Home တွေ့ဆုံမေးမြန်းခန်း အင်တာဗျူးကဏ္ဍ

အင်တာဗျူးကဏ္ဍ

2866

“တိုင်းရင်းသားတစ်‌ယောက်ဖြစ်တဲ့အတွက် တိုင်းရင်းသားအားလုံးကို ချစ်ပါတယ်” ဆိုတဲ့
ကရင်အဆို်‌တော် ရိန်မိုးရဲ့ ခံစားချက်အသံ

‌မေး။ ။ ပထမဆုံးအ‌နေနဲ့ အစ်ကိုရဲ့ နာမည်‌လေး အရင် မိတ်ဆက်‌ပေးပါခင်ဗျား။
‌ဖြေ။ ။ ကျ‌နော့်ငယ်နာမည်အရင်းက အ‌ဖေအ‌မေ‌ပေးထားတဲ့ ကရင်နာမည်က ‌စောအယ့်တာလိုး ဖြစ်ပါတယ်။ ‌ကျောင်းနာ မည်က ‌စောမိုး‌ကျော်သူ၊ အနုပညာနာမည်က‌တော့ ရိန်မိုးဖြစ်ပါတယ်။ ကျ‌နော့် ‌မွေးရပ်ဇာတိက‌တော့ တနသင်္ာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ် ‌ရေတွင်း‌ချောင်း‌ကျေးရွာက‌ပေါ့။ လွယ်လွယ်‌ပြောရရင်‌တော့ ဘိတ်သား‌ပေါ့။ ‌မွေးချင်း‌မောင်နှမသုံး‌ယောက်ထဲမှာ ကျ‌နော်က အကြီးဆုံးပါ။ ကျ‌နော်အ‌ဖေက‌တော့ သင်းအုပ်ဆရာကြီး ‌စောလူးစိန်ဖြစ်ပြီး အ‌မေက‌တော့ ‌နော်ဆွီ‌ဒေးဖြစ်ပါတယ်။ တနသင်္ာရီတိုင်းထဲက ကရင်လူမျိုး‌တွေဖြစ်ပါတယ်။ ရွာမှာက‌တော့ ကျ‌နော် သုံးတန်းအထိ ‌နေခဲ့တယ်။ ‌လေးတန်းက‌နေ ရှစ်တန်း အထိ ပဲခူးတိုင်း‌ဒေသကြီး၊ ကဝမြို့နယ် ‌နောင်ဘိုဆိုတဲ့‌ကျေးရွာမှာ ဦး‌လေး‌တွေနဲ့ ‌နေခဲ့ဖူးတယ်။ ‌နောက်‌တော့ ရန်ကုန်၊ ခဝဲခြံမှာ လည်း ‌နေခဲ့တယ်။ အဲဒီက‌နေ စကင်္ာပူက သ‌ဘေင်္ာကျင်းတစ်ခုမှာ အလုပ်သမားတစ်‌ယောက်အ‌နေနဲ့ သွား‌ရောက် အလုပ်လုပ် ခဲ့ဖူးပါတယ်။ ကျ‌နော့်အသက်က‌တော့ ၃၆နှစ်၊ အိမ်‌ထောင်မရှိ‌သေးပါဘူး။

‌မေး။ ။ အစ်ကို့အ‌နေနဲ့ အနုပညာ‌လောကထဲ စတင် ဝင်‌ရောက်ဖြစ်ပုံ‌လေးနဲ့ မဝင်မှီ ဖြတ်သန်းခဲ့ရမှု‌လေးကိုလည်း ‌ပြောပြပါ အုံးခင်ဗျာ။
‌ဖြေ။ ။ ၂၀၀၁ ခုနှစ်မှာ “အတ္တများရဲ့ခရီး”ဆိုတဲ့ စီးရီးနဲ့ အနုပညာ‌လောကထဲကို ပထမဆုံး စတင် ဝင်‌ရောက်ခဲ့ပါတယ်။ အနု ပညာက‌တော့ ငယ်ငယ်‌လေးကတည်းက ကျ‌နော်တို့အ‌ဖေက သင်းအုပ်ဆရာတစ်ဦးဖြစ်တဲ့အတွက် ဒီသီချင်းပိုင်းဆိုင်ရာနဲ့ ပတ် သက်ပြီး ငယ်ငယ်‌လေးကတည်းက အများကြီး သင်ကြား‌ပေးခဲ့တာရှိပါတယ်။ ခရစ်ယာန်မိသားစု‌တွေဆို‌တော့ အိပ်ယာဝင်ခါနီး ‌တွေမှာ ဘုရားသီချင်းသီဆိုတာ ဆု‌တောင်းတာတို့ လုပ်ပြီးမှ အိပ်ယာဝင်တာတို့ မနက်ကျ‌တော့လည်း အဲဒီလိုပဲ။ ခရစ်စမတ်တို့၊ နှစ်သစ်ကူးတို့မှာလည်း သီချင်းဆိုတာမျိုး‌တွေရှိ‌တော့ က‌လေးဘဝကတည်းက သီချင်းဆိုတာကို ဝါသနာပါလာခဲ့တာ။ အရွယ်ရ လာ‌တော့ ဒီအနုပညာအလုပ်ကို Professional တစ်‌ယောက်အ‌နေနဲ့လုပ်ဖြစ်ဖို့ မထင်မှတ်ထားခဲ့‌ပေမယ့် မ‌မျှော်လင့်ဘဲ ကျ‌နော် စကင်္ာပူကို‌ရောက်ခဲ့တယ်။ အဲဒီကို‌ရောက်ခဲ့ပြီး ဂီတကိုအရမ်းမြတ်နိုးတဲ့ ကျ‌နော့်ရဲ့ ‌မွေးစားအ‌ဖေ၊ အ‌မေ‌တွေနဲ့ ‌တွေ့တဲ့အခါမှာ ကျ‌နော် ဒီအနုပညာ‌လောကထဲကို ‌ရောက်လာခဲ့တာပါ။
အဲဒီ ‘အတ္တများရဲ့ခရီး’ဆိုတဲ့ တစ်ကိုယ်‌တော်စီးရီးနဲ့ပဲ ကျ‌နော်အနုပညာ‌လောကထဲကို ‌ခြေစုန်ပစ်ဝင်ခဲ့တာ‌ပေါ့။ လက်ရှိအချိန်အထိ မြန်မာအတွဲ‌ခွေဆိုရင် အများကြီး‌တော့ ရှိပါတယ်။ သိပ်မမှတ်မိ‌တော့ဘူး။ ‌ကောင်းကင်ကအချစ်ငှက်ရယ်၊ ကို‌နေတိုး(ရုပ်ရှင်သရုပ် ‌ဆောင်)နဲ့ ထွက်ထားတဲ့အ‌ခွေရယ်၊ အခု ‌နောက်ဆုံးလုပ်ထားတဲ့အ‌ခွေနဲ့ဆိုရင် ကျ‌နော်သီးသန့် ၅‌ခွေ‌လောက်ရှိပါတယ်။ ပြီး‌တော့ ဗီဒီယိုဇာတ်ဝင်‌တေးအ‌နေနဲ့ ကို‌နေတိုးရဲ့ဇာတ်ကား‌တွေမှာလည်း ပါဝင်သီဆို‌ပေးခဲ့တာရှိပါတယ်။ ကျန်တဲ့မင်းသား‌တွေ ဇာတ် ကား‌တွေမှာလည်း အများအားဖြင့် သီဆို‌ပေးခဲ့တာရှိပါတယ်။

‌မေး။ ။ အစ်ကို့အ‌နေနဲ့ အနုပညာ‌လောကထဲကို စဝင်ချင်းမှာ အဆိုပိုင်း‌ရော အစစရာရာ‌ပေါ့၊ လမ်းပြကူညီ‌ပေးခဲ့တဲ့ လက်ဦး ဆရာက‌ရော ဘယ်သူ‌တွေပါလဲ။
‌ဖြေ။ ။ ကျ‌နော့်ရဲ့လက်ဦးဆရာက ‌ပြောရမယ်ဆိုရင် ကျ‌နော့်အ‌ဖေ‌ပေါ့။ ငယ်ငယ်‌လေးကတည်းက အစစအရာရာ ကျ‌နော့်ကို အ‌ဖေက Guide လုပ်‌ပေးခဲ့တယ်။ ကျန်တဲ့သင်ဆရာအ‌နေနဲ့က‌တော့ မရှိပါဘူး။ ကြားဆရာ၊ မြင်ဆရာ‌တွေက‌တော့ မြန်မာနိုင်ငံ မှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် ကမ္ဘာ‌ကျော်အနုပညာရှင်‌တွေက‌တော့ ကျ‌နော့် အကြားဆရာ၊ အမြင်ဆရာ‌တွေချည်းပါပဲ။ သင်ဆရာက‌တော့ ကျ‌နော့်အ‌ဖေတစ်‌ယောက်တည်းသာ ဖြစ်ပါတယ်။

‌မေး။ ။ အစ်ကို့အ‌နေနဲ့ သီချင်းဆိုတာနဲ့ သီချင်း‌ရေးတာကို ဘယ်ဟာကို ပိုပြီးနှစ်သက်ပါသလဲ။
‌ဖြေ။ ။ ကျ‌နော့်အ‌နေနဲ့ အခုအချိန်ထိ သီချင်းတစ်ပုဒ်မှ မ‌ရေးနိုင်‌သေးပါဘူး။ အဆိုဘက်ကို ကျ‌နော်ဦးစား‌ပေးထားတာ‌ပေါ့။ သီချင်း‌ရေးတဲ့‌နေရာမှာ‌တော့ အခုအချိန်အထိကို ကျ‌နော်နဲ့ ‌တော်‌တော်အဆင်မ‌ပြေ‌သေးဘူး။ တကယ်‌ကောင်းတဲ့ သီချင်း‌ရေး ဆရာ‌တွေဆီမှာ သီချင်း‌ရွေးချယ်ပြီး‌တော့မှ ကျ‌နော်အသံနဲ့လည်းလိုက်တယ်။ ကြိုက်တယ်၊ ခံစားချက်နဲ့လည်းအဆင်‌ပြေတယ်။ သံစဉ်အ‌နေအထားအရ ကျ‌နော်နဲ့လိုက်ဖက်ဆိုရင်‌တော့ ‌ရွေးချယ်သီဆိုပါတယ်။

‌မေး။ ။ မြန်မာအ‌ခွေ‌တွေအပြင်ကို ကရင်သီချင်း‌တွေကို‌ရော စီးရီးအ‌ခွေအ‌နေနဲ့ သီဆိုခဲ့ဖူးတာရှိလား။
‌ဖြေ။ ။ ကရင်သီချင်း‌ခွေက တချို့ Group အ‌ခွေ‌တွေမှာ သီဆိုခဲ့ဖူးတာရှိပါတယ်။ ‌နောက်ပြီး ကျ‌နော်ရဲ့ ပထမဆုံး‌သော တစ်ကိုယ်‌တော် ကရင်သီချင်း‌ခွေဖြစ်တဲ့ “တာ့တဖာယီး‌မေ‌သေညား” ဆိုတဲ့အ‌ခွေကို ကျ‌နော့်ညီဖြစ်တဲ့ ‌စောအယ်ခူ့တို့ Growth Music Band နဲ့ ဆိုထားပါတယ်။ အခု ကျ‌နော့်ရဲ့ ပထမဆုံး တစ်ကိုယ်‌တော်ကရင်အ‌ခွေကို MTV အ‌နေနဲ့ လုပ်ဖို့စဉ်းစားထား တယ်။ မြန်မာသီချင်း‌ခွေအ‌နေနဲ့ “စီရင်ချက်”လို့ အမည်‌ပေးထားတဲ့ အ‌ခွေအတွက်လည်း အသံသွင်းဖို့ရှိတယ်။ အမြန်ဆုံး ထွက် နိုင်‌အောင်လည်း ကြိုးစား‌နေပါတယ်။

‌မေး။ ။ သီချင်းအမျိုးအစားအရမှာ‌ရော အစ်ကို့အ‌နေနဲ့ ဘယ်လိုသီချင်းအမျိုးအစားကို သီဆိုရတာ နှစ်သက်ပါလဲ။
‌ဖြေ။ ။ ကျ‌နော်က‌တော့ slow အမျိုးအစား‌လေး‌တွေကို ကြိုက်တယ်။ Rock ဆိုရင်လည်း ‌တော်‌တော်ကို ဆူဆူညံညံနဲ့ ‌ပေါက်ကွဲသံစဉ်မျိုး‌တွေ‌ပေါ့။ slow ဆိုရင်လည်း လုံးဝကို ငြိမ့်ငြိမ့်‌ညောင်း‌ညောင်းပုံစံမျိုးကို ကြိုက်ပါတယ်။

‌မေး။ ။ အနုပညာ‌လောကထဲကို စတင်ဝင်‌ရောက်ခဲ့တဲ့‌နေရာမှာ ဘယ်လိုအခက်အခဲ‌တွေနဲ့ ‌တွေ့ကြုံဖြတ်သန်းခဲ့ရတာ‌တွေ ရှိပါ သလဲ။ ‌ဖျော်‌ဖြေ‌ရေးအ‌နေနဲ့က‌ရော ပြည်တွင်းပြည်ပ ဘယ်လို‌နေရာ ဘယ်နိုင်ငံ‌တွေမှာ သွား‌ရောက်သီဆိုခဲ့ဖူးတာရှိပါလား။
‌ဖြေ။ ။ ကျ‌နော်အနုပညာ‌လောကထဲကို စဝင်ကတည်းက အခက်အခဲ ကြီးကြီးမားမားမရှိခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်က အားလုံးနဲ့ အလိုက်သင့် ‌နေတတ်‌အောင် ကြိုးစား‌နေပါတယ်။ အဲဒီ‌တော့ အားလုံးနဲ့အဆင်‌ပြေတယ်။ အားလုံးက လည်း ကျ‌နော့်ကို ချစ်ခင်ကြပါတယ်။
ပြည်ပအ‌နေနဲ့ စကင်္ာပူနိုင်ငံတို့ပြီး‌တော့ ကျ‌နော့်ညီ အယ်ခူရဲ့ Growth Music Band နဲ့အတူ ဩစ‌တြေးလျားနိုင်ငံကို သွား‌ရောက်‌ဖျော်‌ဖြေခဲ့တာ‌တော့ရှိပါတယ်။ မြန်မာပြည်မှာက‌တော့ ‌နေရာ‌တော်‌တော်များများ သွား‌ရောက်‌ဖျော်‌ဖြေခဲ့တာ ရှိပါ တယ်။ နယ်စပ်ဆိုရင်‌တော့ မြဝတီတို့၊ မဲ‌ဆောက်တို့ဘက်မှာလည်း သီဆိုဖူးပါတယ်။

‌မေး။ ။ အစ်ကို့အ‌နေနဲ့ အနုပညာအပြင် တခြားဘယ်လိုကဏ္ဍ‌တွေမှာ ပါဝင်လုပ်‌ဆောင်ခဲ့ဖူးတာရှိပါလား။
‌ဖြေ။ ။ ကျ‌နော်အ‌နေနဲ့က‌တော့ သီချင်းဆိုတာအပြင် ကိုယ့်သီချင်း‌တွေမှာ သရုပ်‌ဆောင်အ‌နေနဲ့ ပါဝင်သရုပ်‌ဆောင်ခဲ့ဖူးတာ ‌တော့ ရှိပါတယ်။ တခြားပရဟိတလို လုပ်ငန်းမျိုး‌တွေမှာ‌တော့ သီချင်းသွား‌ရောက်‌ဖျော်‌ဖြေ‌ပေးတာ‌တွေ၊ အကူအညီလိုအပ်ရင် ကိုယ်တိုင်လည်း တတ်နိုင်သ‌လောက် ပါဝင်လုပ်‌ဆောင်‌ပေး‌နေတာ‌တွေ‌တော့ ရှိပါတယ်။

‌မေး။ ။ အစ်ကိုအ‌နေနဲ့ အနုပညာ‌လောကထဲစဝင်ကတည်းက‌နေ‌ပေါ့ ပရိဿတ်အား‌ပေးမှုနဲ့ ဒီအချိန်အထိ ကိုယ့်ရဲ့အနုပညာနဲ့ ပတ်သက်ပြီး‌တော့‌ရော အားရ‌ကျေနပ်မှု ရှိပါလား။
‌ဖြေ။ ။ ပရိဿတ်က သူ့အတိုင်းအတာနဲ့သူ‌တော့ အား‌ပေးမှု‌တော့ ရှိပါတယ်။ ဒါ‌ပေမယ့်လို့ ‌မျှော်လင့်ထားတာထက်ကို ပိုပြီး ‌တော့ အား‌ပေး‌စေချင်တာ‌ပေါ့‌နော်။ ပရိဿတ်‌တွေအ‌နေနဲ့ကလည်း ကျ‌နော့်ဆီက ဘယ်လို Music ‌ပြောင်းလဲမှုမျိုး‌တွေ ရှိမလဲဆို တာ စိတ်ဝင်စားကြတယ်‌လေ။ သူတို့အတွက်လည်း အ‌ပြောင်းအလဲ‌လေးဖြစ်ဖို့ ကျ‌နော်အမြဲတမ်း စဉ်းစားထားပါတယ်။

‌မေး။ ။ အနုပညာခရီးနဲ့ ပတ်သက်ပြီး အစ်ကို့အ‌နေနဲ့ ‌ရှေ့ဆက်ဘယ်လိုအစီအစဉ်‌တွေရှိလဲ။ ဘယ်‌လောက်ထိ ရည်းမှန်းထား ပါလဲ။
‌ဖြေ။ ။ ရှင်းရှင်း‌ပြောရရင် ကျ‌နော့်အ‌နေနဲ့ အနုပညာကို ‌တော်‌တော်ကို ရူးသွပ်ခဲ့တာ‌လေ။ ဒါ‌ပေမယ့်လည်း ဘယ်‌လောက်ပဲ ဖြစ်‌နေပါ‌စေ၊ ကိုယ်လုပ်နိုင်တဲ့ အ‌နေအထားလုပ်နိုင်တဲ့ အင်အားရှိ‌နေခဲ့မယ်ဆိုရင် ဒီထက်မက ကျ‌နော် အများကြီး လုပ်ချင် တယ်။ ‌နောက်တစ်ခုက ရှင်းရှင်း‌ပြောရရင် ကျ‌နော်တို့နိုင်ငံမှာ အနုပညာနဲ့ပတ်သက်ပြီး သိပ်ပြီး‌တော့ အခွင့်အ‌ရေးနည်းခဲ့တယ် ‌ပေါ့။ ‌တော်ရုံတန်ရုံ ‌အောင်မြင်သင့်သ‌လောက် မ‌အောင်မြင်ခဲ့ဘူး။ ‌အောင်မြင်ခဲ့ရင်‌တောင်မှ အနုပညာနဲ့ပတ်သက်ပြီး ခံစားခွင့် က‌လေး‌တွေကို ခံစားရမယ့်အစား ဆုံးရှုံးမှု‌တွေ များ‌နေတဲ့အ‌နေအထား‌ပေါ်မှာ တခါတ‌လေကျရင် ကျ‌နော်လည်းနည်းနည်း‌တော့ စိတ်ဓာတ်ကျတယ်‌ပေါ့‌နော်။ ဒါ‌ပေမယ့်လည်း ပရိဿတ်အား‌ပေးမှုက ကျ‌နော်တို့အတွက် အားအင်ဖြစ်‌စေပါတယ်။

‌မေး။ ။ အစ်ကိုက ကရင်လူမျိုးတစ်‌ယောက်လည်းဖြစ်တယ်။ ပြီး‌တော့ ကိုယ့်ကရင်လူထု‌တွေအပြင် အနုပညာ‌လောကထဲမှာ ကရင်အနုပညာရှင်‌တွေလည်း ရှိတဲ့အခါကျ‌တော့ သူတို့‌တွေကို ဘယ်လိုမက်‌ဆေ့‌ပေးချင်လဲ။
‌ဖြေ။ ။ ကျ‌နော်က ကရင်တစ်‌ယောက်ဖြစ်တယ်။ ဒါ‌ပေမယ့် ‌တော်‌တော်များများက ကရင်လို့မသိကြဘူး။ ကျ‌နော်က ကရင်လူ မျိုးပါဆိုပြီးလည်း ခဏခဏ‌ပြောတယ်။ အချိန်တန်လာ‌တော့လည်း သိလာကြမှာ‌ပေါ့‌နော်။ ကိုယ့်လူမျိုးအတွက်လည်း ဘယ်လို ‌နေရာမျိုးမှာပဲဖြစ်ဖြစ် အကူအညီ‌တောင်းရင် ကျ‌နော် တတ်နိုင်သ‌လောက် အစွမ်းကုန်ကူညီ‌ပေးချင်ပါတယ်။ ဒါဟာ ကျ‌နော့်လူ မျိုးကို ကျ‌နော်ချစ်တဲ့စိတ်အတွက်‌ကြောင့် ဖြစ်ပါတယ်။

‌မေး။ ။ အစ်ကိုရဲ့ ဘဝလက်တွဲ‌ဖော်အ‌နေနဲ့ ဘယ်လို‌မျှော်မှန်းထားပါသလဲ။
‌ဖြေ။ ။ ဘဝလက်တွဲ‌ဖော်က‌တော့ လူတိုင်းလူတိုင်း အ‌ကောင်းဆုံးဖြစ်ဖို့ကို ‌မျှော်လင့်ထားကြတာချည်းပဲ‌လေ။ ကိုယ့်အတွက် ကို ‌ကောင်းသထက်‌ကောင်းတာမျိုးကိုပဲ လိုချင်ကြတယ်‌ပေါ့‌နော်။ တကယ်တမ်းကျ‌တော့ ဒါ‌တွေက လူတစ်‌ယောက်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်တဲ့အရာ‌တွေပဲ။ ဘာသာ‌ရေးအရ ‌ပြောမယ်ဆိုရင် ဘုရားသခင်က ဘယ်လိုပြင်ဆင်‌ပေးမလဲ‌ပေါ့။ ဒီကိစ္စဟာ ကျ‌နော်တို့ အ‌နေနဲ့ ဘာမှမလုပ်နိုင်ဘူး‌လေ‌နော်။ အရာရာအားလုံး အလို‌တော်‌ပေါ့။ ဗမာလို ‌ပြောရရင်‌တော့ ကံတရား‌ပေါ့‌နော်။ ကျ‌နော့်အ ‌နေနဲ့က‌တော့ ကိုယ့်ကို မြတ်မြတ်နိုးနိုးနဲ့ တကယ်ချစ်ပြီး‌တော့ တန်ဖိုးထားတဲ့ ချစ်စရာ‌ကောင်းတဲ့ မိန်းက‌လေးတစ်‌ယောက် လိုချင်တာ‌ပေါ့‌နော်။

‌မေး။ ။ ကရင်ပြည်သူ‌တွေကို‌ရော တစ်နိုင်ငံလုံးမှာရှိတဲ့ ကိုယ့်ကိုအား‌ပေးတဲ့ ပရိဿတ်ကို‌ရော ‌နောက်ဆုံး ဘာများ‌ပြောချင်ပါ သလဲ။
‌ဖြေ။ ။ ကျ‌နော့်အ‌နေနဲ့‌ပြောချင်တာက‌တော့ မြန်မာနိုင်ငံရှိ နိုင်ငံသူနိုင်ငံသားအားလုံး၊ တိုင်းရင်းသူတိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးနဲ့ရှိဖို့ အချိန်တန်ပါပြီ။ ကျ‌နော်တို့စည်းလုံးမှပဲ နိုင်ငံကြီးက တိုးတက်‌အောင်မြင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမယ်လို့ ယုံကြည်‌မျှော်လင့်ထားပါတယ်။ ကျ‌နော်ရဲ့လူမျိုး‌တွေအားလုံးလည်း ဒီအချိန်မှာ အရင်ကထက် ပိုပြီးအသိအမြင်‌လေး‌တွေ ကျယ် ပြန့်ပြီး‌တော့မှ ပိုကြိုးစား‌စေချင်တယ်‌ပေါ့‌နော်။ ကျ‌နော်လည်း တိုင်းရင်းသားတစ်‌ယောက်ဖြစ်တဲ့အတွက် တိုင်းရင်းသားအားလုံး ကို ချစ်ပါတယ်။ ကျ‌နော်တို့ စည်းစည်းလုံးလုံးနဲ့ အရာရာကို ‌ကျော်ဖြတ်ကြတာ‌ပေါ့‌လေ။