Home တွေ့ဆုံမေးမြန်းခန်း တသီးပုဂ္ဂလ အမျိုးသမီးကိုယ်စားလှယ်‌လောင်း နန်းမြ‌အေး

တသီးပုဂ္ဂလ အမျိုးသမီးကိုယ်စားလှယ်‌လောင်း နန်းမြ‌အေး

1699

“အမျိုးသမီး‌တွေဟာ က‌လေးကိုချီပြီး စစ်‌ပြေးကြရတဲ့ဘဝမျိုး ‌နောက်ထပ်မဖြစ်ရ‌လေ‌အောင် စစ်ကို အ‌နောတို့ တားဆီးရမယ်။”

‌မေး – ယခုလို ကရင်ပြည်နယ်တစ်လုံးမှာ လာမယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မယ့် အမျိုးသမီးကိုယ်စားလှယ် ‌လောင်းဦး‌ရေ ၃၃ဦးပဲရှိပြီး အလွန်နည်း‌နေတာ‌တွေ့ရတယ်။ အဲဒီအ‌ပေါ်မှာ အ‌နောအ‌နေနဲ့ ဘာ‌တွေ‌ပြောချင်သလဲ။
အ‌နောအမြင်က အမျိုးသမီး‌တွေဟာ လွှတ်‌တော်မှာ အမျိုးသမီးများ ပါဝင်ခြင်းဖြင့် အမျိုးသမီးများရဲ့ဘဝ‌တွေကို ‌ပြောင်း လဲ‌ပေးနိုင်တယ် ဆိုတဲ့အသိ‌တွေ မသိကြဘူး။ ‌နောက်တစ်ချက်က အ‌နောတို့ရဲ့‌ရှေ့ထုံးတမ်းအရ အမျိုးသမီးများကို ‌ရှေ့တန်း ‌ရောက်ဖို့ သိပ်ပြီး‌တော့ အ‌လေးအနက်မထားကြဘူး။ အမျိုးသမီးများကို ထမင်းစား ‌ရေ‌သောက်လိုပဲ သ‌ဘောထားကြပါတယ်။ အမျိုးသမီး‌တွေကို “မိန်းမ‌တွေပဲ အ‌နောက်မီးဖို‌ချောင်မှာပဲ ‌နေပါ‌စေ။ ‌ရှေ့‌ရောက်ရင်လည်း မထူးခြားပါဘူး”ဆိုပြီး‌တော့ ဓ‌လေ့ထုံးစံ က အ‌နောတို့အမျိုးသမီးများကို ဒီလိုပဲ ထားချင်တဲ့သ‌ဘောရှိပါတယ်။

‌မေး – နိုင်ငံ‌ရေးမှာ အမျိုးသမီး‌တွေရဲ့အခန်းကဏ္ဍက ဘယ်‌လောက်အ‌ရေးကြီးလဲဆိုတာ အ‌နော‌ပြောပြ‌ပေးနိုင်မလား။
အ‌ရေးပါတယ်၊ အ‌နောတို့အမျိုးသမီး‌တွေ ဘာလို့လဲဆိုတာ အခုလူဦး‌ရေတစ်ဝက်‌ကျော်ဟာ အ‌နောတို့ အမျိုးသမီး‌တွေ ပဲ။ လူဦး‌ရေတစ်ဝက်‌ကျော်ရဲ့ လူ့စွမ်းအားအရင်းအမြစ်‌တွေကို သုံးနိုင်ရင် ဒီမိုက‌ရေစီ ပြုပြင်‌ပြောင်းလဲ‌ရေးမှာ အများကြီး အ‌ထောက်အပံ့ ဖြစ်‌စေမယ်လို့‌တော့ မြင်ပါတယ်။

‌မေး – အ‌နောက အမျိုးသမီးတစ်ဦးအ‌နေနဲ့ အခုလို လွှတ်‌တော်မှာ ဘာ‌ကြောင့် ဝင်အ‌ရွေးခံရပါသလဲ။ ယှဉ်ပြိုင်ပြီးနိုင်ခဲ့ရင် အမျိုး သမီး‌တွေအတွက် ဘာ‌တွေလုပ်‌ဆောင်‌ပေးမလဲ။
အရင်တုန်းက နိုင်ငံ‌ရေးဆိုတာ အ‌နော မသိခဲ့ဘူး။ အမျိုးသမီးသင်တန်း‌တွေ၊ နိုင်ငံ‌ရေးသင်တန်း‌တွေ လိုက်တက်ခဲ့ပြီး ‌နောက်မှာ အ‌နောရဲ့ အသိအမြင်‌တွေ ‌ပြောင်းလဲလာပြီး‌တော့ အ‌နောကိုယ်တိုင် ခံစားရတာက ကရင်ပြည်နယ်မှာ အမျိုးသမီးထု ‌တွေကို ဦး‌ဆောင်မှု‌ပေးနိုင်ခဲ့မယ်ဆိုရင် သူတို့‌တွေ တဖြည်းဖြည်း နိုင်ငံ‌ရေးမှာ ပါဝင်လာနိုင်လိမ့်မယ်လို့‌တော့ ‌မျှော်လင့်ပါတယ်။ အ‌နောတို့ အမျိုးသမီး‌တွေဟာ ပြည်တွင်းစစ်‌ကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ‌နေကြရတယ်။ သူများနိုင်ငံနဲ့နှိုင်းရင် ‌ခေါင်းမ‌ဖော်ရဲ တဲ့အဆင့်ပဲ ရှိတယ်။ အဲဒီ‌တော့ အမျိုးသမီး‌တွေရဲ့ အသိအမြင်‌တွေ၊ ဘဝမြင့်မားမှု‌တွေ လုပ်‌ဆောင်‌ပေးမယ်။ စစ်ဖြစ်ကြတဲ့အခါ မှာ အ‌နောတို့ အမျိုးသမီး‌တွေဟာ က‌လေးကိုချီပြီး စစ်‌ပြေးကြရတဲ့ဘဝမျိုး ‌နောက်ထပ်မဖြစ်ရ‌လေ‌အောင် စစ်ကို အ‌နောတို့ တား ဆီးရမယ်။ ငြိမ်းချမ်း‌ရေး လုပ်‌ဆောင်တဲ့အခါမှာလည်း အ‌နောတို့အမျိုးသမီးများရဲ့ အသံလည်း ပါဝင်နိုင်‌အောင် လုပ်‌ဆောင်ရ မယ်။ အ‌နောတို့ အသံပါဝင်ဖို့က လွှတ်‌တော်မှာ‌ရောက်မှ ဖြစ်မယ်။ အဲဒါ‌ကြောင့် လက်ကမ်းစာ‌စောင်မှာ ငြိမ်းချမ်း‌ရေးကို ယှဉ်တွဲ ဖို့ နန်းမြ‌အေးကို မဲ‌ပေးစို့ဆိုတဲ့စာသားနဲု့ အ‌နော မဲဆွယ်စည်းရုံးရခြင်းဖြစ်တယ်။ အမျိုးသမီးထုကိုဦး‌ဆောင်ပြီး ငြိမ်းချမ်း‌ရေးကို ရယူချင်ပါတယ်။

‌မေး – အခုလို အမျိုးသမီးကိုယ်စားလှယ်‌လောင်းတစ်ဦးအ‌နေနဲ့ လွှတ်‌တော်မှာ ဝင်‌ရောက်ယှဉ်ပြိုင်ရာမှာ စိန်‌ခေါ်မှု‌တွေ အခက်အ ခဲ‌တွေ ဘာ‌တွေ ကြုံ‌တွေ့ရသလဲ။
စိန်‌ခေါ်မှု‌တွေ အခက်အခဲ‌တွေ ‌တွေ့ရပါတယ်။ ပါတီဝင်ဦး‌ရေ ၂ဝရှိရင် အမျိုးသမီးများက ၃ဦး‌လောက်ပဲ ‌တွေ့ရတယ်။ အဲဒီ ၃‌ယောက်က ဘာ‌တွေလုပ်ရသလဲဆိုရင် ဧည့်ခံ‌ကျွေး‌မွေးတဲ့‌နေရာ‌လောက်ပဲ ထားကြတယ်။ ဆုံးဖြတ်ချက်တဲ့အခါမှာ အ‌နောတို့ အမျိုးသမီး ၃ဦးရဲ့အသံက အခြားအမျိုးသားများအသံကို မလွှမ်းနိုင်ဘူး။ အမျိုးသမီး‌တွေရဲ့ဆန္ဒက အမျိုးသား‌တွေကို မ‌ကျော်လွှားနိုင်ဘူး။ ‌နောက် အမျိုးသမီး‌တွေကို လက်တွဲ‌ခေါ်ဖို့ သူတို့‌ခေါင်းထဲမှာ မရှိကြဘူး။ သူတို့က ‌နေရာယူဖို့ပဲ လုပ်‌ဆောင် ကြတယ်။ အမျိုးသားများက အမျိုးသမီးများကို လက်တွဲ‌ခေါ်ကြမယ်ဆိုရင် နိုင်ငံ‌ရေးမှာ အမျိုးသမီးများ ဒီထက်ပါဝင်လာနိုင်မယ် လို့ ထင်တယ်။ အမျိုးသမီးများလည်း စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ‌တွေလည်း အား‌ပေးကူညီဖို့လိုပါတယ်။

‌မေး – ဒီအ‌ပေါ်မှာ အခြားအမျိုးသမီး‌တွေကို ဘာ‌တွေ‌ပြောကြားချင်ပါသလဲ။
အမျိုးသမီးအားလုံး ‌ပြောကြားချင်တာက‌တော့ ဒီမိုက‌ရေစီ‌ဖော်‌ဆောင်တဲ့အခါမှာ အမျိုးသမီးထု‌တွေရဲ့ အားလည်း အများကြီး လိုအပ်‌နေပါတယ်။ အမျိုးသမီး‌တွေဟာ ‌နေရာယူတတ်ဖို့လိုတယ်။ ‌နောက်ဆုံး ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးအဆင့်ထိ အမျိုးသမီးများ ပါဝင်လာဖို့လိုပါတယ်။ ‌နောက်ပြီး အမျိုးသမီး‌တွေကို နိုင်ငံ‌ရေးအသိပညာ‌ပေးမှု‌တွေလည်း လုပ်‌ဆောင်ဖို့ လိုအပ် ‌နေပါတယ်။
လွှတ်‌တော်မှာ အမျိုးသမီးများကိုယ်စား ပါဝင်နိုင်ဖို့ ကြိုးစား‌နေပါတယ်။ ဒါ‌ပေမယ့် ကိုယ့်ကိုယ်ကို အားမရ‌သေးတာ‌တွေ လည်း ရှိပါတယ်။ အကယ်၍များ အ‌နောက လွှတ်‌တော်ကိုယ်စားလှယ်တစ်ဦး မဖြစ်ရရင် အ‌နောရဲ့ စွမ်းရည် မပြည့်‌သေးလို့ပဲ ယူဆရမှာ‌ပေါ့‌နော်။ ဒါ‌ပေမယ့် အမျိုးသမီးများရဲ့ စွမ်းရည်မြှင့်တင်‌ရေး၊ နိုင်ငံ‌ရေးအသိပညာ‌ရေး‌တွေကို‌တော့ ဆက်လက်လုပ် ‌ဆောင်သွားမယ်။

ကိုယ်‌ရေးအကျဉ်း
အထက်တန်း‌ကျောင်းကို ကရင်ပြည်နယ်၊ ဖားအံမြို့ အ.ထ.က(၁)မှာ ၁၉၇၈ခုနှစ်က ‌အောင်မြင်တယ်။ ၁၉၈၄ခုနှစ်မှာ အင်းစိန် စက်မှုသိပ္ပံ‌ကျောင်းပြီးပါတယ်။ ဖားအံ၊ ‌ဆောက်လုပ်‌ရေးရုံးမှာ အကူအင်ဂျင်နီယာအဖြစ် တာဝန်ထမ်း‌ဆောင်ပါတယ်။ ၂၀၁၂ခုနှစ် မှာ ဖားအံမြို့၊ ကြား‌တောရ‌ကျောင်းမှာ စာ‌ရေးနည်းသင်တန်း စတက်ပြီးမှ အမျိုးသမီးစွမ်းရည်မြှင့်တင်‌ရေး၊ အမျိုးသမီးနဲ့ နိုင်ငံ‌ရေး သင်တန်းတို့ တက်‌ရောက်ပြီး နိုင်ငံ‌ရေးမှာ စိတ်ပါဝင်စားလာခဲ့သည်။