်များသွားတာ‌ပေါ့‌နော်။ အဲ့နှစ်လစာကို ကျ‌နော်တို့ တင်‌တောင်းဖို ့ကျန်‌နေခဲ့တယ်။ ကျန်‌နေခဲ့တာကို အစိုးရအဖွဲ့ကို တင်ပြပြီး‌တော့ မတ်လကုန် ပို‌နေတဲ့ ဘာဂျက် ပြန်အပ်တဲ့အခါ ထုတ်‌ပေးဖို့ အစိုးရအဖွဲ့ အစည်းအ‌ဝေးခွင့်ပြုချက်ရရှိထားပြီးဖြစ်ပါတယ်”ဟု ဦး‌နေလင်းက ဆက်‌ပြောသည်။

လက်ရှိပြည်နယ်လွှတ်ကိုယ်စားလှယ် တဦးလျှင် တလကျပ် ၅ သိန်းလစာရရှိမည်ဖြစ်ပြီး ဒုတိယအကြိမ် ပြည်နယ်လွှတ်‌တော်ကို ‌ဖေ‌ဖော်ဝါရီ ၈ ရက်‌နေ့တွင် စတင်သည့်အတွက် လွှတ်‌တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကြိမ်ဆိုသည့် ‌နေ့မှစတင်ကာ ခံစားခွင့်ရှိ‌ကြောင်း သိရသည်။

ထို့အတွက်‌ကြောင့် ‌ဖေ‌ဖော်ဝါရီလအတွက် ဒုတိယအကြိမ် ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်များအ‌နေဖြင့် ‌ဖေ‌ဖော်ဝါရီ ၈ ရက်မှစတင်ကာ လစာရရှိမည်ဖြစ်သည့်အတွက် ‌ဖေ‌ဖော်ဝါရီလအတွက် တဦးလျှင် ကျပ်သုံးသိန်း‌ကျော်သာ ရရှိမည်ဖြစ်ကာ မတ်လမှစတင်ပြီး လစာ ကျပ် ၅ သိန်းကို အပြည့်အဝ ရရှိမည်ဟု ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်ရုံးမှ သိရသည်။